ကမ္ဘာ့နောက်ဆုံးပေါ် ကိုဗစ် ကာကွယ်ဆေး ဖော်ထုတ် ခဲ့တဲ့တူရကီ -ဂျာမနီ နွယ်ဖွား
Sharing is caring!
ဂျာမနီက Biontech က ကာကွယ်ဆေးကို နှစ်စတည်းက တွေ့ခဲ့တယ် ဆိုပါတယ်၊ လူတွေကို ထိုးနိုင်ဖို့ မတ်လ မှာ ထွက်မယ် လို့ ပြောခဲ့တာကနေ ခုတော့ စစ်ဆေး စမ်းသပ် နေတာ အတည်ပြုလိုက်ပြီ တရားဝင် ထုတ်ပြောလာပါတယ်။ ဒီဆေးကို US အခြေဆို က် Pfizer နဲ့ တွဲပြီး ထုတ်မှာ ဖြစ်ပြီး လူတွေကို ထိုးခွင့်ရဖို့ ထုတ်ခွင့်ရဖို့ FDA ကို တင်ထားတာပါတဲ့။ တချို့ တွေ ရေးနေကြသလို ဆေးကို Pfizer က တွေ့ရှိတာ မဟုတ်ပါဘူး။ ဂျာမန်ကုမဏီ ကပါ။တွေ့ခဲ့တဲ့ ဆရာဝန်ဟာ Dr. med. Uğur Şahin ငါးဆယ်
ကျော် အရွယ် ဖြစ်ပြီး သူလေးနစ်သား အရွယ်မှာ တူရကီကနေ အမေနဲ့ တူ ဂျာမနီကို ရောက်လာသူ ဖြစ်ပါတယ်။ ကလေးဘဝတည်းက ဆရာဝန် ဖြစ်ချင်ခဲ့ပြီး၊ သူ့ အဖေဟာလည်း ဆရာဝန် တယောက်ပါပဲတဲ့။ Dr. Sahin ဟာ ကုမဏီကို တည်ထောင်ခဲ့သူ တဉီးလည်း ဖြစ်ပြီး ကိုလုံး ဆေးကျောင်း ဆင်း Onkologist တယောက်ပါ။ ကာကွယ်ဆေး စမ်းသပ် အောင်မြင်သွားလို့ တာဝန် တခု ပြီး သွားလို့ သူက အရမ်းဝမ်းသာ ပါတယ်တဲ့။ဆေးကို ရှာဖွေ တွေ့ရှိတဲ့ ခါ အမေရီကန် သမတ ထရမ့်ဟာ ကြိုက်ဈေး ပေးမယ်
ဆိုပြီး ကမ်းလှမ်းခဲ့ပါသေးတယ်။ အဲ့လို သတင်းတွေကြောင့် ဂျာမန်ဝန်ကြီးချုပ် မယ်ရာကယ် ဟာ ဆန်းဒေးကြီး အရေးပေါ်အစည်းဝေးခေါ် ကုမဏီနဲ့ ညှိနိုင်းခဲ့ရသေးတယ်။မယ်ရာကယ်ကတော့ ဆေးဟာ တကမ္ဘာလုံးအတွက် ဖြစ်ရမယ်၊ ချမ်းသာတဲ့ နိုင်ငံ ချမ်းသ ာ သူသာ လက်လှမ်းမှီတဲ့ ဆေး မဖြစ်ရဘူးလို့ ပြောတယ်။ ကုမဏီကလည်း မရောင်းခဲ့ပါဘူး။ာမနီကနေပြီးတော့ ကာကွယ်ဆေးကို ကဘာ့ နိုင်ငံတွေကို ဖျန့်ဝေပေးနိုင်ဖို့ ယူရို သန်း ၈၅၀ WHO ကို လှူဒန်းထားပါတယ်။ တခြား နိုင်ငံတွေကလည်း လှူဒန်းထားတာ ယူ
ရို သန်း ထောင်ချီ ရှိတာမို့ ဒီဆေး ဟာ ဗမာပြည်ကိုလည်း သေချာပေါက် ရောက်လာမှာပါ။ဂျာမနီမှာတော့ လူဉီးရေ သန်း လေးဆယ် လောက်ဟာ ဒီဆေး ထိုးဖို့ မှန်းထားပါတယ်။ ကျမ်းမာရေး ဝန်ထမ်း လူအိုရုံ နေသူကစ နာတာရှည် ရောဂါ သည်တွေနဲ့ အသ က်အရွယ်ကြီးရင့်သူတွေ တွက် ရည်ရွယ်ပြီး ၊ ဆေးကို အသုတ်ခွဲ ထိုးကြရမှာပါတဲ့။ တကဘာလုံးကို အဲ့လို လူတွေကို ထိုးနိုင်ဖို့ ဝေမျှရမှမို့ ဘယ်နိုင်ငံကမှ သူ့တိုင်းပြည်က လူကုန်ကို တခါတည်း မထိုး နိုင်ပါဘူးတဲ့။ ဆေးဖိုး ကုန်ကျစရိတ်ကို ဂျာမနီမှာတော့ အစိုးရ
က ကျခံမှာ ဖြစ်ပြီး ၊ မထိုးမနေရ တော့ မဟုတ်ပါဘူး။ ထိုးချင် ထိုးပါတဲ့၊ ထိုးသင့်တယ်လို့ ပြောပါတယ်။ ဆေးဟာ ဘယ်လောက်ကြာကြာ ကာကွယ်မယ် ဆိုတာ မသိရသေးပေမဲ့ ကာကွယ်ဆေး ထိုးတဲ့လူရဲ့ ၉၀ ရာနုန်းကျော်ကိုတော့ ကာကွယ်တယ် ဆိုပါတယ်။
ကိုလုံး ဆေးကျောင်းထွက်မို့ ဂုဏ်ယူ ရပါတယ်။
ရေးသားသူ-မယ်စံ
Zawgyi Version
ရေးသားသူ-မယ်စံ
Add a Comment
Your email address will not be published. Required fields are marked *