ထောက်ပံ့ကြေး ၄၀၀၀၀ ရရှိနိုင်မည့် လူများစာရင်း ထုတ်ပြန်ကြေငြာ
|နိုင်ငံတော်က ပေးတဲ့ထောက်ပံ့ကြေးရရှိရမယ့်သူများ စာရင်းကို ဖော်ပြပေးလိုက်ပါတယ်-(၁) ပျံကျဈေးသည်၊ ခေါင်းရွက်ဗျက်ထိုး၊ (၂) အငှားယာဉ်မောင်း (ကား၊ ဆိုင်ကယ်၊ အနှေးယာဉ်၊ မြင်းလှည်း၊ လှေ၊ သမ္မာန်) စက်လှေ
မောင်း၊ (၃) ကျပန်းလုပ်သား (ပန်းရံ၊ လက်သမား၊ ကုန်ထမ်း) ဆေးသုတ်(၄) ရေလုပ်ငန်း (တံငါ)၊ (၅) အလုပ်ကြမ်းသမား (ကျောက်ခွဲ၊ ဂဝံတူးး၊ မြေတူး၊ အုတ်ဖုတ်)၊ (၆) ပျိုးနုတ်၊ ကောက်စိုက်၊ ခြံလုပ်သား၊ သူရင်းငှား၊
ဆေးလိပ်သမ(၇) ပုဂ္ဂလိက လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် နေ့စား၊ ယာယီဝန်ထမ်း၊ ဂေါက်ကွင်း လုပ်သား၊ (၈) အခြားပုံမှန်ဝင်ငွေ မရှိသော အလုပ်သမား
Stay at home ဒေသဆို ၄၀၀၀၀။ Stay at home ဒေသ မဟုတ်ရင် ၂၀၀၀၀။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ထွေအုပ်တွေက နည်းနည်းစိစစ်ပေးဖို့ လိုပါမယ်။ တကယ်အခက်အခဲ ရှိနေသူတွေ မရတာတွေ ကြားသိနေရပါ
တယ်။ကိုယ်တိုင်က ရရှိရမယ့်သူ ဖြစ်ပါလျက် မရရှိရင် စာရေးပီး အချက်အလက် အတိအကျ တင်ပြပီး တိုင်လို့ရပါတယ်။ (Nay Thway)
အစိုးရက ထောက်ပံ့တဲ့ ငွေလေးသောင်းဟာ ပုံမှန်ဝင်ငွေ မရှိတဲ့ အိမ်ထောင်စုတိုင်းကို ပေးတာပါ။သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို အစိုးရက ငွေသား အရေအတွက် ပုံမှန် ဝင်ငွေ မရှိတဲ့ အိမ်ထောင်စု အလိုက်အတိအကျ
ထုတ်ပေးပြီးသားဖြစ်ပါတယ်…အစိုးရ က တကယ် ပေးတာကြောင့် တကယ် မရတဲ့ ပြည်သူတွေ တကယ်တိုင်ပါ.. တကယ် အရေးယူမှာပါ…တိုင်ကြားရန် – 0673404222, 0673404999
ဖုန်းဆက် မရလျှင်ာသက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်က မရတဲ့သူများ လက်မှတ်ထိုး၊ မှတ်ပုံတင် နံပါတ် နဲ့ စာရင်းအတိအကျလုပ်ပြီး နေပြည်တော် အစိုးရ အဖွဲ့ရုံး နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး
ဝန်ကြီးဌာန ကို လူကိုယ်တိုင် တိုင်ပါ.. ရသင့် ရထိုက်တဲ့ သူများ ရကိုရ ရမှာ ပါ။
သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး များ အဂတိ တိုက်ဖျက်ရေး ဥပဒေ ကို လေ့လာပါ… ထောင် အနှစ် ၂၀ ကနေ နှစ်ရှည် ကျခံရပါတယ်။လက်ထိပ်တန်းခတ်ပါတယ် .. အာမခံမရ
ပါဘူး။ ပိုင်ဆိုင်မှု အကုန်သိမ်းပါတယ်… ကြည့်နေ ကြည့်လုပ်ကြပါ။ ပြည်သူများ အားလုံး အဆင်ပြေကြပါစေ… (မင်းရသ)
Zawgyi Version