ကိုဗစ်ကာလမှာ နေပြည်တော် အလုပ်ကိစ္စနဲ့ လာရန်ရှိသူတွေအတွက် သတင်းကောင်း
|ကွာရတင်း ဝင်စရာ မလိုတော့ဘဲ နေပြည်တော် နှင့် တိုင်း/ပြည်နယ်များကို ခရီးသွားလာခွင့်ပြုရန် စီစဉ်နေတယ်လို့ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကေ ာ်
မတီအစည်းအဝေးမှသိရပါတယ်။အစည်းအဝေးတွင် နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး ပြည်နယ်များသို့ ခရီးသွားရန် အကြောင်းကိစ္စ ပေါ်ပေါက်ပါက သက်ဆိုင်ရာကျန်းမာရေးဌာနများမှ ဆေးစစ်ဆေးမှုခံယူပြီး ပိုးမရှိပါက သွား
လ ာစေရေးနှင့် ပိုးမရှိကြောင်း ထောက်ခံချက်ပါရှိပါက ရောက်ရှိနေရာရှိ စစ်ဆေးရေးဂိတ်များတွင် ပြသပြီး ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကွာရန်တင်း ဝင်ရောက်ခြင်း တို့ကို မပြုစေတော့ဘဲ သွားလာခွင့်ပြုရေးစီစဉ်နေတယ်လို့ဆိုပါတ
ယ်။ယင်းအပြင် ပြည်တွင်းလေကြောင်းခရီးစဉ်များကိုလည်းပြန်လည် ပျံသန်းပြေးဆွဲခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရပါတယ်။Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို
ကော်မတီအစည်းအဝေးကို ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသိန်းဆွေ၊ ဒေါက်တာ မြင့်ထွေး၊
ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးဆက်အောင်၊ ဦးကျော်မျိုး၊ ဗဟိုကော်မတီအတွင်းရေးမှူးများဖြစ်ကြသော ဦးဇော်သန်းသင်းနှင့် ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ကြကြောင်းသိရပါတယ်။ယင်းနှင့်ပတ်သက်ပြီး ယခုသီတင်းပတ်
အတွင်း သတင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရပါတယ်။
Zawgyi Version
ကြာရတင္း ဝင္စရာ မလိုေတာ့ဘဲ ေနျပည္ေတာ္ ႏွင့္ တိုင္း/ျပည္နယ္မ်ားကို ခရီးသြားလာခြင့္ျပဳရန္ စီစဥ္ေနတယ္လို႔ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေက ာ္
မတီအစည္းအေဝးမွသိရပါတယ္။အစည္းအေဝးတြင္ ေနျပည္ေတာ္ေကာင္စီ၊တိုင္းေဒသႀကီး ျပည္နယ္မ်ားသို႔ ခရီးသြားရန္ အေၾကာင္းကိစၥ ေပၚေပါက္ပါက သက္ဆိုင္ရာက်န္းမာေရးဌာနမ်ားမွ ေဆးစစ္ေဆးမႈခံယူၿပီး ပိုးမရွိပါက သြား
လ ာေစေရးႏွင့္ ပိုးမရွိေၾကာင္း ေထာက္ခံခ်က္ပါရွိပါက ေရာက္ရွိေနရာရွိ စစ္ေဆးေရးဂိတ္မ်ားတြင္ ျပသၿပီး က်န္းမာေရးစစ္ေဆးျခင္းႏွင့္ ကြာရန္တင္း ဝင္ေရာက္ျခင္း တို႔ကို မျပဳေစေတာ့ဘဲ သြားလာခြင့္ျပဳေရးစီစဥ္ေနတယ္လို႔ဆိုပါတ
ယ္။ယင္းအျပင္ ျပည္တြင္းေလေၾကာင္းခရီးစဥ္မ်ားကိုလည္းျပန္လည္ ပ်ံသန္းေျပးဆြဲခြင့္ျပဳ သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟို
ေကာ္မတီအစည္းအေဝးကို ဗဟိုေကာ္မတီဥကၠဌ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကေသာ ဦးမင္းသူ၊ ဦးေသာင္းထြန္း၊ ဦးေက်ာ္တင္၊ ဦးသိန္းေဆြ၊ ေဒါက္တာ ျမင့္ေထြး၊
ဒုတိယဝန္ႀကီးမ်ားျဖစ္ၾကေသာ ဦးဆက္ေအာင္၊ ဦးေက်ာ္မ်ိဳး၊ ဗဟိုေကာ္မတီအတြင္းေရးမႉးမ်ားျဖစ္ၾကေသာ ဦးေဇာ္သန္းသင္းႏွင့္ ေဒါက္တာသက္ခိုင္ဝင္းတို႔ တက္ေရာက္ၾကေၾကာင္းသိရပါတယ္။ယင္းႏွင့္ပတ္သက္ၿပီး ယခုသီတင္းပတ္
အတြင္း သတင္း ထုတ္ျပန္သြားမည္ ျဖစ္ေၾကာင္း သိရပါတယ္။