ကထိန်ခင်းလိုလျှင် သာသနာရေးဝန်ကြီးထံ ၃ ပတ်ကြို၍ စာတင်ရတော့မည်

Sharing is caring!

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို လူ ၃၀ ဦးထက်မပိုဘဲ ကျင်းပပြုလုပ်ခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်း သာသနာရေးတာဝန်ရှိသူများမှ စီစဉ်လျက်ရှိသည်။နိုဝင်ဘာ ၄ ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး တိုင်းသာသာရေးဦးစီးဌာနရုံးက ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းမည့် အခမ်းအနားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များအား တင်ပြလျှောက်ထားသည့် စာတစ်စောင်ကို တိုင်းအတွင်းရှိ ကျောင်းတိုက်များထံ ဆက်ကပ်ခဲ့သည်။

အဆိုပါ တိုင်းသာသနာရေးဦးစီးဌာနမှ ဆက်ကပ်သည့်စာတွင် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းမည့်အခမ်းအနားများ ကျင်း ပပြုလုပ်လိုပါက ပြုလုပ်မည့်ရက်မတိုင်မီ ရက်သတ္တပတ် ၃ ပတ်ကြိုတင်၍ သာသနာရေးနှင့် ယဉ်ကျေ းမှုဝန်ကြီးဌာနသို့ ပေးပို့ရန်၊ သာ/ဝန်ဌာနမှ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြခွင့်ပြုချက် ရယူသွားရန်၊ ခွင့်ပြုချက် ရရှိပါက လူ ၃၀ ဦး ထက်မပိုစေဘဲ ညွှန်ကြားချက်များနှင့်အညီ ဆော

င် ရွက်သွားရန်ဟူ၍ ဖော်ပြပါရှိသည်။အဆိုပါ ဆက်ကပ်စာနှင့်ပတ်သက်၍ ဆရာတော်တစ်ပါးထံ လျှောက်ထားမေးမြန်းရာ “ထုတ်ပြန်ချက်ထဲမှာ ကထိန်ခင်းတဲ့အခါ သုံးပတ်ကြိုတင်ပြီးတော့ အကြောင်းကြားရမယ်တဲ့။ လေးပတ်ကြိုတ င်ပြီးတော့ အစီအစဉ်ကို ဆိုင်ရာကို ပို့ရမယ်ပေါ့လေ။ ကထိန်ခင်းခွင့်ရှိတာက မြတ်စွာဘုရားခွင့်ပြုထားတာသည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ကစပြီး တန်ဆောင်မုန်းလပြည့်အထိ လေးပတ်ပဲရှိတယ်။ လေးပတ်ပဲရှိတဲ့ကထိန်

မှာ လေးပတ်ကြိုတင်ပြီးတော့ အကြောင်းကြားပေးရ မယ်ဆိုတော့ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ စဉ်းစားကြည့်ပေါ့။ ကထိန်းပဲ မခင်းနဲ့လို့ ပြောလိုက်သလို ဖြစ်နေတယ်။ စာထုတ်တဲ့ ပုဂ္ဂိုလ်တွေက သာသနာရေးဆိုင်ရာ မသိလို့များလား စဉ်းစားစရာပဲ” ဟု ရန်ကုန်တိုင်းအတွင်းရှိ သံဃာတော်တစ်ပါးမှ မိန့်ကြားသည်။

ယင်းဆက်ကပ်စာနှင့်ပတ်သက်၍ ထပ်မံပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းအနေနှင့် အတိအကျသေချာ မသိရှိရသေးသည့်အတွက် ဖြေကြား၍ မရကြောင်း ပြောဆိုခဲ့သည်။

Zawgyi Version

ကထိန္သကၤန္းဆက္ကပ္လႉဒါန္းပြဲကို လူ ၃၀ ဦးထက္မပိုဘဲ က်င္းပျပဳလုပ္ခြင့္ျပဳရန္ ရန္ကုန္တိုင္းေဒသႀကီး၊ တိုင္း သာသနာေရးတာဝန္ရွိသူမ်ားမွ စီစဥ္လ်က္ရွိသည္။ႏိုဝင္ဘာ ၄ ရက္ေန႔၌ ရန္ကုန္တိုင္းေဒသႀကီး တိုင္းသာသာေရးဦးစီးဌာန႐ုံးက ကထိန္သကၤန္းဆက္ကပ္လႉဒါန္းမည့္ အခမ္းအနားမ်ားႏွင့္စပ္လ်ဥ္း၍ လိုက္နာရမည့္အခ်က္မ်ားအား တင္ျပေလွ်ာက္ထားသည့္ စာတစ္ေစာင္ကို တိုင္းအတြင္းရွိ ေက်ာင္းတိုက္မ်ားထံ ဆက္ကပ္ခဲ့သည္။

အဆိုပါ တိုင္းသာသနာေရးဦးစီးဌာနမွ ဆက္ကပ္သည့္စာတြင္ ကထိန္သကၤန္းဆက္ကပ္လႉဒါန္းမည့္အခမ္းအနားမ်ား က်င္း ပျပဳလုပ္လိုပါက ျပဳလုပ္မည့္ရက္မတိုင္မီ ရက္သတၱပတ္ ၃ ပတ္ႀကိဳတင္၍ သာသနာေရးႏွင့္ ယဥ္ေက် းမႈဝန္ႀကီးဌာနသို႔ ေပးပို႔ရန္၊ သာ/ဝန္ဌာနမွ ကိုဗစ္ ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီသို႔ တင္ျပခြင့္ျပဳခ်က္ ရယူသြားရန္၊ ခြင့္ျပဳခ်က္ ရရွိပါက လူ ၃၀ ဦး ထက္မပိုေစဘဲ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ေဆာ

င္ ႐ြက္သြားရန္ဟူ၍ ေဖာ္ျပပါရွိသည္။အဆိုပါ ဆက္ကပ္စာႏွင့္ပတ္သက္၍ ဆရာေတာ္တစ္ပါးထံ ေလွ်ာက္ထားေမးျမန္းရာ “ထုတ္ျပန္ခ်က္ထဲမွာ ကထိန္ခင္းတဲ့အခါ သုံးပတ္ႀကိဳတင္ၿပီးေတာ့ အေၾကာင္းၾကားရမယ္တဲ့။ ေလးပတ္ႀကိဳတ င္ၿပီးေတာ့ အစီအစဥ္ကို ဆိုင္ရာကို ပို႔ရမယ္ေပါ့ေလ။ ကထိန္ခင္းခြင့္ရွိတာက ျမတ္စြာဘုရားခြင့္ျပဳထားတာသည္ သီတင္းကြၽတ္လျပည့္ေက်ာ္ ၁ ရက္ေန႔ကစၿပီး တန္ေဆာင္မုန္းလျပည့္အထိ ေလးပတ္ပဲရွိတယ္။ ေလးပတ္ပဲရွိတဲ့ကထိန္

မွာ ေလးပတ္ႀကိဳတင္ၿပီးေတာ့ အေၾကာင္းၾကားေပးရ မယ္ဆိုေတာ့ ျဖစ္ႏိုင္တယ္ မျဖစ္ႏိုင္ဘူးဆိုတာ စဥ္းစားၾကည့္ေပါ့။ ကထိန္းပဲ မခင္းနဲ႔လို႔ ေျပာလိုက္သလို ျဖစ္ေနတယ္။ စာထုတ္တဲ့ ပုဂၢိဳလ္ေတြက သာသနာေရးဆိုင္ရာ မသိလို႔မ်ားလား စဥ္းစားစရာပဲ” ဟု ရန္ကုန္တိုင္းအတြင္းရွိ သံဃာေတာ္တစ္ပါးမွ မိန႔္ၾကားသည္။

ယင္းဆက္ကပ္စာႏွင့္ပတ္သက္၍ ထပ္မံၿပီး သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးေအာင္ဆန္းဝင္းကို ဆက္သြယ္ေမးျမန္းခဲ့ရာ ၎အေနႏွင့္ အတိအက်ေသခ်ာ မသိရွိရေသးသည့္အတြက္ ေျဖၾကား၍ မရေၾကာင္း ေျပာဆိုခဲ့သည္။

Add a Comment

Your email address will not be published. Required fields are marked *