အကြော်သည် အမေအိုရဲ့ စကားကို ကြားလိုက်ရသောအခါ

Sharing is caring!

အကြော်တစ်ခုကို ၅၀ပါ…၁၀၀ဖိုးကို ၃ ခု ထားလိုက်…မရလို့ပါကွယ်…၂၀၀ ဖိုး ၅ ခုတော့ ထားလိုက်ပါလို့ ပြောလိုက်သောအခါ

“ကျွန်တော်နဲ့အကြော်သည်အမေကြီး”အမှတ်တမဲ့ပါပဲ နားထဲခပ်သဲ့သဲ့ကြားလိုက်တာပါ။

အကြော်တစ်ခုကို ဘယ်လောက်လဲ ?ကလေးတစ်ယောက်ကိုလက်ဆွဲပြီးတော့ အမျိုးသမီးတစ်ယောက်(ငွေကြေးပြည့်စုံတဲ့ အသိုင်းအဝိုင်းက ပုံစံမျိုးပါပဲ)အကြော်ဝယ်ဖို့မေးနေတဲ့ အသံပါ။

အကြော်တစ်ခုကို ၅၀ပါ၁၀၀ဖိုးကို ၃ ခု ထားလိုက်မရလို့ပါကွယ်၂၀၀ ဖိုး ၅ ခုတော့ ထား…တအောင့်လောက်နေတော့..နောက်ထပ်ကြား လိုက်ရတယ်”လာ…သား…အကြော်တွေက ညစ်တီးညစ်ပတ်နဲ့ မသန့်ရှင်းဘူး…မစားချင်နဲ့..သား”..ဆိုပြီး .ကလေးကို ဆွဲခေါ်သွားတယ်။

ကျွန်တော် စိတ်ဝင်စားသွားတယ်…သေချာလှမ်းကြည့်လိုက်တော့…အသက်(၆၀)ကျော် အမေကြီးတစ်ယောက် အကြော်ရောင်းနေတာကို အမျိုးသမီးတစ်ယောက်က ဈေးဆစ်နေတာ။သြော်..လူတွေများခက်လိုက်တာဗျာအကြော်ဝယ်ဖို့ဈေးဆစ်လို့မရတော့ညစ်ပတ်တယ်မစားနဲ့လို့ ပြောသွားတယ်။

ထိုအမျိုးသမီးရဲ့ စိတ်ဓာတ်နဲ့အဆင့်အတန်းကို မဝေဖန်ချင်တော့ မစဉ်းစားချင်တော့အကြော်သည် အမေကြီးကို ကြည့်လိုက်တော့ အားငယ်သွားတဲ့ မျက်နှာလေးနဲ့ထွက်သွားတယ်။

” ဟောဒီက…အကြော်ပူပူလေး…”ရင်ထဲမှာ တော်တော်လေးစိတ်မကောင်းဖြစ်သွားတယ် ကျွန်တော် ကမန်းကတန်းလှမ်းခေါ်လိုက်တယ် အမေကြီး…

ခဏနေပါအုံးဗျ အကြော်ဝယ်ချင်လို့ပါပြန်လှည့်လာပြီး…အကြော်ဗန်းကို ချပေးတယ် ကြည့်လိုက်တော့ မုန့်ပေါင်းနဲ့ အကြော်လေးတွေက အစီအရီ…ဗန်းထဲမှာ စားချင်စဖွယ်သန့်သန့်ရှင်းရှင်းလုပ်ထားတာပါ။

(စဉ်းစားမိတယ်. းနေရဲ့ အပူရှိန်အောက်မှာ အကြော်တွေကမနက်က ကြော်ထားတာဖြစ်နိုင်ပေမယ့် အပူရှိန်ကြောင့် အကြော်တွေကပူနေမှာမလွဲ

အကြော်ပူပူလေးလို့ အော်ရောင်းတာနဲ့ အကိုက်ပဲ)သြော်..ဒီအသက်အရွယ်နဲ့ နေပူပူမှာ ဘယ်လောက်ပင်ပမ်း ရှာလေမလဲ….ငါ့အမေ များ ဒီလိုဆိုရင်ဆိုတဲ့ အတွေးနဲ့. ကိုယ်ချင်းစာစိတ်မကောင်းဖြစ်မိတယ်။

အမေကြီး ” အကြော် တစ်ခု ဘယ်လောက်လဲ” သိပေမယ့် ထပ်မေးလိုက်တယ်…” အကြော်တစ်ခု (၅၀)ပါ သားလေးရယ်”(နောက်ထပ်ဈေးဆစ်မှာရောင်းမကောင်းမှာ စိုးရိမ်နေပုံပါပဲ..မျက်နှာပေါ်ကချွေးစက်တွေကို သဘက်နဲ့သုတ်ရင်း ခပ်တိုးတိုးဖြေတယ်)

” အမေကြီး အကြော်တွေက စားချင်စရာပဲ..စားကောင်းမယ့်ပုံပဲဗျ ” ..ဆိုပြီး အကြော်တစ်ခုကို ကောက်ဝါးလိုက်တယ်။(သူ့ခမျာ အမောပြေ သဘောကျသွားပုံပဲ.ညှိုးငယ်နေတဲ့ မျက်နှာချက်ခြင်းပြုံးလာတယ် ဝမ်းသာသွားပုံပဲ)

” အရသာရှိတယ် အမေကြီးး.ရုံးကလူတွေလည်း ကျွေးချင်လို့..အကုန်လုံးဆိုရင်ဘယ်လောက်ကျလဲ “လို့ မေးပြီး..ငါးထောင်တန် တစ်ရွက်ထုတ် ပေးလိုက်တယ်အကြော်တွေထည့်ရင်းနဲ့… ဗန်းအောက်က ငါးရာတန်နဲ့နှစ်ရာတန် အနွမ်းလေးတွေတုန်တုန်ရီရီနဲ့ ထုတ်ရေပြီး..ပြန်အမ်းဖို့ ကြိုးစားနေတယ်။” ရတယ် အမေကြီး..ပြန်မအမ်းပါနဲ့တော့” ..

ဆိုတော့..” မဟုတ်တာ သားလေးရယ်” တဲ့” ရတယ်..ပိုတာကို ကုသိုလ်လုပ်တာပါ”လို့ပြောလိုက်ရော….” ကျေးဇူးတင်လိုက်တာ စိတ်ကောင်းရှိလိုက်တာ သားလေးရယ်။အိမ်က သားတွေများ ဒီလိုသိတတ်ရင်ဆိုပြီး ပုခုံးပေါ်တင်ထားတဲ့ သဘက်အနွမ်းလေးနဲ့ မျက်ရည်စတချို့ကို ဖျတ်ခနဲသုတ်ရှာတယ်။

“ရင်ထဲမှာမကောင်း မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ မျက်ရည်လည်မိတယ်”” အမေကြီး အသက်ဘယ်လောက်ရှိပြီလဲ ဆိုတော့(၆၅)နှစ်တဲ့ကျွန်တော့်အမေနဲ့ အသက်သိပ်မကွာအသက်သိပ်မကွာ။လောကဒဏ်ရဲ့ရိုက်ပုတ်မှုပင်ပမ်းဆင်းရဲမှုတွေကြောင့် အမေ့ထက်တောင် အများကြီးအိုစာနေပါလား။

တကယ်ဆို ဒီအရွယ်က ဘုရားရိပ်..တရားရိပ်မှာ..တရားအားထုတ်ပြီး အေးအေးချမ်းချမ်းနေရမယ့် အရွယ်လေ”သားသမီးတွေ ရှိလားလို့လည်း ကျွန်တော် မမေးချင်တော့ပါ….သားသမီးတွေက မထောက်ပံ့ကြဘူးလားလို့လည်း မမေးချင်တော့ပါ…ဒီလို ပင်ပင်ပန်းပန်း ဈေးရောင်းနေကြရတဲ့ အမေမျိုးတွေ မြန်မာပြည်မှာ ဘယ်လောက်တောင် ရှိနေမလဲ…ကျွန်တော်ကကော ဘယ်နှစ်ခါ ဘယ်လောက်ကူညီနိုင်မှာမို့လဲ။

တကယ်တော့ ….လူတိုင်းရဲ့ ရင်ထဲမှာ ကိုယ်ချင်းစာ နားလည်တတ်တဲ့စိတ် သားသမီးတိုင်းရဲ့ ရင်ထဲမှာ..မိဘကျေးဇူးကိုသိတတ်နားလည်လုပ်ကျွေးပြုစုချင်တဲ့စိတ် လူသားတိုင်းရဲ့ ရင်ထဲမှာကိုယ်စီတာဝန်ကျေနားလည်မှုတွေ.ရှိနေကြမယ်ဆိုရင်…

Zawgyi Version

အေၾကာ္တစ္ခုကို ၅၀ပါ…၁၀၀ဖိုးကို ၃ ခု ထားလိုက္…မရလို႔ပါကြယ္…၂၀၀ ဖိုး ၅ ခုေတာ့ ထားလိုက္ပါလို႔ ေျပာလိုက္ေသာအခါ

“ကြၽန္ေတာ္နဲ႔အေၾကာ္သည္အေမႀကီး”အမွတ္တမဲ့ပါပဲ နားထဲခပ္သဲ့သဲ့ၾကားလိုက္တာပါ။

အေၾကာ္တစ္ခုကို ဘယ္ေလာက္လဲ ?ကေလးတစ္ေယာက္ကိုလက္ဆြဲၿပီးေတာ့ အမ်ိဳးသမီးတစ္ေယာက္(ေငြေၾကးျပည့္စုံတဲ့ အသိုင္းအဝိုင္းက ပုံစံမ်ိဳးပါပဲ)အေၾကာ္ဝယ္ဖို႔ေမးေနတဲ့ အသံပါ။

အေၾကာ္တစ္ခုကို ၅၀ပါ၁၀၀ဖိုးကို ၃ ခု ထားလိုက္မရလို႔ပါကြယ္၂၀၀ ဖိုး ၅ ခုေတာ့ ထား…တေအာင့္ေလာက္ေနေတာ့..ေနာက္ထပ္ၾကား လိုက္ရတယ္”လာ…သား…အေၾကာ္ေတြက ညစ္တီးညစ္ပတ္နဲ႔ မသန႔္ရွင္းဘူး…မစားခ်င္နဲ႔..သား”..ဆိုၿပီး .ကေလးကို ဆြဲေခၚသြားတယ္။

ကြၽန္ေတာ္ စိတ္ဝင္စားသြားတယ္…ေသခ်ာလွမ္းၾကည့္လိုက္ေတာ့…အသက္(၆၀)ေက်ာ္ အေမႀကီးတစ္ေယာက္ အေၾကာ္ေရာင္းေနတာကို အမ်ိဳးသမီးတစ္ေယာက္က ေဈးဆစ္ေနတာ။ေၾသာ္..လူေတြမ်ားခက္လိုက္တာဗ်ာအေၾကာ္ဝယ္ဖို႔ေဈးဆစ္လို႔မရေတာ့ညစ္ပတ္တယ္မစားနဲ႔လို႔ ေျပာသြားတယ္။

ထိုအမ်ိဳးသမီးရဲ႕ စိတ္ဓာတ္နဲ႔အဆင့္အတန္းကို မေဝဖန္ခ်င္ေတာ့ မစဥ္းစားခ်င္ေတာ့အေၾကာ္သည္ အေမႀကီးကို ၾကည့္လိုက္ေတာ့ အားငယ္သြားတဲ့ မ်က္ႏွာေလးနဲ႔ထြက္သြားတယ္။

” ေဟာဒီက…အေၾကာ္ပူပူေလး…”ရင္ထဲမွာ ေတာ္ေတာ္ေလးစိတ္မေကာင္းျဖစ္သြားတယ္ ကြၽန္ေတာ္ ကမန္းကတန္းလွမ္းေခၚလိုက္တယ္ အေမႀကီး…

ခဏေနပါအုံးဗ် အေၾကာ္ဝယ္ခ်င္လို႔ပါျပန္လွည့္လာၿပီး…အေၾကာ္ဗန္းကို ခ်ေပးတယ္ ၾကည့္လိုက္ေတာ့ မုန႔္ေပါင္းနဲ႔ အေၾကာ္ေလးေတြက အစီအရီ…ဗန္းထဲမွာ စားခ်င္စဖြယ္သန႔္သန႔္ရွင္းရွင္းလုပ္ထားတာပါ။

(စဥ္းစားမိတယ္. းေနရဲ႕ အပူရွိန္ေအာက္မွာ အေၾကာ္ေတြကမနက္က ေၾကာ္ထားတာျဖစ္ႏိုင္ေပမယ့္ အပူရွိန္ေၾကာင့္ အေၾကာ္ေတြကပူေနမွာမလြဲ

အေၾကာ္ပူပူေလးလို႔ ေအာ္ေရာင္းတာနဲ႔ အကိုက္ပဲ)ေၾသာ္..ဒီအသက္အ႐ြယ္နဲ႔ ေနပူပူမွာ ဘယ္ေလာက္ပင္ပမ္း ရွာေလမလဲ….ငါ့အေမ မ်ား ဒီလိုဆိုရင္ဆိုတဲ့ အေတြးနဲ႔. ကိုယ္ခ်င္းစာစိတ္မေကာင္းျဖစ္မိတယ္။

အေမႀကီး ” အေၾကာ္ တစ္ခု ဘယ္ေလာက္လဲ” သိေပမယ့္ ထပ္ေမးလိုက္တယ္…” အေၾကာ္တစ္ခု (၅၀)ပါ သားေလးရယ္”(ေနာက္ထပ္ေဈးဆစ္မွာေရာင္းမေကာင္းမွာ စိုးရိမ္ေနပုံပါပဲ..မ်က္ႏွာေပၚကေခြၽးစက္ေတြကို သဘက္နဲ႔သုတ္ရင္း ခပ္တိုးတိုးေျဖတယ္)

” အေမႀကီး အေၾကာ္ေတြက စားခ်င္စရာပဲ..စားေကာင္းမယ့္ပုံပဲဗ် ” ..ဆိုၿပီး အေၾကာ္တစ္ခုကို ေကာက္ဝါးလိုက္တယ္။(သူ႔ခမ်ာ အေမာေျပ သေဘာက်သြားပုံပဲ.ညႇိဳးငယ္ေနတဲ့ မ်က္ႏွာခ်က္ျခင္းၿပဳံးလာတယ္ ဝမ္းသာသြားပုံပဲ)

” အရသာရွိတယ္ အေမႀကီးး.႐ုံးကလူေတြလည္း ေကြၽးခ်င္လို႔..အကုန္လုံးဆိုရင္ဘယ္ေလာက္က်လဲ “လို႔ ေမးၿပီး..ငါးေထာင္တန္ တစ္႐ြက္ထုတ္ ေပးလိုက္တယ္အေၾကာ္ေတြထည့္ရင္းနဲ႔… ဗန္းေအာက္က ငါးရာတန္နဲ႔ႏွစ္ရာတန္ အႏြမ္းေလးေတြတုန္တုန္ရီရီနဲ႔ ထုတ္ေရၿပီး..ျပန္အမ္းဖို႔ ႀကိဳးစားေနတယ္။” ရတယ္ အေမႀကီး..ျပန္မအမ္းပါနဲ႔ေတာ့” ..

ဆိုေတာ့..” မဟုတ္တာ သားေလးရယ္” တဲ့” ရတယ္..ပိုတာကို ကုသိုလ္လုပ္တာပါ”လို႔ေျပာလိုက္ေရာ….” ေက်းဇူးတင္လိုက္တာ စိတ္ေကာင္းရွိလိုက္တာ သားေလးရယ္။အိမ္က သားေတြမ်ား ဒီလိုသိတတ္ရင္ဆိုၿပီး ပုခုံးေပၚတင္ထားတဲ့ သဘက္အႏြမ္းေလးနဲ႔ မ်က္ရည္စတခ်ိဳ႕ကို ဖ်တ္ခနဲသုတ္ရွာတယ္။

“ရင္ထဲမွာမေကာင္း မိဘခ်င္းကိုယ္ခ်င္းစာစိတ္နဲ႔ မ်က္ရည္လည္မိတယ္”” အေမႀကီး အသက္ဘယ္ေလာက္ရွိၿပီလဲ ဆိုေတာ့(၆၅)ႏွစ္တဲ့ကြၽန္ေတာ့္အေမနဲ႔ အသက္သိပ္မကြာအသက္သိပ္မကြာ။ေလာကဒဏ္ရဲ႕႐ိုက္ပုတ္မႈပင္ပမ္းဆင္းရဲမႈေတြေၾကာင့္ အေမ့ထက္ေတာင္ အမ်ားႀကီးအိုစာေနပါလား။

တကယ္ဆို ဒီအ႐ြယ္က ဘုရားရိပ္..တရားရိပ္မွာ..တရားအားထုတ္ၿပီး ေအးေအးခ်မ္းခ်မ္းေနရမယ့္ အ႐ြယ္ေလ”သားသမီးေတြ ရွိလားလို႔လည္း ကြၽန္ေတာ္ မေမးခ်င္ေတာ့ပါ….သားသမီးေတြက မေထာက္ပံ့ၾကဘူးလားလို႔လည္း မေမးခ်င္ေတာ့ပါ…ဒီလို ပင္ပင္ပန္းပန္း ေဈးေရာင္းေနၾကရတဲ့ အေမမ်ိဳးေတြ ျမန္မာျပည္မွာ ဘယ္ေလာက္ေတာင္ ရွိေနမလဲ…ကြၽန္ေတာ္ကေကာ ဘယ္ႏွစ္ခါ ဘယ္ေလာက္ကူညီႏိုင္မွာမို႔လဲ။

တကယ္ေတာ့ ….လူတိုင္းရဲ႕ ရင္ထဲမွာ ကိုယ္ခ်င္းစာ နားလည္တတ္တဲ့စိတ္ သားသမီးတိုင္းရဲ႕ ရင္ထဲမွာ..မိဘေက်းဇူးကိုသိတတ္နားလည္လုပ္ေကြၽးျပဳစုခ်င္တဲ့စိတ္ လူသားတိုင္းရဲ႕ ရင္ထဲမွာကိုယ္စီတာဝန္ေက်နားလည္မႈေတြ.ရွိေနၾကမယ္ဆိုရင္…

Add a Comment

Your email address will not be published. Required fields are marked *