ပါရဂူကြီးကိုယ်တိုင် ပြောပြတဲ့ အပူချိန်မြင့်တက်နေချိန် ဂရုပြုရမည့် အချက်များ

Sharing is caring!

ကမ္ဘာကြီးကတော့ တဖြည်းဖြည်း ယိုယွင်းလာတာနဲ့အညီ ရာသီဥတုကလည်း ပုံမမှန်မှုတွေ ဖြစ်နေလျက် ရှိပါတယ်။

ရာသီဥတု ဖောက်ပြန်မှုကြောင့် အအေးလွန်ကဲမှုတွေ အပူလွန်ကဲမှုတွေကို ကြုံတွေ့နေရပြီး ရာသီဥတုနဲ့အညီ ကျန်းမာရေး မဖောက်ပြန်အောင်လည်း ဂရုစိုက်နေထိုင်နေကြရပါတယ်။

ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ကျန်းမာရေးတွေလည်း သတိထားပြီး ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အပူလွန်ကဲတဲ့ ကာလတွေမှာ သတိထားရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) ရေဓာတ်ပြည့်ဝအောင် နေပါ

အပူချိန် မြင့်မားတဲ့ အချိန်မှာ ခန္ဓာကိုယ်က လွန်ကဲစွာ ချွေးထွက်တတ်ပါတယ်။ ဒါကြောင့် ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန်လေး သောက်တဲ့ ရေပမာဏထက် ပိုပြီး သောက်သုံးပေးတာက ဒီအချိန်အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝနေမှ ခန္ဓာကိုယ်က အပူဒဏ်ကို ကာကွယ်နိုင်စွမ်းလည်း ရှိတာပါ။

(၂) အရည်ရွှမ်းသော အသီးများကို စားသုံးပေးပါ

ဒါကလည်း တစ်နည်းအားဖြင့် ရေဓာတ်ဖြည့်ခြင်းပဲ ဖြစ်ပါတယ်။ အသီးအနှံတွေမှာ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းစေတဲ့ ဗီတာမင်တွေနဲ့ ရေဓာတ် ပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်ကို အပူဒဏ်ခံစားရမှုကို လျော့ကျစေပါတယ်။ ဖရဲသီး သင်္ဘောသီး သခွားသီး စတဲ့ အသီးအနှံတွေကို စားသုံးပေးနိုင်ပါတယ်နော်။

(၃) အပူချိန် အပြောင်းအလဲ မဖြစ်ပါစေနဲ့

ရာသီဥတုက ပူတဲ့အတွက် လူတွေက အေးတာကို ပိုပြီး လိုချင်တတ်ကြပါတယ်။ ဒါကြောင့် လေအေးပေးစက်တွေ ဖွင့်တာ၊ ရေချိုးတာ၊ အဝတ်ရေစို ပတ်ထားတာ စတာမျိုးကို ပြုလုပ်တတ်ကြပါတယ်။ ခန္ဓာကိုယ်က သဘာဝနဲ့ လိုက်ဖက်အောင် မနေဘဲ အတင်းပြောင်းလဲရင် ခန္ဓာကိုယ် အလုပ်လုပ်ပုံတွေ ဖောက်ပြန်ပြီး အသက် အန္တရာယ်ကို ထိခိုက်စေတတ်တာမို့ အလွန်အမင်း အပူချိန် ပြောင်းလဲမှုမျိုး ဖြစ်အောင် မလုပ်သင့်ပါဘူး။ ပူနေရာကနေ ရုတ်တရက် အေးသွားတာ၊ အေးနေရာကနေ အပူထဲ ရုတ်တရက် ထွက်တာမျိုးတွေကို ရှောင်ရှားရပါမယ်။

(၄) အရမ်းအေးနေအောင် မနေပါနဲ့

အရမ်းပူတဲ့အခါ အရမ်းအေးအောင် ပြုလုပ်တတ်ကြပါတယ်။ ဒီအပြုအမူမျိုးကို ရှောင်ရှားရပါမယ်။ နေပူထဲက ပြန်လာပြီး ရေခဲရေ တန်းသောက်တာ၊ အဲကွန်းခန်းထဲကို ဝင်လိုက်တာ၊ ရေချိုးပြီး နေပူထဲ တန်းထွက်တာ၊ အပူချိန်အရမ်းမြင့်နေချိန်မှာ ရေချိုးတာ စတဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

ခန္ဓာကိုယ် ဖောက်လွဲဖောက်ပြန်မှုမျိုး မဖြစ်ရလေအောင် အရမ်းပူတဲ့အချိန်မှာ အရမ်းအေးအောင် နေတာက အဖြေမှန် မဟုတ်ကြောင်း ပြောပြချင်ပါတယ်။

(၅) အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပါ

အပူဒဏ်ကို အံတုဖို့အတွက် အဝတ်အစားတွေကို အသုံးပြုနိုင်ပါတယ်။ လေမဝင်တဲ့ အလုံပိတ် အသားတွေ၊ အပူစုပ်တဲ့ အရောင်နဲ့ အဝတ်အထည်တွေ၊ ထူထဲတဲ့ အဝတ်တွေ စတာတွေကို မဝတ်ဆင်ပဲ နေသင့်ပါတယ်။ လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီတွေ၊ ချည်သား အဝတ်အထည်တွေနဲ့ အတိုအပြတ်လေးတွေကို ဝတ်ဆင်တာက အပူသက်သာဖို့ အထောက်အကူပြုပါတယ်။

Zawgyi Version

ကမာၻႀကီးကေတာ့ တျဖည္းျဖည္း ယိုယြင္းလာတာနဲ႔အညီ ရာသီဥတုကလည္း ပုံမမွန္မႈေတြ ျဖစ္ေနလ်က္ ရွိပါတယ္။

ရာသီဥတု ေဖာက္ျပန္မႈေၾကာင့္ အေအးလြန္ကဲမႈေတြ အပူလြန္ကဲမႈေတြကို ႀကဳံေတြ႕ေနရၿပီး ရာသီဥတုနဲ႔အညီ က်န္းမာေရး မေဖာက္ျပန္ေအာင္လည္း ဂ႐ုစိုက္ေနထိုင္ေနၾကရပါတယ္။

ရာသီဥတု ေဖာက္ျပန္မႈေတြေၾကာင့္ က်န္းမာေရးေတြလည္း သတိထားၿပီး ဂ႐ုစိုက္ေပးဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ အပူလြန္ကဲတဲ့ ကာလေတြမွာ သတိထားရမယ့္ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) ေရဓာတ္ျပည့္ဝေအာင္ ေနပါ

အပူခ်ိန္ ျမင့္မားတဲ့ အခ်ိန္မွာ ခႏၶာကိုယ္က လြန္ကဲစြာ ေခြၽးထြက္တတ္ပါတယ္။ ဒါေၾကာင့္ ေရဓာတ္ခမ္းေျခာက္မႈကို ျဖစ္ေစႏိုင္ပါတယ္။ ပုံမွန္ေလး ေသာက္တဲ့ ေရပမာဏထက္ ပိုၿပီး ေသာက္သုံးေပးတာက ဒီအခ်ိန္အတြက္ အသင့္ေတာ္ဆုံး ျဖစ္ပါတယ္။ ေရဓာတ္ျပည့္ဝေနမွ ခႏၶာကိုယ္က အပူဒဏ္ကို ကာကြယ္ႏိုင္စြမ္းလည္း ရွိတာပါ။

(၂) အရည္႐ႊမ္းေသာ အသီးမ်ားကို စားသုံးေပးပါ

ဒါကလည္း တစ္နည္းအားျဖင့္ ေရဓာတ္ျဖည့္ျခင္းပဲ ျဖစ္ပါတယ္။ အသီးအႏွံေတြမွာ ခႏၶာကိုယ္အတြက္ အက်ိဳးျဖစ္ထြန္းေစတဲ့ ဗီတာမင္ေတြနဲ႔ ေရဓာတ္ ပါဝင္တာေၾကာင့္ သင့္ခႏၶာကိုယ္ကို အပူဒဏ္ခံစားရမႈကို ေလ်ာ့က်ေစပါတယ္။ ဖရဲသီး သေဘၤာသီး သခြားသီး စတဲ့ အသီးအႏွံေတြကို စားသုံးေပးႏိုင္ပါတယ္ေနာ္။

(၃) အပူခ်ိန္ အေျပာင္းအလဲ မျဖစ္ပါေစနဲ႔

ရာသီဥတုက ပူတဲ့အတြက္ လူေတြက ေအးတာကို ပိုၿပီး လိုခ်င္တတ္ၾကပါတယ္။ ဒါေၾကာင့္ ေလေအးေပးစက္ေတြ ဖြင့္တာ၊ ေရခ်ိဳးတာ၊ အဝတ္ေရစို ပတ္ထားတာ စတာမ်ိဳးကို ျပဳလုပ္တတ္ၾကပါတယ္။ ခႏၶာကိုယ္က သဘာဝနဲ႔ လိုက္ဖက္ေအာင္ မေနဘဲ အတင္းေျပာင္းလဲရင္ ခႏၶာကိုယ္ အလုပ္လုပ္ပုံေတြ ေဖာက္ျပန္ၿပီး အသက္ အႏၲရာယ္ကို ထိခိုက္ေစတတ္တာမို႔ အလြန္အမင္း အပူခ်ိန္ ေျပာင္းလဲမႈမ်ိဳး ျဖစ္ေအာင္ မလုပ္သင့္ပါဘူး။ ပူေနရာကေန ႐ုတ္တရက္ ေအးသြားတာ၊ ေအးေနရာကေန အပူထဲ ႐ုတ္တရက္ ထြက္တာမ်ိဳးေတြကို ေရွာင္ရွားရပါမယ္။

(၄) အရမ္းေအးေနေအာင္ မေနပါနဲ႔

အရမ္းပူတဲ့အခါ အရမ္းေအးေအာင္ ျပဳလုပ္တတ္ၾကပါတယ္။ ဒီအျပဳအမူမ်ိဳးကို ေရွာင္ရွားရပါမယ္။ ေနပူထဲက ျပန္လာၿပီး ေရခဲေရ တန္းေသာက္တာ၊ အဲကြန္းခန္းထဲကို ဝင္လိုက္တာ၊ ေရခ်ိဳးၿပီး ေနပူထဲ တန္းထြက္တာ၊ အပူခ်ိန္အရမ္းျမင့္ေနခ်ိန္မွာ ေရခ်ိဳးတာ စတဲ့ လုပ္ရပ္ေတြကို ေရွာင္ၾကဥ္ဖို႔ လိုအပ္ပါတယ္။

ခႏၶာကိုယ္ ေဖာက္လြဲေဖာက္ျပန္မႈမ်ိဳး မျဖစ္ရေလေအာင္ အရမ္းပူတဲ့အခ်ိန္မွာ အရမ္းေအးေအာင္ ေနတာက အေျဖမွန္ မဟုတ္ေၾကာင္း ေျပာျပခ်င္ပါတယ္။

(၅) အဝတ္အစားကို ေ႐ြးခ်ယ္ဝတ္ဆင္ပါ

အပူဒဏ္ကို အံတုဖို႔အတြက္ အဝတ္အစားေတြကို အသုံးျပဳႏိုင္ပါတယ္။ ေလမဝင္တဲ့ အလုံပိတ္ အသားေတြ၊ အပူစုပ္တဲ့ အေရာင္နဲ႔ အဝတ္အထည္ေတြ၊ ထူထဲတဲ့ အဝတ္ေတြ စတာေတြကို မဝတ္ဆင္ပဲ ေနသင့္ပါတယ္။ ေလဝင္ေလထြက္ေကာင္းတဲ့ အက်ႌေတြ၊ ခ်ည္သား အဝတ္အထည္ေတြနဲ႔ အတိုအျပတ္ေလးေတြကို ဝတ္ဆင္တာက အပူသက္သာဖို႔ အေထာက္အကူျပဳပါတယ္။

Add a Comment

Your email address will not be published. Required fields are marked *