တန်ဆောင်တိုင်မှာ ပွဲဖျက်မိုး ရွာနိုင်တယ်လို့ မိုးလေဝသပညာရှင်မလေး သတိပေး
|မဆီမဆိုင်ရွာတဲ့မိုးကို မေ့အချစ်မိုးအဖြစ်နဲ့ တစ်ကိုယ်လုံးရွှဲစိုသွားပါစေ မိုးရေ…၂၀၂၀ နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းလေဝဲနှစ်ခု ရှေ့ဆင့်နောက်ဆင့် ဖြစ်ပေါ်
လာနိုင်ပါတယ် အိန္ဒိယဖက်ကိုသာ သွားရောက်မှာ ဖြစ်ပြီး မြန်မာနိုင်ငံကို ရောက်ရှိနိုင်ခြင်းတော့ မရှိပါဘူး။သို့သော်လည်းပဲ အထက်လေစီး မြန်မာအလှည့် ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မိုးရွာသွန်း လာနိုင်ပါတယ် ဘယ်ဒေ
သတွေ ရွာမယ် မရွာဘူး မိုးအနည်းအများကတော့ LPA အင်အားပေါ် မူတည်နေပြီး လေစီးမငြိမ်သေးလို့ ခန့်မှန်းပေးဖို့ခက်ခဲနေပါသေးတယ်။တန်ဆောင်တိုင် ပွဲတော်ဖျက်မိုး ဖြစ်ဖို့များပါတယ်။ အင်အားနည်းမယ်ဆိုရင်တော့ အထ
က် လေစီး ဘယ်လိုရှိရှိ မိုးမများ နိုင်ပါဘူး ရိတ်သိမ်းအခြောက်လှမ်းနေသူများနဲ့ ရေထိမခံနိုင်တဲ့ လုပ်ငန်းလုပ်နေကြသူတွေကတော့ နေ့စဉ်တင်ပေးနေတဲ့ ရက်နီးခန့်မှန်းချက်တွေကို အမြဲကြည့်ပေးကြပါနော်အခုရက်ဝေးခန့်မှန်းပေးရ
တာက ကြိုတင်သိရှိ သတိရှိရလေအောင် အသိပေးနေရခြင်းဖြစ်ပါတယ်ရှင့်။တောင်ဖက်ပိုင်းက ကမ်းအလှ တနင်္သာရီမြေ ၂၀၂၀ နိုဝင်ဘာလ ၂၁ရက် ၂၂ရက်နေ့ တနင်္သာရီတိုင်း မှာ မိုးရွာနိုင်ပါတယ်။ 18/11/2020 at 5:43
pm (MMT) Su SuSan
Zawgyi Version
pm (MMT) Su SuSan