ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သရုပ်ဆောင် နေလင်း
|နိုင်ငံကျော် ဇာတ်ပို့၊ ဇာတ်ရံသရုပ်ဆောင်ဖြစ်တဲ့ သရုပ်ဆောင်နေလင်း ကတော့ ဇာတ်ပို့တစ်ယောက်ပီပီ ရုပ်ရှင်၊ ဗီဒီယို၊ ဇာတ်လမ်းတွဲ၊ ကြော်ငြာစတဲ့ အနုပညာလှုပ်ရှားမှုတွေမှာ ကျရာဇာတ်ကောင်အတိုင်း ပီပီပြင်ပြင် သရုပ် ဆေ
ာင်နိုင်သူတစ်ယောက် ဖြစ်ပါတယ်။နေလင်းကတော့ အနုပညာလောကမှာ ဒီနေ့ဒီအချိန်ထိ ကျင်လည်ရင်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိလက်ခံထားနေဆဲ ဖြစ်ပါတယ်။ဒါပေမယ့် ဒီကနေ့ နိုဝင်ဘာလ (၂၄)ရက်
နေ့ မှာတော့ နေလင်းက သူ့ရဲ့ ဝမ်းနည်းစိတ်မကောင်းစရာသတင်းကို ပရိသတ်တွေဆီ ပြောပြလာပါတယ်။နေလင်းက ဧရာဝတီစင်တာမှာ ဆေးသွားစစ်ရင်း Covid-19 Positive ဖြစ်ရင်း သိခဲ့ရတဲ့အကြောင်းကို “P သွားပါတယ်
Fighting Me” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးလာတာပဲ ဖြစ်ပါတယ်။နေလင်းရဲ့ သတင်းအတွက် ပရိသတ်တွေက စိတ် မကောင်းကြသလို အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကလည်း အားပေးစကား ပြောနေ
ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေလင်းတစ်ယောက် အမြန်ဆုံး နေကောင်းသက်သာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်
နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။Swelsone News
Zawgyi Version