ငွေချမ်းသာတဲ့အမျိုးသမီးက သူ့ကို လက်ထပ်ခွင့်တောင်းနေလို့ တင်းနေတဲ့အကြောင်း ပြောပြလာတဲ့ ရဲတိုက်

Sharing is caring!

အနုပညာလောကရဲ့ကဝေလို့တောင်ပြောလို့ရတဲ့ ရဲတိုက်ကတော့ အသက်ဝင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် အမှားတွေရှိခဲ့ပေမယ့် ပရိသတ်ရဲ့အချစ်ကိုလက်ခံနေရဆဲမင်းသားတစ်လက်ပဲဖြစ်ပါတယ်။ရဲတိုက်ကတော့ သူ့ကိုမိန်းကလေးတစ်ယောက်တင်တောင်းတဲ့ကိ စ္စနဲ့ပတ်သတ်ပြီး“ကျွန်တော့်ကိုကမ်းလှမ်းတယ်ဆိုတဲ့ အမျိုးသမီးက ကျွန်တော့်ထက်အသက်ကြီးပါတယ် တောင်ပေါ်က ငွေကြေးချမ်းသာတဲ့သဘောမျိုးပါပဲ တင်တောင်းတဲ့သဘောမျိုးပါပဲ ကျွန်တော်လက်မခံပါဘူး အမျိုးသားတစ်ယောက်ကို အမျိုးသမီးတစ်ယောက်က

အိမ်ထောင်ပြုချင်တဲ့ကိစ္စက ဒီလိုပုံစံနဲ့ဖြစ်မြောက်မသွားသင့်ဘူးလို့ ကျွန်တော်ယူဆတယ် ကျွန်တော်တောင်းရင်သာ အမျိုးသမီးကလက်ခံမှဖြစ်မယ်”“တင်တောင်းတဲ့ပိုက်ဆံတွေကိုကြိုက်လို့ ကျွန်တော်က သူ့ကိုယူလိုက်တယ်ဆိုတာမဖြစ်ဘူးလေ ကိုယ့်ခံယူချက်နဲ့ကိုယ်ပေါ့ ကျွန်တော်က အင်တာဗျူးတစ်ခုမှာပြောလိုက်မိတယ် ကျွန်တော်လက်ထပ်ခွင့်မတောင်းတော့ဘူး ကျွန်တော်လက်ထပ်ခွင့်တောင်းတာ ၅ခါရှိနေပြီ အငြင်းခံရတော့ ကျွန်တော်ရှက်တယ်လို့ အဲဒီ့တော့ အိမ်ထောင်ပြုဖို့စိတ်မကူတော့ဘူး ကျွန်တော်က

Propose မလုပ်တော့ဘူး ကျွန်တော့်ကိုpropose လုပ်လို့ပြောလိုက်မိတဲ့နောက်ပိုင်းမှာ အဲဒီ့ကိစ္စဖြစ်လာတာဆိုတော့ တကယ်ခံလိုက်ရတော့ အဆင်မပြေပါဘူး နည်းနည်းတောင်တင်းတယ်” လို့ 8 days နဲ့အင်တာဗျူးမှာဖြေဆိုထားခဲ့ပါတယ်။ရဲတိုက်ကတော့ သူ့အချစ်ရေးနဲ့ပတ်သတ်ပြီး”ကျွန်တော်က ယောကျ်ားတစ်ယောက် စင်ဂယ် ပရိသတ်ကသာမသိတာ ထောင်မကျခင်တုန်းက ရဲတိုက်ဘဝမှာကတည်းက ကျွန်တော့်မှာချစ်သူရည်းစားပြတ်လပ်တယ်လို့ကိုမရှိဘူး မနေတတ်ဘူးကျွန်တော်က ချစ်သူရည်းစားနဲ့အီစီကလီ

နေရမှ ပျော်လာပြီးအလုပ်လုပ်နိုင်တာ အဲ့တာမှလည်းအားရှိတာ ကျွန်တော့်မှာအချစ်စိတ်တဖွားဖွားပေါ်တာပေါ့ ပရိသတ်ကိုချစ်တဲ့စိတ် ပတ်ဝန်းကျင်ကိုချစ်တဲ့စိတ် ကျွန်တော့်မှာရှိပါတယ် ချစ်သူရည်းစားကိုချစ်တဲ့စိတ်နဲ့မတူဘူးလေ ၁၅၀၀လို့တောင်ပြောထားတာကိုး ၁၅၀၀အချစ်မေတ္တာကိုခန္ဓာကိုယ်ကလွှင့်ထုတ်နေရမှာသာ ကျွန်တော်ကပီပြင်တဲ့အပြုံးပြုံးနိုင်တယ်”“ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေကလည်း ကျွန်တော့်ကိုရည်းစားထားစေချင်ကြတယ် ကျွန်တော်ရည်းစားထားရင် သူတို့လည်းပိုပျော်တယ် သူတို့ဆီလည်းပို

ရောက်တယ် ကျွန်တော့်ကောင်မလေးနဲ့ဟိုအိမ်လည် ဒီအိမ်လည် ဟိုသွားဒီသွားနဲ့ သူတို့နဲ့လည်းပိုပြီးအစေးကပ်တယ် ကျွန်တော်တစ်ယောက်တည်းနေရင် သူတို့နဲ့စိမ်းသွားတော့ ကျွန်တော့်ကိုရည်းစားရှိစေချင်တယ် ကျွန်တော်ကံကောင်းတာလား ကံဆိုးတာလားမသိပါဘူးဗျာ ထောင်ကလွတ်ပြီးကတည်းကရည်းစားမရဘူး တစ်ယောက်ရတယ် ရပြီးတော့ကွဲသွားတယ် ကြည့်ရတာ ကျွန်တော့်ဘက်ကချို့ယွင်းချက်ဖြစ်ပါလိမ့်မယ် အပြင်မှာရှိတဲ့လူတွေမှာတော့ ချို့ယွင်းချက်ရှိပုံမရပါဘူး”“ကျွန်တော်အရင်ကဆို ကျွန်တော့်ကောင်မ

လေ းကို ပျော်အောင်ထားနိုင်တယ် ထောင်ကလွတ်ပြီးနောက်မှာတော့ ကျွန်တော့်ကောင်မလေးမှာမပျော်ရရှာဘူး ကျွန်တော့်ကြောင့်စိတ်ဆင်းရဲတာတွေဖြစ်လာတယ် ကျွန်တော့်ကြောင့်ဘေးလူစိတ်ဆင်းရဲတာကိုမဖြစ်စေချင်တဲ့သူက ချစ်သူကိုဆို ပိုဆိုးတာပေါ့ နောက်ဆုံး သူ့အတွက်လမ်းခွဲလိုက်တယ်ပေါ့”“Relationshipတစ်ခုကိုအဆုံးသတ်ရတာမလွယ်ပါဘူး ပြဿနာမဟုတ်ရင် သဘောထားကွဲလွဲမှုတစ်စုံတစ်ရာရှိမှသာ relationship တစ်ခုကအဆုံးသတ်တာဆိုတော့ အခုလည်း အဆုံးသတ်ပြန်ပြီ ကျွန်တော့်ချို့ယွင်း

ချက်ပေါ့ ကျွန်တော်ပျော်အောင်မထားနိုင်လို့ ကျွန်တော့်ဆီမှာ ကောင်မလေးတွေမနေတော့ဘူးပေါ့”“အခုခေတ်မိန်းကလေးတွေက ပိုသွက်လာတယ်တဲ့လား ကျွန်တော်မသိသေးဘူး ထောင်မကျခင်တုန်းကတော့ ကျွန်တော်relationship မှာကံကောင်းတယ် ငယ်ငယ်ကျောင်းသားဘဝမှာကတည်းက ကျွန်တော်လိုက်ရတယ်ဆိုတာ ရှားတယ် ကျွန်တော်ကြိုက်တဲ့ကောင်မလေးတွေကိုဆိုရင် ရေလာမြောင်းပေးလုပ်တာက ကျွန်တော် ရေစီးတာကသူတို့ဖြစ်နေတာ ကျွန်တော်ကြိုက်ရင် body languageနဲ့ပြတယ် သွယ်ဝိုက်ပြီးပြ

တယ် ကျွန်တော့်ရဲ့အာသီသကိုက ကျွန်တော်ချစ်တဲ့ ကောင်မလေးကိုချက်ချင်းရသွားမှာ မကြိုက်ဘူး သူ့ကိုပိုးပန်းရတဲ့ကာလကိုလိုချင်သေးတယ် အနည်းဆုံးတော့ ၆လလောက်လိုချင်တယ်”“ကျွန်တော်ကံကောင်းတာက ကျွန်တော်သဘောကျတဲ့ကောင်မလေးတွေကျွန်တော့်အနားရောက်လာရင် သူတို့ကလည်း ကျွန်တော့်ကိုစိတ်ဝင်စားတယ် ကျွန်တော်ကြိုက်နေပြီဆိုတာကိုသိတာနဲ့ ရည်းစားမရှိဘူးကြိုက်လို့အဆင်ပြေတယ်ဆိုရင် ကျွန်တော်ကယောကျ်ားလေးပီပီ ပဲလေးပေးလိုက်ရုံနဲ့ ကျွန်တော့်အနားကိုရောက်လာတယ် ကျွန်

တော့်ကိုချစ်စကားပြောတယ် ကျွန်တော်ကအဖြေပေးလိုက်တယ် ဒါပဲကျွန်တော်ကဂျီးများတယ် ယောကျ်ားပီပီ ကောင်မလေးတွေဆိုရင် ချောမှလှမှ ဆွဲဆောင်မှုရှိမှကြိုက်တယ် နီးစပ်ရုံနဲ့ရည်းစားမဖြစ်တတ်ဘူးပေါ့” လို့ ပွင့်ပွင့်လင်းလင်းဆိုခဲ့ပါတယ် သူ့ကိုတင်တေ ာင်းတယ်ဆိုတဲ့အကြောင့်နဲ့ပတ်သတ်ပြီး ရဲတိုက်က“သူကနယ်ကပါ တောင်ကြီးကပါ မိဘတွေဆွေမျိုးတွေဘက်ကပါ ကျွန်တော့်မိဘတွေကကျွန်တော့်ကိုအမွေဖြတ်လိုက်ကြပြီ တောင်ပေါ်ပြန်သွားကြပြီ ကျွန်တော့်မှာအမေလည်းမရှိတော့ဘူးအဖေပဲရှိတော့တယ် အဖေက

လည်းဒီအရွယ်သားတစ်ယောက်ကိုနောက်ဆံတင်းစရာမရှိတော့တဲ့အတွက် တောင်ပေါ်ပြန်သွားကြတယ် ညီတွေရော ဆွေမျိုးတွေရောဆိုတော့ ကျွန်တော်ဒီမှာတစ်ယောက်တည်းဖြစ်နေတာမြင်လို့ သူတို့ကအိမ်ထောင်ပြုစေချင်ကြတယ် ကျွန်တော်ကလည်း အိမ်ထေ ာင်ပြုတာကို ဘယ်သူ့တိုက်တွန်းချက်မှ မပါစေချင်ဘူး ကျွန်တော့်ဆုံးဖြတ်ချက်ပဲဖြစ်စေချင်တယ်”“ကျွန်တော့်ကောင်မလေးကိုတောင် မောင်လက်ထပ်ကြရအောင်လို့အရင်မပြောစေချင်ဘူး ကောင်မလေးကိုချစ်တဲ့စကားမပြောခင် ငါကတော့ လူပျိုကြီးလုပ်မှာ လက်မ

ထပ်ဘူး ချစ်သူရည်းစားတစ်ယောက်နဲ့ ၉နှစ်၁၀နှစ်ကြာတွဲရပါစေ တွဲမယ် ဒါပေမဲ့ ချစ်သူရည်းစားတစ်တွဲက ၉နှစ်ကျော် ၁၀နှစ်ခံလိမ်မယ်လို့ ငါမထင်ဘူး ငါတွဲကြည့်မယ် တကယ်မခံဘူးလေ ၁၀နှစ်မပြောနဲ့ ၅နှစ်ခံတဲ့ Relationship တောင်မရှိဘူး အဲဒီ့တော့ ကျွန်တော်အိမ်ထောင်မပြုတာ မှန်တာပေါ့”“ဒါမျိုးကိုရိုင်းရိုင်းစိုင်းစိုင်းလည်းမတုံ့ပြန်ချင်ဘူး လိုလိုလားလားလည်းလက်မခံနိုင်ဘူး အဖြေပေးရတာမျိုးလည်းမလုပ်ချင်တော့ ဒီအတိုင်းထားထားတာ ဒါက ကျွန်တော့်အဖေကနေတစ်ဆင့်ရောက်လာတာပေါ့ ကျွန်တော်မချစ်

တဲ့မိန်းမကိုကျွန်တော်လက်မထပ်နိုင်ပါဘူး ဒီကိစ္စကတော့ ဒီအင်တာဗျူးကနေ ပြီးသွားပြီပေါ့ ကိုယ်တိုင်လက်ထပ်ခွင့်တောင်းရင်လည်း စိန်လက်စွပ်မပါပါဘူး စိန်လက်စွပ်ပါမှလက်ထပ်မယ်ဆိုတဲ့မိန်းမကိုလည်း ကျွန်တော်မလိုချင်ပါဘူး” လို့ သူ့ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောခဲ့တာပါ။

Source – 8 Days
Shwe Yaung Myanmar

Zawgyi Version

အႏုပညာေလာကရဲ႕ကေဝလို႔ေတာင္ေျပာလို႔ရတဲ့ ရဲတိုက္ကေတာ့ အသက္ဝင္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ အမွားေတြရွိခဲ့ေပမယ့္ ပရိသတ္ရဲ႕အခ်စ္ကိုလက္ခံေနရဆဲမင္းသားတစ္လက္ပဲျဖစ္ပါတယ္။ရဲတိုက္ကေတာ့ သူ႔ကိုမိန္းကေလးတစ္ေယာက္တင္ေတာင္းတဲ့ကိ စၥနဲ႔ပတ္သတ္ၿပီး“ကြၽန္ေတာ့္ကိုကမ္းလွမ္းတယ္ဆိုတဲ့ အမ်ိဳးသမီးက ကြၽန္ေတာ့္ထက္အသက္ႀကီးပါတယ္ ေတာင္ေပၚက ေငြေၾကးခ်မ္းသာတဲ့သေဘာမ်ိဳးပါပဲ တင္ေတာင္းတဲ့သေဘာမ်ိဳးပါပဲ ကြၽန္ေတာ္လက္မခံပါဘူး အမ်ိဳးသားတစ္ေယာက္ကို အမ်ိဳးသမီးတစ္ေယာက္က

အိမ္ေထာင္ျပဳခ်င္တဲ့ကိစၥက ဒီလိုပုံစံနဲ႔ျဖစ္ေျမာက္မသြားသင့္ဘူးလို႔ ကြၽန္ေတာ္ယူဆတယ္ ကြၽန္ေတာ္ေတာင္းရင္သာ အမ်ိဳးသမီးကလက္ခံမွျဖစ္မယ္”“တင္ေတာင္းတဲ့ပိုက္ဆံေတြကိုႀကိဳက္လို႔ ကြၽန္ေတာ္က သူ႔ကိုယူလိုက္တယ္ဆိုတာမျဖစ္ဘူးေလ ကိုယ့္ခံယူခ်က္နဲ႔ကိုယ္ေပါ့ ကြၽန္ေတာ္က အင္တာဗ်ဴးတစ္ခုမွာေျပာလိုက္မိတယ္ ကြၽန္ေတာ္လက္ထပ္ခြင့္မေတာင္းေတာ့ဘူး ကြၽန္ေတာ္လက္ထပ္ခြင့္ေတာင္းတာ ၅ခါရွိေနၿပီ အျငင္းခံရေတာ့ ကြၽန္ေတာ္ရွက္တယ္လို႔ အဲဒီ့ေတာ့ အိမ္ေထာင္ျပဳဖို႔စိတ္မကူေတာ့ဘူး ကြၽန္ေတာ္က

Propose မလုပ္ေတာ့ဘူး ကြၽန္ေတာ့္ကိုpropose လုပ္လို႔ေျပာလိုက္မိတဲ့ေနာက္ပိုင္းမွာ အဲဒီ့ကိစၥျဖစ္လာတာဆိုေတာ့ တကယ္ခံလိုက္ရေတာ့ အဆင္မေျပပါဘူး နည္းနည္းေတာင္တင္းတယ္” လို႔ 8 days နဲ႔အင္တာဗ်ဴးမွာေျဖဆိုထားခဲ့ပါတယ္။ရဲတိုက္ကေတာ့ သူ႔အခ်စ္ေရးနဲ႔ပတ္သတ္ၿပီး”ကြၽန္ေတာ္က ေယာက်္ားတစ္ေယာက္ စင္ဂယ္ ပရိသတ္ကသာမသိတာ ေထာင္မက်ခင္တုန္းက ရဲတိုက္ဘဝမွာကတည္းက ကြၽန္ေတာ့္မွာခ်စ္သူရည္းစားျပတ္လပ္တယ္လို႔ကိုမရွိဘူး မေနတတ္ဘူးကြၽန္ေတာ္က ခ်စ္သူရည္းစားနဲ႔အီစီကလီ

ေနရမွ ေပ်ာ္လာၿပီးအလုပ္လုပ္ႏိုင္တာ အဲ့တာမွလည္းအားရွိတာ ကြၽန္ေတာ့္မွာအခ်စ္စိတ္တဖြားဖြားေပၚတာေပါ့ ပရိသတ္ကိုခ်စ္တဲ့စိတ္ ပတ္ဝန္းက်င္ကိုခ်စ္တဲ့စိတ္ ကြၽန္ေတာ့္မွာရွိပါတယ္ ခ်စ္သူရည္းစားကိုခ်စ္တဲ့စိတ္နဲ႔မတူဘူးေလ ၁၅၀၀လို႔ေတာင္ေျပာထားတာကိုး ၁၅၀၀အခ်စ္ေမတၱာကိုခႏၶာကိုယ္ကလႊင့္ထုတ္ေနရမွာသာ ကြၽန္ေတာ္ကပီျပင္တဲ့အၿပဳံးၿပဳံးႏိုင္တယ္”“ကြၽန္ေတာ့္ပတ္ဝန္းက်င္ကလူေတြကလည္း ကြၽန္ေတာ့္ကိုရည္းစားထားေစခ်င္ၾကတယ္ ကြၽန္ေတာ္ရည္းစားထားရင္ သူတို႔လည္းပိုေပ်ာ္တယ္ သူတို႔ဆီလည္းပို

ေရာက္တယ္ ကြၽန္ေတာ့္ေကာင္မေလးနဲ႔ဟိုအိမ္လည္ ဒီအိမ္လည္ ဟိုသြားဒီသြားနဲ႔ သူတို႔နဲ႔လည္းပိုၿပီးအေစးကပ္တယ္ ကြၽန္ေတာ္တစ္ေယာက္တည္းေနရင္ သူတို႔နဲ႔စိမ္းသြားေတာ့ ကြၽန္ေတာ့္ကိုရည္းစားရွိေစခ်င္တယ္ ကြၽန္ေတာ္ကံေကာင္းတာလား ကံဆိုးတာလားမသိပါဘူးဗ်ာ ေထာင္ကလြတ္ၿပီးကတည္းကရည္းစားမရဘူး တစ္ေယာက္ရတယ္ ရၿပီးေတာ့ကြဲသြားတယ္ ၾကည့္ရတာ ကြၽန္ေတာ့္ဘက္ကခ်ိဳ႕ယြင္းခ်က္ျဖစ္ပါလိမ့္မယ္ အျပင္မွာရွိတဲ့လူေတြမွာေတာ့ ခ်ိဳ႕ယြင္းခ်က္ရွိပုံမရပါဘူး”“ကြၽန္ေတာ္အရင္ကဆို ကြၽန္ေတာ့္ေကာင္မ

ေလ းကို ေပ်ာ္ေအာင္ထားႏိုင္တယ္ ေထာင္ကလြတ္ၿပီးေနာက္မွာေတာ့ ကြၽန္ေတာ့္ေကာင္မေလးမွာမေပ်ာ္ရရွာဘူး ကြၽန္ေတာ့္ေၾကာင့္စိတ္ဆင္းရဲတာေတြျဖစ္လာတယ္ ကြၽန္ေတာ့္ေၾကာင့္ေဘးလူစိတ္ဆင္းရဲတာကိုမျဖစ္ေစခ်င္တဲ့သူက ခ်စ္သူကိုဆို ပိုဆိုးတာေပါ့ ေနာက္ဆုံး သူ႔အတြက္လမ္းခြဲလိုက္တယ္ေပါ့”“Relationshipတစ္ခုကိုအဆုံးသတ္ရတာမလြယ္ပါဘူး ျပႆနာမဟုတ္ရင္ သေဘာထားကြဲလြဲမႈတစ္စုံတစ္ရာရွိမွသာ relationship တစ္ခုကအဆုံးသတ္တာဆိုေတာ့ အခုလည္း အဆုံးသတ္ျပန္ၿပီ ကြၽန္ေတာ့္ခ်ိဳ႕ယြင္း

ခ်က္ေပါ့ ကြၽန္ေတာ္ေပ်ာ္ေအာင္မထားႏိုင္လို႔ ကြၽန္ေတာ့္ဆီမွာ ေကာင္မေလးေတြမေနေတာ့ဘူးေပါ့”“အခုေခတ္မိန္းကေလးေတြက ပိုသြက္လာတယ္တဲ့လား ကြၽန္ေတာ္မသိေသးဘူး ေထာင္မက်ခင္တုန္းကေတာ့ ကြၽန္ေတာ္relationship မွာကံေကာင္းတယ္ ငယ္ငယ္ေက်ာင္းသားဘဝမွာကတည္းက ကြၽန္ေတာ္လိုက္ရတယ္ဆိုတာ ရွားတယ္ ကြၽန္ေတာ္ႀကိဳက္တဲ့ေကာင္မေလးေတြကိုဆိုရင္ ေရလာေျမာင္းေပးလုပ္တာက ကြၽန္ေတာ္ ေရစီးတာကသူတို႔ျဖစ္ေနတာ ကြၽန္ေတာ္ႀကိဳက္ရင္ body languageနဲ႔ျပတယ္ သြယ္ဝိုက္ၿပီးျပ

တယ္ ကြၽန္ေတာ့္ရဲ႕အာသီသကိုက ကြၽန္ေတာ္ခ်စ္တဲ့ ေကာင္မေလးကိုခ်က္ခ်င္းရသြားမွာ မႀကိဳက္ဘူး သူ႔ကိုပိုးပန္းရတဲ့ကာလကိုလိုခ်င္ေသးတယ္ အနည္းဆုံးေတာ့ ၆လေလာက္လိုခ်င္တယ္”“ကြၽန္ေတာ္ကံေကာင္းတာက ကြၽန္ေတာ္သေဘာက်တဲ့ေကာင္မေလးေတြကြၽန္ေတာ့္အနားေရာက္လာရင္ သူတို႔ကလည္း ကြၽန္ေတာ့္ကိုစိတ္ဝင္စားတယ္ ကြၽန္ေတာ္ႀကိဳက္ေနၿပီဆိုတာကိုသိတာနဲ႔ ရည္းစားမရွိဘူးႀကိဳက္လို႔အဆင္ေျပတယ္ဆိုရင္ ကြၽန္ေတာ္ကေယာက်္ားေလးပီပီ ပဲေလးေပးလိုက္႐ုံနဲ႔ ကြၽန္ေတာ့္အနားကိုေရာက္လာတယ္ ကြၽန္

ေတာ့္ကိုခ်စ္စကားေျပာတယ္ ကြၽန္ေတာ္ကအေျဖေပးလိုက္တယ္ ဒါပဲကြၽန္ေတာ္ကဂ်ီးမ်ားတယ္ ေယာက်္ားပီပီ ေကာင္မေလးေတြဆိုရင္ ေခ်ာမွလွမွ ဆြဲေဆာင္မႈရွိမွႀကိဳက္တယ္ နီးစပ္႐ုံနဲ႔ရည္းစားမျဖစ္တတ္ဘူးေပါ့” လို႔ ပြင့္ပြင့္လင္းလင္းဆိုခဲ့ပါတယ္ သူ႔ကိုတင္ေတ ာင္းတယ္ဆိုတဲ့အေၾကာင့္နဲ႔ပတ္သတ္ၿပီး ရဲတိုက္က“သူကနယ္ကပါ ေတာင္ႀကီးကပါ မိဘေတြေဆြမ်ိဳးေတြဘက္ကပါ ကြၽန္ေတာ့္မိဘေတြကကြၽန္ေတာ့္ကိုအေမြျဖတ္လိုက္ၾကၿပီ ေတာင္ေပၚျပန္သြားၾကၿပီ ကြၽန္ေတာ့္မွာအေမလည္းမရွိေတာ့ဘူးအေဖပဲရွိေတာ့တယ္ အေဖက

လည္းဒီအ႐ြယ္သားတစ္ေယာက္ကိုေနာက္ဆံတင္းစရာမရွိေတာ့တဲ့အတြက္ ေတာင္ေပၚျပန္သြားၾကတယ္ ညီေတြေရာ ေဆြမ်ိဳးေတြေရာဆိုေတာ့ ကြၽန္ေတာ္ဒီမွာတစ္ေယာက္တည္းျဖစ္ေနတာျမင္လို႔ သူတို႔ကအိမ္ေထာင္ျပဳေစခ်င္ၾကတယ္ ကြၽန္ေတာ္ကလည္း အိမ္ေထ ာင္ျပဳတာကို ဘယ္သူ႔တိုက္တြန္းခ်က္မွ မပါေစခ်င္ဘူး ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ပဲျဖစ္ေစခ်င္တယ္”“ကြၽန္ေတာ့္ေကာင္မေလးကိုေတာင္ ေမာင္လက္ထပ္ၾကရေအာင္လို႔အရင္မေျပာေစခ်င္ဘူး ေကာင္မေလးကိုခ်စ္တဲ့စကားမေျပာခင္ ငါကေတာ့ လူပ်ိဳႀကီးလုပ္မွာ လက္မ

ထပ္ဘူး ခ်စ္သူရည္းစားတစ္ေယာက္နဲ႔ ၉ႏွစ္၁၀ႏွစ္ၾကာတြဲရပါေစ တြဲမယ္ ဒါေပမဲ့ ခ်စ္သူရည္းစားတစ္တြဲက ၉ႏွစ္ေက်ာ္ ၁၀ႏွစ္ခံလိမ္မယ္လို႔ ငါမထင္ဘူး ငါတြဲၾကည့္မယ္ တကယ္မခံဘူးေလ ၁၀ႏွစ္မေျပာနဲ႔ ၅ႏွစ္ခံတဲ့ Relationship ေတာင္မရွိဘူး အဲဒီ့ေတာ့ ကြၽန္ေတာ္အိမ္ေထာင္မျပဳတာ မွန္တာေပါ့”“ဒါမ်ိဳးကို႐ိုင္း႐ိုင္းစိုင္းစိုင္းလည္းမတုံ႔ျပန္ခ်င္ဘူး လိုလိုလားလားလည္းလက္မခံႏိုင္ဘူး အေျဖေပးရတာမ်ိဳးလည္းမလုပ္ခ်င္ေတာ့ ဒီအတိုင္းထားထားတာ ဒါက ကြၽန္ေတာ့္အေဖကေနတစ္ဆင့္ေရာက္လာတာေပါ့ ကြၽန္ေတာ္မခ်စ္

တဲ့မိန္းမကိုကြၽန္ေတာ္လက္မထပ္ႏိုင္ပါဘူး ဒီကိစၥကေတာ့ ဒီအင္တာဗ်ဴးကေန ၿပီးသြားၿပီေပါ့ ကိုယ္တိုင္လက္ထပ္ခြင့္ေတာင္းရင္လည္း စိန္လက္စြပ္မပါပါဘူး စိန္လက္စြပ္ပါမွလက္ထပ္မယ္ဆိုတဲ့မိန္းမကိုလည္း ကြၽန္ေတာ္မလိုခ်င္ပါဘူး” လို႔ သူ႔ရဲ႕အျမင္ကို ပြင့္ပြင့္လင္းလင္းေျပာခဲ့တာပါ။

Source – 8 Days
Shwe Yaung Myanmar

Add a Comment

Your email address will not be published. Required fields are marked *