၁၅ ရက်အတွင်း သိသိသာသာပိန်စေမည့် တိုင်းရင်းဆေးနည်း

Sharing is caring!

အဆီကျ အသားကျစ် တိုင်းရင်းဆေး အထူး အဆီကျ အသားကျစ် ပိန်ဆေးကြီး ယနေ့ခေတ် လူနေမှုပုံစံပြောင်းလဲလာမှု။အစားအသောက်နှင့် ဇိမ်ခံပစ္စည်းများ ပေါများလာ ခြင်းကြောင့် အဝလွန်သည့်ပြသနာသည် ခေတ်စားလာချေပြီ။အဝလွန်လျှင် ဖြစ်ပေါ်လာ တတ်သော ကျန်းမာရေးဆိုးကျိုးများကို လူတိုင်းလိုလို သိထားပြီးဖြစ်ပါသည်။အဆီကျဆေး ပိန်ဆေးများသည်လည်း အရှေ့တိုင်းဆေး၊ အနောက်တိုင်းဆေး စုံလင်စွာဈေးကွက်ထဲတွင် မှိုလိုပေါက်လျက်ရှိပါသည်။သို့သော် ဘေးကင်းသော စိတ်ချရသော ဆေးအများစုမှာ တို င်းရင်းဆေးများပင် ဖြစ်ကြ သည်ကများပါသည်။အနောက်တိုင်းဆေးများတွင်လည်း အလွန်ကောင်းသော ဆေးများရှိကြပါသည်။သို့သော် ဈေးအဆမတန်များပြာ းလွန်းသဖြင့် သုံးစွဲနိုင်သူက နည်းပါးလွန်းလှပါသည်။ ယခုဖေါ်ပြမည့်ဆေးသည်အလွန်အစွမ်းထက်သော လက်တွေ့ကျသော ဆေးနည်းဖြစ်ပြီး ရှားပါးသော ဆေးနည်းမူမှန်တစ်ခုဖြစ်ပါသည်။

ဤ ဆေးကိုသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းရှိ တေဇော ဝါယောဓာတ် (အပူ) ကို ငြိမ်းစေပြီးကိုလက်စရောခေါ် အဆီဓာတ်ကို အထူးလျှော့ချပေးသော သတ္တိရှိပါသည်။သွေးတွင်းအဆီကို ကျစေရုံသာမက သွေးကြောတွင်း အဆီပိတ်ဆို့ခြင်းမှ ကင်းဝေးစေသည်။ ခန္ဓာကိုယ်တွင်းမှမကောင်းသော အည စ် အကြေး (မလ) တို့ကို (ဆီး+ဝမ်း+ချွေး+လေ) အဖြစ် စွန့်ထုတ် သန့်ရှင်းစေသော သတ္တိရှိပါသည်။လေးဘက်နာရောဂါ၊ အဆစ် ရောင်ကိုက်ရောဂါ ဂေါက်ရောဂါများကိုပါ အထူးပျောက်ကင်းစေသည်။(လေးဘက်နာရောဂါ အမြစ်ပြတ်ပျောက်သည့် အာနိသင်ရှိပါသည်)ကျောက်ကပ်အားနည်းသူ၊အသ ားပွသူ၊ ဖေါရောဂါရှိသူများ သောက်ရန် အထူးသင့်တော်ပါသည်။လူမျိုးဘာသာမရွေး ကိုယ်တိုင် ဖေါ်စပ် သောက်သုံးကြပါကုန်။

ဆေးနည်း၁။ ငုပင်အရွက် ၁၀ သား၂။ စောင်းရှားရွက် ၁၀ သား(ဟင်းချက်စားသော ဇောင်းခါးပင်အရွက်ဖြစ်ပါသည်)၃။ တိလင်္ကသာရွက် ၁၀ သား (မုန့်ကျွဲသဲပင်/ ကျွဲနပေါင်းပင် ဟုလည်းခေါ်သည် )၄။ ရှား စောင်းလက်ပါတ် ၁၀ သား၅။ ထန်းလျက် ၁၀ သား၆။ နှမ်းဆီ ၂ ကျပ်ခွဲသား(မှိုမတက်ရန် ထည့်ခြင်းဖြစ်သည်)

ဆေးဖေါ်နည်းဆေးရွက်များကို လတ်ဆတ်စွာ ခူးယူလျှက် ရေစင်ကြယ်စွာဆေးပါ။ရေခြောက်စေရန် စစ်ထားပါ။နေခြောက်မလှန်းရ။ အရွက်အစိုကိုသာ သုံးပါ။ ဆေးရွက်များကို ဓားဖြင့်ပါးပါးလှီးထားပါ။သန့်ရှင်းသော သံငြုတ်ဆုံတွင်ထည့်၍ နုညက် အိထွေးလာအောင် စိတ်ရှည်ရှည်ဖြင့် ထောင်းပါ။သို့မဟုတ် ဆေးကျောက်ပျဉ်သန့်သန့် တွင်တင်၍ ဆေးကို အမျှင်အဖတ်များမကျန်အောင် ညက်နေအောင်ကြိတ်ပါ။ရှားစောင်းလက်ပါတ်ကို အခွံရောအသားပါ လှီး၍ ထားပါ။ ။ဆေးချက်နည်း

ဆေးရွက် ၃ မျိုးကြိတ်ထားသော ဆေးဖတ်များကို သမအောင် ရောစပ်ထားပါ။ပထမဆုံး ထန်းလျက်ကို အိုးထဲထည့်၍ ကျိုပါ။ရေမထည့်ရ ထန်းလျက် အရေပျော်သောအခါ ရှားစောငိးလက်ပါတ်ကို ထည့်ပါ။ရှားစောင်းလက်ပါ တ် နွ မ် းလျှင်ကြိတ်ထားသော ဆေးရွက်များကို ထည့်ပါ။မီးနုနုဖြင့် မတူးမချစ်အောင် ၄၅ မိနစ်ခန့်ချက်ပါ။ ၁ နာရီထိ ချက်နိုင်သည်။ ဆေးများအနေတော်(မိမိစိတ်ကြိုက်အနေအထား) ရောက်သောအခါ နှမ်းဆီကိုထည့်၍ ၅ မိနစ်ခန့် နာနာမွှေပေးပါနှမ်းဆီမထည့်ပါက ဆေးများ မှိုတက်တတ်ပါသည်။ နောက်ဆုံး မီးဖိုမှချ၍ အအေးခံထားပါ။လေလုံသောဖန်ဗူးဖြင့် ထည့်ထားပါ။ ။ဆေး၏ဓာတ်သဘာဝအရသာ။ ။ အေး ချို ခါးဝိပါက ။ ။ အေး ချို စပ်ဂုဏ် ။ ။ ဟိမ၊ လူခ၊ ဝိသဒ၊ လဟု၊ အာသု ဂုဏ်တို့ရှိကြသည်။သဘာဝ ။

။ ဥဏှငြိမ်း အတွင်း အပြင် ပထဝီအာပေါ လျော့ကျ။ အသားကျစ် အဆီကျ လူပိန်၏။ဆေးသောက်ရန်အညွှန်းတစ်ခါသောက် လဖက်စားဇွန်း တစ်ဇွန်း တစ်နေ့ ၂ ကြိမ်သောက်နိုင်သည်။ ပိန်ချင်ဇောဖြင့် အလွန်အကျွံမစား ရ။ဘေးထွက်ဆိုးကျိုး။ ။တန်လျှင်ဆေး လွန်လျှင်ဘေး။ ဖေါ်ပြထားသည့်အတိုင်းသာ သောက်ပါ။ အသက် ၅၀ ကျော်သူများ၊ အားအင်နည်းသူများ မသောက်သင့်ပါ။ ။စေတနာများစွာဖြင့် မျှဝေပါသည်။ ။အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့‌လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ဆရာကျော်လင်းအောင်

Zawgyi Version

အဆီက် အသားက်စ္ တိုင္းရင္းေဆး အထူး အဆီက် အသားက်စ္ ပိန္ေဆးႀကီး ယေန႔ေခတ္ လူေနမႈပုံစံေျပာင္းလဲလာမႈ။အစားအေသာက္ႏွင့္ ဇိမ္ခံပစၥည္းမ်ား ေပါမ်ားလာ ျခင္းေၾကာင့္ အဝလြန္သည့္ျပသနာသည္ ေခတ္စားလာေခ်ၿပီ။အဝလြန္လွ်င္ ျဖစ္ေပၚလာ တတ္ေသာ က်န္းမာေရးဆိုးက်ိဳးမ်ားကို လူတိုင္းလိုလို သိထားၿပီးျဖစ္ပါသည္။အဆီက်ေဆး ပိန္ေဆးမ်ားသည္လည္း အေရွ႕တိုင္းေဆး၊ အေနာက္တိုင္းေဆး စုံလင္စြာေဈးကြက္ထဲတြင္ မႈိလိုေပါက္လ်က္ရွိပါသည္။သို႔ေသာ္ ေဘးကင္းေသာ စိတ္ခ်ရေသာ ေဆးအမ်ားစုမွာ တို င္းရင္းေဆးမ်ားပင္ ျဖစ္ၾက သည္ကမ်ားပါသည္။အေနာက္တိုင္းေဆးမ်ားတြင္လည္း အလြန္ေကာင္းေသာ ေဆးမ်ားရွိၾကပါသည္။သို႔ေသာ္ ေဈးအဆမတန္မ်ားျပာ းလြန္းသျဖင့္ သုံးစြဲႏိုင္သူက နည္းပါးလြန္းလွပါသည္။ ယခုေဖၚျပမည့္ေဆးသည္အလြန္အစြမ္းထက္ေသာ လက္ေတြ႕က်ေသာ ေဆးနည္းျဖစ္ၿပီး ရွားပါးေသာ ေဆးနည္းမူမွန္တစ္ခုျဖစ္ပါသည္။

ဤ ေဆးကိုေသာက္ျခင္းျဖင့္ ခႏၶာကိုယ္တြင္းရွိ ေတေဇာ ဝါေယာဓာတ္ (အပူ) ကို ၿငိမ္းေစၿပီးကိုလက္စေရာေခၚ အဆီဓာတ္ကို အထူးေလွ်ာ့ခ်ေပးေသာ သတၱိရွိပါသည္။ေသြးတြင္းအဆီကို က်ေစ႐ုံသာမက ေသြးေၾကာတြင္း အဆီပိတ္ဆို႔ျခင္းမွ ကင္းေဝးေစသည္။ ခႏၶာကိုယ္တြင္းမွမေကာင္းေသာ အည စ္ အေၾကး (မလ) တို႔ကို (ဆီး+ဝမ္း+ေခြၽး+ေလ) အျဖစ္ စြန႔္ထုတ္ သန႔္ရွင္းေစေသာ သတၱိရွိပါသည္။ေလးဘက္နာေရာဂါ၊ အဆစ္ ေရာင္ကိုက္ေရာဂါ ေဂါက္ေရာဂါမ်ားကိုပါ အထူးေပ်ာက္ကင္းေစသည္။(ေလးဘက္နာေရာဂါ အျမစ္ျပတ္ေပ်ာက္သည့္ အာနိသင္ရွိပါသည္)ေက်ာက္ကပ္အားနည္းသူ၊အသ ားပြသူ၊ ေဖါေရာဂါရွိသူမ်ား ေသာက္ရန္ အထူးသင့္ေတာ္ပါသည္။လူမ်ိဳးဘာသာမေ႐ြး ကိုယ္တိုင္ ေဖၚစပ္ ေသာက္သုံးၾကပါကုန္။

ေဆးနည္း၁။ ငုပင္အ႐ြက္ ၁၀ သား၂။ ေစာင္းရွား႐ြက္ ၁၀ သား(ဟင္းခ်က္စားေသာ ေဇာင္းခါးပင္အ႐ြက္ျဖစ္ပါသည္)၃။ တိလကၤသာ႐ြက္ ၁၀ သား (မုန႔္ကြၽဲသဲပင္/ ကြၽဲနေပါင္းပင္ ဟုလည္းေခၚသည္ )၄။ ရွား ေစာင္းလက္ပါတ္ ၁၀ သား၅။ ထန္းလ်က္ ၁၀ သား၆။ ႏွမ္းဆီ ၂ က်ပ္ခြဲသား(မႈိမတက္ရန္ ထည့္ျခင္းျဖစ္သည္)

ေဆးေဖၚနည္းေဆး႐ြက္မ်ားကို လတ္ဆတ္စြာ ခူးယူလွ်က္ ေရစင္ၾကယ္စြာေဆးပါ။ေရေျခာက္ေစရန္ စစ္ထားပါ။ေနေျခာက္မလွန္းရ။ အ႐ြက္အစိုကိုသာ သုံးပါ။ ေဆး႐ြက္မ်ားကို ဓားျဖင့္ပါးပါးလွီးထားပါ။သန႔္ရွင္းေသာ သံျငဳတ္ဆုံတြင္ထည့္၍ ႏုညက္ အိေထြးလာေအာင္ စိတ္ရွည္ရွည္ျဖင့္ ေထာင္းပါ။သို႔မဟုတ္ ေဆးေက်ာက္ပ်ဥ္သန႔္သန႔္ တြင္တင္၍ ေဆးကို အမွ်င္အဖတ္မ်ားမက်န္ေအာင္ ညက္ေနေအာင္ႀကိတ္ပါ။ရွားေစာင္းလက္ပါတ္ကို အခြံေရာအသားပါ လွီး၍ ထားပါ။ ။ေဆးခ်က္နည္း

ေဆး႐ြက္ ၃ မ်ိဳးႀကိတ္ထားေသာ ေဆးဖတ္မ်ားကို သမေအာင္ ေရာစပ္ထားပါ။ပထမဆုံး ထန္းလ်က္ကို အိုးထဲထည့္၍ က်ိဳပါ။ေရမထည့္ရ ထန္းလ်က္ အေရေပ်ာ္ေသာအခါ ရွားေစာငိးလက္ပါတ္ကို ထည့္ပါ။ရွားေစာင္းလက္ပါ တ္ ႏြ မ္ းလွ်င္ႀကိတ္ထားေသာ ေဆး႐ြက္မ်ားကို ထည့္ပါ။မီးႏုႏုျဖင့္ မတူးမခ်စ္ေအာင္ ၄၅ မိနစ္ခန႔္ခ်က္ပါ။ ၁ နာရီထိ ခ်က္ႏိုင္သည္။ ေဆးမ်ားအေနေတာ္(မိမိစိတ္ႀကိဳက္အေနအထား) ေရာက္ေသာအခါ ႏွမ္းဆီကိုထည့္၍ ၅ မိနစ္ခန႔္ နာနာေမႊေပးပါႏွမ္းဆီမထည့္ပါက ေဆးမ်ား မႈိတက္တတ္ပါသည္။ ေနာက္ဆုံး မီးဖိုမွခ်၍ အေအးခံထားပါ။ေလလုံေသာဖန္ဗူးျဖင့္ ထည့္ထားပါ။ ။ေဆး၏ဓာတ္သဘာဝအရသာ။ ။ ေအး ခ်ိဳ ခါးဝိပါက ။ ။ ေအး ခ်ိဳ စပ္ဂုဏ္ ။ ။ ဟိမ၊ လူခ၊ ဝိသဒ၊ လဟု၊ အာသု ဂုဏ္တို႔ရွိၾကသည္။သဘာဝ ။

။ ဥဏွၿငိမ္း အတြင္း အျပင္ ပထဝီအာေပါ ေလ်ာ့က်။ အသားက်စ္ အဆီက် လူပိန္၏။ေဆးေသာက္ရန္အၫႊန္းတစ္ခါေသာက္ လဖက္စားဇြန္း တစ္ဇြန္း တစ္ေန႔ ၂ ႀကိမ္ေသာက္ႏိုင္သည္။ ပိန္ခ်င္ေဇာျဖင့္ အလြန္အကြၽံမစား ရ။ေဘးထြက္ဆိုးက်ိဳး။ ။တန္လွ်င္ေဆး လြန္လွ်င္ေဘး။ ေဖၚျပထားသည့္အတိုင္းသာ ေသာက္ပါ။ အသက္ ၅၀ ေက်ာ္သူမ်ား၊ အားအင္နည္းသူမ်ား မေသာက္သင့္ပါ။ ။ေစတနာမ်ားစြာျဖင့္ မွ်ေဝပါသည္။ ။အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာ ေန႔‌ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ဆရာေက်ာ္လင္းေအာင္

Add a Comment

Your email address will not be published. Required fields are marked *