ထောက်ပံ့ကြေးမရသူတွေ တိုင်နိုင်အောင် တိုင်ကြားဖြေရှင်းရေးဌာန ဖွင့်မည်

Sharing is caring!

အစိုးရက ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့ဖို့အတွက် စာရင်း ကောက်ယူတာတွေ ၊ အငြင်းပွားတာတွေ၊ မကျေနပ်မှုတွေနဲ့ ပတ်သက်ပြီး ဆက်သွယ် တိုင်ကြားနိုင်ဖို့ မြို့နယ်အလိုက် တိုင်ကြားမှုဖြေရှင်းရေးဌာန

တွေကို နိုဝင်ဘာလ (၁၆) ရက်က စပြီးဖွင့်လှစ်ဖို့ ညွှန်ကြားထားပြီးဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ ထောက်ပံ့ကြေးနဲ့ ပတ်သက်လို့ ပြည်သူလူထုအကြား အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတဲ့ အခြေ

အနေကို အစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြိး မေးမြန်းတာကို အိမ်တော်သတင်းထောက်များဂရုက တဆင့် ဦးဇော်ဌေးက အခုလို ပြန်လည် ဖြေကြား ပေးခဲ့တာပါ။င်ကြားရာမှာလည်း ပြည်သူတွေအလွယ်တကူ ဆက်သွယ်

တိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးဖို့ ၊မြို့နယ်အဆင့် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးတာ တွေကို ခရိုင်အဆင့်က အနီးကပ်ကြီး ကြပ်ကူညီဖြေရှင်း ဆောင်ရွက်ပေးဖို့၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့အ

သီးသီးကို အချိန်နဲ့တစ်ပြေးညီ တင်ပြဖို့ညွှန်ကြားထားတယ်လို့ဆိုပါတယ်။ ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကိုလည်း သက်ဆိုင်ရာ နယ်မြေဒေသအလိုက် သတင်းထုတ်ပြန် တာတွေ ရှင်းလင်းတာတွေ ဆောင်ရွ

က်ဖို့လည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။သတင်း- ငြိမ်းချမ်းအောင်

Zawgyi Version







Add a Comment

Your email address will not be published. Required fields are marked *