လာနီညာ အားကောင်းတာကြောင့် ယခုဆောင်း အအေးပိုမည်
|လာနီညာ (အအေးလှိုင်း) ဖြစ်စဉ် တဖြည်းဖြည်း အားကောင်းလာ၊ ဆောင်းတွင်း အအေးပိုမည်ပစိဖိတ်သမုဒ္ဒရာရဲ့ လေထုအညွန်းကိန်းနဲ့ ပင်လယ်ရေမျက်နှာပြင်က ပုံမှန် ထက်ကျော်လွန်ပြီးပိုအေးလာလို့ မြန်မာနိုင်ငံရဲ့ ဆောင်း ရာ သီ အတွင်း အအေးဓာတ် ပိုလာနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။“လာနီညာရဲ့ သဘောသဘာဝက အေးမြပြီးတော့ စိုစွတ်တဲ့ သဘေ ာရှိတယ်ပေါ့နော်၊ အဲ့ဒီတော့လာမယ့်ဆောင်းရာသီမှာတော့
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အအေးသက်ရောက်မှုတွေ ရှိနိုင်တယ်။ တချို့ဒေသတွေမှာတော့ ပုံမှန်အပူချိန်လောက်မှာပဲရှိပြီး တချို့ဒေသတွေမှာတော့ပုံမှန်ထက် ပိုအေ းနိုင်တာလည်း ရှိပါတယ်။” လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ဒါ့အပြင် လာနီညာဖြစ်စဉ်ကို ဖိလစ်ပိုင်နဲ့ သြစတြေးလျနိုင်ငံတို့ပဲ တိုက်ရိုက်ထိတွေ့မှုရှိပြီး မြန်မာနိုင်ငံက တိုက်ရိုက်ထိတွေ့နိုင်တာမရှိတဲ့အတွက် ထူးထူးခြားခြားထိခိုက်
နိုင်တာတော့ မရှိဘူးလို့ ဆိုပါတယ်။ကမ္ဘာပေါ်မှာ အယ်နီညိုနဲ့ လာနီညာဖြစ်စဉ်တွေက စက်တင်ဘာလလောက်က စတင်ဖြစ်ပေါ်နေပြီး နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်းမှာ အားကောင်းတဲ့ အဆင့်ထိ ဖြစ်နိုင်သလို ဖေဖော်ဝါရီ လ
လောက်မှာတော့အားပျော့သွားတတ်တယ်လို့ မိုးဇလဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။လာနီညာဖြစ်စဉ်က ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တယ်ဆိုပေမယ့် အဲဒီဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုက ယေုယျအားဖြင့် ဆော
င်း ရာသီကာလအတွင်း အရှေ့မြောက်မုတ်သုန်လေကိုပိုအားကောင်းစေလို့ ညအပူချိန်လျော့နည်းတာတွေ၊ အအေးပိုတာတွေ၊ အရှေ့ဘက်က လေပွေလှိုင်းတိုက် တိုက်ခတ်တာတွေနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ ပိုမိုဖြစ်ပေါ်
နိုင်တယ်လို့ ဆိုပါတယ်။အီကွေတာကနေ ရေအေးစီးကြောင်းဆင်းလာရင် လာနီညာဖြစ်ပြီး ရေနွေးစီးကြောင်းစီးဆင်းလာရင်အယ်နီညို ဖြစ်စဉ်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
Zawgyi Version
လာနီညာ (အေအးလႈိင္း) ျဖစ္စဥ္ တျဖည္းျဖည္း အားေကာင္းလာ၊ ေဆာင္းတြင္း အေအးပိုမည္ပစိဖိတ္သမုဒၵရာရဲ႕ ေလထုအၫြန္းကိန္းနဲ႔ ပင္လယ္ေရမ်က္ႏွာျပင္က ပုံမွန္ ထက္ေက်ာ္လြန္ၿပီးပိုေအးလာလို႔ ျမန္မာႏိုင္ငံရဲ႕ ေဆာင္း ရာ သီ အတြင္း အေအးဓာတ္ ပိုလာႏိုင္တယ္လို႔မိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနကေန သိရပါတယ္။“လာနီညာရဲ႕ သေဘာသဘာဝက ေအးျမၿပီးေတာ့ စိုစြတ္တဲ့ သေဘ ာရွိတယ္ေပါ့ေနာ္၊ အဲ့ဒီေတာ့လာမယ့္ေဆာင္းရာသီမွာေတာ့
ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ အေအးသက္ေရာက္မႈေတြ ရွိႏိုင္တယ္။ တခ်ိဳ႕ေဒသေတြမွာေတာ့ ပုံမွန္အပူခ်ိန္ေလာက္မွာပဲရွိၿပီး တခ်ိဳ႕ေဒသေတြမွာေတာ့ပုံမွန္ထက္ ပိုေအ းႏိုင္တာလည္း ရွိပါတယ္။” လို႔ မိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။ဒါ့အျပင္ လာနီညာျဖစ္စဥ္ကို ဖိလစ္ပိုင္နဲ႔ ၾသစေၾတးလ်ႏိုင္ငံတို႔ပဲ တိုက္႐ိုက္ထိေတြ႕မႈရွိၿပီး ျမန္မာႏိုင္ငံက တိုက္႐ိုက္ထိေတြ႕ႏိုင္တာမရွိတဲ့အတြက္ ထူးထူးျခားျခားထိခိုက္
ႏိုင္တာေတာ့ မရွိဘူးလို႔ ဆိုပါတယ္။ကမာၻေပၚမွာ အယ္နီညိဳနဲ႔ လာနီညာျဖစ္စဥ္ေတြက စက္တင္ဘာလေလာက္က စတင္ျဖစ္ေပၚေနၿပီး ႏိုဝင္ဘာလနဲ႔ ဒီဇင္ဘာလအတြင္းမွာ အားေကာင္းတဲ့ အဆင့္ထိ ျဖစ္ႏိုင္သလို ေဖေဖာ္ဝါရီ လ
ေလာက္မွာေတာ့အားေပ်ာ့သြားတတ္တယ္လို႔ မိုးဇလဦးစီးဌာနရဲ႕ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။လာနီညာျဖစ္စဥ္က ပစိဖိတ္သမုဒၵရာမွာ ျဖစ္ေပၚတယ္ဆိုေပမယ့္ အဲဒီျဖစ္စဥ္ေၾကာင့္ အက်ိဳးသက္ေရာက္မႈက ေယုယ်အားျဖင့္ ေဆာ
င္း ရာသီကာလအတြင္း အေရွ႕ေျမာက္မုတ္သုန္ေလကိုပိုအားေကာင္းေစလို႔ ညအပူခ်ိန္ေလ်ာ့နည္းတာေတြ၊ အေအးပိုတာေတြ၊ အေရွ႕ဘက္က ေလေပြလႈိင္းတိုက္ တိုက္ခတ္တာေတြနဲ႔ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းတာေတြ ပိုမိုျဖစ္ေပၚ
ႏိုင္တယ္လို႔ ဆိုပါတယ္။အီေကြတာကေန ေရေအးစီးေၾကာင္းဆင္းလာရင္ လာနီညာျဖစ္ၿပီး ေရေႏြးစီးေၾကာင္းစီးဆင္းလာရင္အယ္နီညိဳ ျဖစ္စဥ္ျဖစ္လာႏိုင္တယ္လို႔ သိရပါတယ္။