ဒေါက်တာ ကျော်ကျော်စိုင်း ပြောပြတဲ့ မြန်မာပြည်ရဲ့ အမှန်တရားများ

Sharing is caring!

မလောင်ချင်လဲမရဘူး၊ မနေနိုင်အောင်ကို တစ်မျိုးပြီးတစ်မျိုး အမိန့်တွေထုတ်နေတယ်။ အရေးယူမည်ဆိုပြီး လုပ်တယ်။ အိုကေ လုပ်သင့်တယ်၊ ထောက်ခံတယ်။ပထမ တစ်ရက်နှစ်ရက် လုပ်တယ်၊ လိုက်စစ်တယ်၊ ဖမ်းမဖမ်းတော့

မသိဘူး၊ ညှိညှက်ပြီး သနားပါတယ် နောက်တစ်ခါ မလုပ်နဲ့ဆိုတာနဲ့ ပြီးသွားလားတော့ မပြောတတ်ဘူး။ ဖမ်းခံရလို့ စခန်းပါသွားပြီ၊ တစ်လကြာလို့ လွတ်လာပြီ စသဖြင့် ကျနော်တော့ မမြင်မိဘူး။ တစ်ပတ်လောက်ကျ မြောသွားတယ်။

ဘယ်သူမှသိပ်မစစ်တော့ဘူး။ ခိုးထိုင်တာတွေဘာတွေ ရတဲ့နေရာ ရလာပြီ။ အုပ်ကြီးတွေလဲ ရူးချင်ယောင်ဆောင် တခြားဟာနဲ့ အလုပ်ရှုပ်။ ၂ ပတ်ပြောထားတော့ ၂ ပတ်လဲနေရော တိုးလား မသိ မတိုးလားမသိ ဘာမှန်းမသိ ထွက်

လာကြရော။ဥပဒေအရ အရေးယူမယ် ဆိုတော့ အရေးယူနိုင်တဲ့သူတွေရှိတယ် ဒါပေမယ့် သူတို့ အရေး မယူရင် ဘာဖြစ်လဲ သိလား။ အဲ့ဒါ ဝတ္တရားပျက်ကွက်မှုဗျ။ မြန်မာနိုင်ငံမှာ အဲ့လိုဝတ္တရားပျက်ကွက်တဲ့ဝန်ထမ်းတွေ ဘာမှမ

ဖြစ်ဘူးဗျ။ ဥပဒေစိုးမိုးမှုမရှိတာ အဲ့ဒီကစတာပဲ။ဥပဒေထိန်းရမယ့်သူတွေ မထိန်းရင် …. သူတို့အရေးယူမခံရဘူး။ ဥပမာဗျာ လမ်းဘေးဈေးသည်မရှိရဘူး၊ ဒါပေမယ့်ရှိနေ တယ်။ ဒါဆို အဲ့လမ်းဘေးဈေးသည်အပိုင်နေရာကို ကိုင်ထားတဲ့

စည်ပင်တာဝန်ရှိသူကို ကိုင်ရတော့မှာ အရေးယူရတော့မှာ၊ ဒါပေမယ့် အဲ့လူက ဘာမှမဖြစ်ဘူးဗျ။ လမ်းဘေးဈေးသည်လဲ တိုင်တုန်းခဏပဲပျောက်တာ ပြန်ရောက်လာ ရောဒီလိုနဲ့ မလုပ်မရှုပ်မပြုတ်တွေနှပ်စားပြီး ဥပဒေစိုးမိုးမှုမရှိသော

တိုင်းပြည်ကြီးဖြစ်လာတာပဲ။ ဒါပေမယ့် ခုထိတော့ အော်နေတုန်းပဲ။ ဥပဒေစိုးမိုးမှု မရှိဘူးကွ … မရှိဘူးကွနဲ့။ ရှိလာအောင်မှ မလုပ်ဘဲ။ ဘယ့်နှယ့်စိုးမိုးမလဲ။ခုတော့ အောက်ကလူတွေတင်မဟုတ်ဘူး၊ အပေါ်ဆုံးကသူတွေပါ ထုတ်ပြီး

သားအမိန့်စာကို ထပ်ထုတ်ရတဲ့အဆင့်ဖြစ်နေတယ်။ အရင်ရှိတဲ့ဟာကို enforce မလုပ်၊ ဘာကြီးမှန်းကိုမသိတော့တာ။ဒေါက်တာကျော်ကျော်စိုင်း

Zawgyi Version

မေလာင္ခ်င္လဲမရဘူး၊ မေနႏိုင္ေအာင္ကို တစ္မ်ိဳးၿပီးတစ္မ်ိဳး အမိန႔္ေတြထုတ္ေနတယ္။ အေရးယူမည္ဆိုၿပီး လုပ္တယ္။ အိုေက လုပ္သင့္တယ္၊ ေထာက္ခံတယ္။ပထမ တစ္ရက္ႏွစ္ရက္ လုပ္တယ္၊ လိုက္စစ္တယ္၊ ဖမ္းမဖမ္းေတာ့

မသိဘူး၊ ညႇိညႇက္ၿပီး သနားပါတယ္ ေနာက္တစ္ခါ မလုပ္နဲ႔ဆိုတာနဲ႔ ၿပီးသြားလားေတာ့ မေျပာတတ္ဘူး။ ဖမ္းခံရလို႔ စခန္းပါသြားၿပီ၊ တစ္လၾကာလို႔ လြတ္လာၿပီ စသျဖင့္ က်ေနာ္ေတာ့ မျမင္မိဘူး။ တစ္ပတ္ေလာက္က် ေျမာသြားတယ္။

ဘယ္သူမွသိပ္မစစ္ေတာ့ဘူး။ ခိုးထိုင္တာေတြဘာေတြ ရတဲ့ေနရာ ရလာၿပီ။ အုပ္ႀကီးေတြလဲ ႐ူးခ်င္ေယာင္ေဆာင္ တျခားဟာနဲ႔ အလုပ္ရႈပ္။ ၂ ပတ္ေျပာထားေတာ့ ၂ ပတ္လဲေနေရာ တိုးလား မသိ မတိုးလားမသိ ဘာမွန္းမသိ ထြက္

လာၾကေရာ။ဥပေဒအရ အေရးယူမယ္ ဆိုေတာ့ အေရးယူႏိုင္တဲ့သူေတြရွိတယ္ ဒါေပမယ့္ သူတို႔ အေရး မယူရင္ ဘာျဖစ္လဲ သိလား။ အဲ့ဒါ ဝတၱရားပ်က္ကြက္မႈဗ်။ ျမန္မာႏိုင္ငံမွာ အဲ့လိုဝတၱရားပ်က္ကြက္တဲ့ဝန္ထမ္းေတြ ဘာမွမ

ျဖစ္ဘူးဗ်။ ဥပေဒစိုးမိုးမႈမရွိတာ အဲ့ဒီကစတာပဲ။ဥပေဒထိန္းရမယ့္သူေတြ မထိန္းရင္ …. သူတို႔အေရးယူမခံရဘူး။ ဥပမာဗ်ာ လမ္းေဘးေဈးသည္မရွိရဘူး၊ ဒါေပမယ့္ရွိေန တယ္။ ဒါဆို အဲ့လမ္းေဘးေဈးသည္အပိုင္ေနရာကို ကိုင္ထားတဲ့

စည္ပင္တာဝန္ရွိသူကို ကိုင္ရေတာ့မွာ အေရးယူရေတာ့မွာ၊ ဒါေပမယ့္ အဲ့လူက ဘာမွမျဖစ္ဘူးဗ်။ လမ္းေဘးေဈးသည္လဲ တိုင္တုန္းခဏပဲေပ်ာက္တာ ျပန္ေရာက္လာ ေရာဒီလိုနဲ႔ မလုပ္မရႈပ္မျပဳတ္ေတြႏွပ္စားၿပီး ဥပေဒစိုးမိုးမႈမရွိေသာ

တိုင္းျပည္ႀကီးျဖစ္လာတာပဲ။ ဒါေပမယ့္ ခုထိေတာ့ ေအာ္ေနတုန္းပဲ။ ဥပေဒစိုးမိုးမႈ မရွိဘူးကြ … မရွိဘူးကြနဲ႔။ ရွိလာေအာင္မွ မလုပ္ဘဲ။ ဘယ့္ႏွယ့္စိုးမိုးမလဲ။ခုေတာ့ ေအာက္ကလူေတြတင္မဟုတ္ဘူး၊ အေပၚဆုံးကသူေတြပါ ထုတ္ၿပီး

သားအမိန႔္စာကို ထပ္ထုတ္ရတဲ့အဆင့္ျဖစ္ေနတယ္။ အရင္ရွိတဲ့ဟာကို enforce မလုပ္၊ ဘာႀကီးမွန္းကိုမသိေတာ့တာ။ေဒါက္တာေက်ာ္ေက်ာ္စိုင္း

Add a Comment

Your email address will not be published. Required fields are marked *