မြန်မာ့လက်ဝှေ့နဲ့ မွေ့ထိုင်းချန်ပီယံတွေကို အလဲသိပ်ပြမယ်ဆိုတဲ့ ဒေဝ
Sharing is caring!
ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ နိုင်ငံကျော် မြန်မာ့လက်ဝှေ့ ချန်ပီယံ ဒေဝ ရဲ့ ရင်ဖွင့်စာလေးအကြောင်းပဲ ဖြစ်ပါတယ်။ သူချစ်ရတဲ့ သူ့ကိုချစ်ခင်အားပေး ကြတဲ့ ပရိသတ်ကြီးထံ ရေးခဲ့တဲ့ စာလေးပဲ ဖြစ်ပါတယ်။ ဒေဝ ကတော့ သူ့ရဲ့ လူမှု
ကွန်ရက် စာမျက်နှာပေါ်မှာ” ကျွန်တော့်ကို အားပေးတဲ့ပရိသတ်တွေကို ပြောစရာလေးရှိလို့ပါခင်ဗျာ။ ကျွန်တော် အခုယှဉ်ပြိုင်ထိုးခဲ့တဲ့ပွဲကို ကျွန်တော့်ရဲ့ ဖေ့စ်ဘုတ်ပေ့ချ်မှာ ပရိသတ် ၃၉ သန်းအထိ အားပေးခဲ့ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံက ၅၃ သန်းသော လူဦး
ရေနဲ့တွက်ရင် နိုင်ငံတဝက်မက အားပေးခဲ့ကြတာပါ။အခုဆို ကျွန်တော့်ပေ့ချ်မှာ ဖော်လိုဝါတွေလည်း ၁.၃သန်းအထိ ရှိခဲ့ပါပြီ။ ခင်ဗျားတို့ဟာ ကျွန့်တော်ရဲ့အသင်း၊ ကျွန်တော့်ရဲ့ ဒေဝမိသားစုဝင်တွေပါပဲ။ ဒီနှစ်ကုန်မှာ ဖော်လိုဝါ ၂သန်းအထိ ရောက်ချင်ပါတယ်။ ဒီပို့
စ်လေးကို ရှဲပေးခြင်းဖြင့် ကူညီကြပါ။လက်ဝှေ့အသိုင်းအဝိုင်း ကြီးလာလေလေ၊ လက်ဝှေ့က ကမ္ဘာတစ်ဝှမ်းမှာ လူသိများလာလေလေနဲ့ ကမ္ဘာတစ်ဝှမ်းကလူတွေ မြန်မာ့ယဉ်ကျေးမှုကို ပိုစိတ်ဝင်စားလာလေလေ ဖြစ်လာမှာပါ။ ကျွန်တော်တို့ရဲ့ ရွှေရောင်လွှမ်းတဲ့မြန်
မာ့မြေကို သူတို့အလည်လာချင်စိတ်တွေလည်း ဖြစ်ကြပါလိမ့်မယ်။လက်ဝှေ့က မြန်မာ့စီးပွားရေး တိုးတက်ဖို့ အထောက်အကူပြုနိုင်တဲ့သဘောပါပဲ။ ကမ္ဘာတဝှမ်းကလူတွေဟာ လက်ဝှေ့သင်ဖို့ လာလည်ကြမယ်၊ လက်ဝှေ့ပွဲတွေကြည့်ကြမယ်၊ စားသောက်ဆိုင်တွေသွား
မယ်၊ မြန်မာ့အစားအစာတွေကို စားကြမယ်၊ ဟိုတယ်တွေမှာတည်းကြမယ်၊ အမှတ်တရပစ္စည်းတွေ ဝယ်ကြမယ်၊ပုဂံ၊အင်းလေး၊ရွှေတိဂုံဘုရား၊ ဇွဲကပင် စတဲ့အထင်ကရနေရာတွေကို သွားလည်ကြမယ်။ လက် ဝှေ့က တိုင်းပြည်ကို အပြောင်းအလဲတစ်ခုဖြစ်စေမယ်ဆို
တာ ဟုတ်ရဲ့လားဗျ။ သိပ်ဟုတ်တာပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ ရိုးရာအားကစားကအသေအချာကို လုပ်နိုင်တာပေါ့။ ထိုင်းက မွေထိုင်းကိုသုံးပြီး သူတို့နိုင်ငံတိုးတက်အောင်လုပ်တယ်၊ ကျွန်တော်တို့က ပိုတောင် လုပ်လို့ရပါသေးတယ်။သူတို့က လက်ဝှေ့ကို ပုံတူကူးပြီး မွေ
ထိုင်းဆိုပြီးလုပ်တယ်။ ကျွန်တော် အဲဒါကိုဘဝင်မကျဘူးဗျာ။ ဒါကြောင့် ကျွန်တော် မြန်မာ့လက်ဝှေ့ကိုသုံးပြီး မွေထိုင်းချန်ပီယံတွေကို အလဲသိပ်ချင်တာ။ ပြီးခဲ့တဲ့အပတ်က မွေထိုင်းချန်ပီယံ ဆိုင်းရပ်စ်ကို အလဲသိပ်သလိုမျိုးပေါ့ဗျာ။တစ်နေ့ကျရင်တော့ ဒေါ်အောင်ဆန်း
စုကြည်နဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်မိပါတယ်။ မြန်မာ့ခရီးသွားလုပ်ငန်းမှာ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့အားကိုသုံးဖို့အကြောင်းတွေ ပြောချင်လို့ပါ။ ကျွန်တော့်ရဲ့ ပြီးခဲ့တဲ့ပွဲက အရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်မှာလုပ်တဲ့ ပထမဆုံး မြန်မာ့လက်ဝှေ့ပွဲမို့လို့
ပါ။ ဒါဟာ မြန်မာ့လက်ဝှေ့ ခြေဆန့်ပြီး ခရီးရောက်လာတဲ့သဘောပါပဲ။အမေရိကန်မြေပေါ်မှာ မြန်မာတီးလုံးနဲ့ ကျွန်တော်လက်ဝှေ့ရေးပြနိုင်ခဲ့တာကိုလည်း တကယ်ဂုဏ်ယူမိတယ်။ ပြီးတော့ လက်ဝှေ့ဂုရုကြီးတွေ့မရှောင် ထိုးခဲ့သလို သူ့ခြေရာနင်းပြီး လှောင်အိမ်ထဲမှာ ထိုး
ရတာကိုလည်း တကယ်ကျေနပ်မိပါတယ်။ ကျွန်တော် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နဲ့လည်း ပြောဆိုခဲ့ပြီး သူတို့အနေနဲ့ ပထမဆုံးUSA လက်ဝှေ့အဖွဲ့ချုပ် တည်ထောင်နိုင်ရေးအတွက် ကူညီ ပေးဖို့လည်း စိတ်လှုပ်ရှားနေပါတယ်။ အဲဒီအတွက်လည်း ကျွန်တော့်အဖွဲ့နဲ့
အတူ အားစိုက်လုပ်ဆောင်သွားမှာပါ။ ခင်ဗျားဟာ မြန်မာနိုင်ငံသားတစ်ယောက်ဆိုရင် အခုအခြေအနေတွေအတွက် ဂုဏ်ယူဖို့ကောင်းတာ အသေအချာပါပဲ။ ကျွန်တော်မြန်မာနိုင်ငံမှာ မွေးတဲ့သူမဟုတ်ပေမယ့် တကယ်ကို ဂုဏ်ယူမိပါတယ်။ဒီပွဲအတွက် အဖွဲ့အစည်းရဲ့
အပြင်ကနေ ပံ့ပိုးပေးခဲ့တဲ့ ကိုဇေသီဟနဲ့ WLC အဖွဲ့ကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့နောက်ထပ်ပန်းတိုင်ကတော့ ၂၀၂၁ မှာ ကျွန်တော့်ရဲ့ WLC ခါးပတ်ကို ကာကွယ်သွားဖို့ပါပဲ။ အားလုံးရဲ့ အားပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ – ဒေဝ ” ဆို
ပြီးတော့ ပြောပြလာတာပဲ ဖြစ်ပါတယ်။ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒေဝရဲ့ စိတ်သဘောထားကို သိရှိပြီးကြပြီဖြစ်လို့ ဒေဝ ရဲ့ စကားလေးအတိုင်း ဝိုင်းပြီး share ပေးကြပါဦးနော်။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာ
ပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။Source:Dave Leduc
Zawgyi Version
Add a Comment
Your email address will not be published.