သင့်အိမ်က ခြ နဲ့ ကျွတ် များကို ထွက်ပြေးစေမယ့် နည်းလမ်း
|မနေ့ က ၁၀ မိုင် က ခြံတစ်ခြံမှာ နေတဲ့ အဖိုးကြီး အဖွားကြီး ထံရောက်ခဲ့ပါတယ် ။ အဖွားကြီး က မဒမ်ထူးဆန်းကို ကျေးဇူး တင်ကြောင်းပြောပေးပါဆိုလို့ အံသြခဲ့ရပါတယ် ။ မဒမ်ထူးဆန်း ပေးတဲ့ နည်းနဲ့ ကျွတ်တွေကို နှိမ်နှင်းလို က်တာ အောင်မြင်သွားကြောင်း ၊ အရင်တုန်းက ခြံထဲ ခြေချရမှာ ကြောက်လောက်အောင် ကျွတ်များကြောင်း ၊ အခုတော့ ကျွတ်တွေ မရှိတော့လို့ မဒမ်ကိုကျေးဇူးတင်ကြောင်းပြောပေးပါတဲ့ ။ ကျွန်တော်လည်း အံသြစွာနဲ့ ပြန်ခဲ့
ရပါသည် ။အိမ်ပြန်ရောက်တော့ မဒမ်ထူးဆန်းကို မင်း ပေးထားတဲ့ နည်းလမ်းတွေ နဲ့ အလုပ်ဖြစ်နေတယ် ပြောတယ် ။ ဟုတ်ကော ဟုတ်ရဲ့လားလို့ မယုံသင်္ကာစွာ နဲ့ ပြောမိပါသည် ။ သူကတော့ ယုံချင်ယုံ မယုံချင်နေ သူတို့ ငယ်ငယ်က သူ့ အဖွား လုပ်တဲ့ နည်း အတိုင်း လုပ်တာ ။သူတို့ အိမ်မှာလည်း ကျွတ်တွေ မရှိတော့ တဲ့ အပြင် ဘယ်သူ့ ခြံကို သူ ဘယ်တုန်းကပြောလိုက်လိုံ ဘယ်လို လိုက်လုပ်တဲ့ ခြံတွေမှာ လည်း ကျွတ်အန္တရယ်၊ ဘယ်
လို ကင်းဝေးသွားတယ် ဆိုတော့ ကထူးဆန်း စောဒက တက်စရာတော့ မရှိဘူးပေါ့ ။ ဒါနဲ့ ထုံးစံ အတိုင်း ရွာထဲ သတင်းဖြန့်ချင်တာနဲ့ ရေးလိုက်တာပါ ။ယုံတာ မယုံတာ လုပ်တာ မလုပ်တာတော့ up to you ပါ နော် ..နည်းလမ်းက နှစ်ဆန်းတစ်ရက်နေ့မှာ ခြံ ပါတ်ပါတ်လည် ဆား ပက်ပေးပါတဲ့ ။ ပြီး ဘုန်းကြီး ပရိတ်ရွတ်ထားတဲ့ ပရိတ်ရည် နဲ့ ဖြန်းပေးပါတဲ့ ….ဆား ဘယ်လောက် ပရိတ်ရည်ဘယ်လောက် လဲ အထွန့်တက်မေးတော့ ကြည့်ပြီးင့်တော်
မယ်ထင်သလောက်သာ လုပ် ဘာမှ အချိုး အစားတွေ မရှိဘူးတဲ့ ။ကဲ .. ကိုယ့် ခြံထဲ ကျွတ်တွေ ပေါများ လို့ စိတ်ညစ် နေရင် နှစ်ဆန်း တစ်ရက်နေ့ စောင့် လို့ စမ်းကြည့်ပေါ့ ..ကထူးဆန်းကတော့ တွေးလို့မရဘူး ။ ကျွတ်ဆိုတဲ့ သတ္တဝါက မိုးမှ ထွက်တာ .. နှစ်ဆန်း တစ်ရက် နွေခေါင်ခေါင် ဘယ်ချောင်ရောက်နေမှန်း မသိတဲ့ ကောင်တွေကို အဲ့ဒီ အချိန်မှာ လုပ်တာ လျော့နည်း ပပျောက်စေတယ် ဆိုတော့ …မဒမ်ထူးဆန်းကိုလည်း စောဒက မ
တက်ရဲ .. ကျေးဇူးတင်ပါတယ် ပြောလိုက်တဲ့ အဖိုးကြီး အဖွားကြီးက လည်း မျက်မြင်ကိုယ်တွေ့ ဆိုတော့ ခေါင်းကုတ်ရုံ ရွာကိုတိုင်တည်ရုံ အပြင် မပိုပါဘူး..အဲ့ဒီ အဖိုးကြီး အဖွားကြီးကဘဲ နောက်ထပ် ခြ နှိမ်နှင်းရေး အတွက် ချွေတာရေးနည်းလမ်းကောင်းပေးလိုက်သေးတယ် ။ဆပ်ပြာရည်ထဲမှာ ဆနွင်း နဲနဲ ဖျော်ပြီးလောင်း ။ ခြတွေ အတုန်းအရုံး သေဆိုဘဲ ။ မြေပဒေသာ က ဆေးဝယ်စရာ မလို ။ဆပ်ပြာရည်ကိုလည်း သီးသန့် ဖျော်စရာ မလို ။ အဝတ်
လျှော်ပြီးထွက်လာတဲ့ ဆပ်ပြာရည်ကို သာ ပြန်ခံသုံးတဲ့ ။ သူ့ခြံထဲက ခြတောင်ပို့တွေလည်း ရေကြည်ရာ မြက်နုရာ ပြေးကုန်ပြီတဲ့ ။ဆိုတော့ up to you နော်ရွှင်လန်းချမ်းမြေ့ပါစေ။
Credit= ကထူးဆန်း
Zawgyi Version
မေန႔ က ၁၀ မိုင္ က ၿခံတစ္ၿခံမွာ ေနတဲ့ အဖိုးႀကီး အဖြားႀကီး ထံေရာက္ခဲ့ပါတယ္ ။ အဖြားႀကီး က မဒမ္ထူးဆန္းကို ေက်းဇူး တင္ေၾကာင္းေျပာေပးပါဆိုလို႔ အံၾသခဲ့ရပါတယ္ ။ မဒမ္ထူးဆန္း ေပးတဲ့ နည္းနဲ႔ ကြၽတ္ေတြကို ႏွိမ္ႏွင္းလို က္တာ ေအာင္ျမင္သြားေၾကာင္း ၊ အရင္တုန္းက ၿခံထဲ ေျခခ်ရမွာ ေၾကာက္ေလာက္ေအာင္ ကြၽတ္မ်ားေၾကာင္း ၊ အခုေတာ့ ကြၽတ္ေတြ မရွိေတာ့လို႔ မဒမ္ကိုေက်းဇူးတင္ေၾကာင္းေျပာေပးပါတဲ့ ။ ကြၽန္ေတာ္လည္း အံၾသစြာနဲ႔ ျပန္ခဲ့
ရပါသည္ ။အိမ္ျပန္ေရာက္ေတာ့ မဒမ္ထူးဆန္းကို မင္း ေပးထားတဲ့ နည္းလမ္းေတြ နဲ႔ အလုပ္ျဖစ္ေနတယ္ ေျပာတယ္ ။ ဟုတ္ေကာ ဟုတ္ရဲ႕လားလို႔ မယုံသကၤာစြာ နဲ႔ ေျပာမိပါသည္ ။ သူကေတာ့ ယုံခ်င္ယုံ မယုံခ်င္ေန သူတို႔ ငယ္ငယ္က သူ႔ အဖြား လုပ္တဲ့ နည္း အတိုင္း လုပ္တာ ။သူတို႔ အိမ္မွာလည္း ကြၽတ္ေတြ မရွိေတာ့ တဲ့ အျပင္ ဘယ္သူ႔ ၿခံကို သူ ဘယ္တုန္းကေျပာလိုက္လိုံ ဘယ္လို လိုက္လုပ္တဲ့ ၿခံေတြမွာ လည္း ကြၽတ္အႏၲရယ္၊ ဘယ္
လို ကင္းေဝးသြားတယ္ ဆိုေတာ့ ကထူးဆန္း ေစာဒက တက္စရာေတာ့ မရွိဘူးေပါ့ ။ ဒါနဲ႔ ထုံးစံ အတိုင္း ႐ြာထဲ သတင္းျဖန႔္ခ်င္တာနဲ႔ ေရးလိုက္တာပါ ။ယုံတာ မယုံတာ လုပ္တာ မလုပ္တာေတာ့ up to you ပါ ေနာ္ ..နည္းလမ္းက ႏွစ္ဆန္းတစ္ရက္ေန႔မွာ ၿခံ ပါတ္ပါတ္လည္ ဆား ပက္ေပးပါတဲ့ ။ ၿပီး ဘုန္းႀကီး ပရိတ္႐ြတ္ထားတဲ့ ပရိတ္ရည္ နဲ႔ ျဖန္းေပးပါတဲ့ ….ဆား ဘယ္ေလာက္ ပရိတ္ရည္ဘယ္ေလာက္ လဲ အထြန႔္တက္ေမးေတာ့ ၾကည့္ၿပီးင့္ေတာ္
မယ္ထင္သေလာက္သာ လုပ္ ဘာမွ အခ်ိဳး အစားေတြ မရွိဘူးတဲ့ ။ကဲ .. ကိုယ့္ ၿခံထဲ ကြၽတ္ေတြ ေပါမ်ား လို႔ စိတ္ညစ္ ေနရင္ ႏွစ္ဆန္း တစ္ရက္ေန႔ ေစာင့္ လို႔ စမ္းၾကည့္ေပါ့ ..ကထူးဆန္းကေတာ့ ေတြးလို႔မရဘူး ။ ကြၽတ္ဆိုတဲ့ သတၱဝါက မိုးမွ ထြက္တာ .. ႏွစ္ဆန္း တစ္ရက္ ေႏြေခါင္ေခါင္ ဘယ္ေခ်ာင္ေရာက္ေနမွန္း မသိတဲ့ ေကာင္ေတြကို အဲ့ဒီ အခ်ိန္မွာ လုပ္တာ ေလ်ာ့နည္း ပေပ်ာက္ေစတယ္ ဆိုေတာ့ …မဒမ္ထူးဆန္းကိုလည္း ေစာဒက မ
တက္ရဲ .. ေက်းဇူးတင္ပါတယ္ ေျပာလိုက္တဲ့ အဖိုးႀကီး အဖြားႀကီးက လည္း မ်က္ျမင္ကိုယ္ေတြ႕ ဆိုေတာ့ ေခါင္းကုတ္႐ုံ ႐ြာကိုတိုင္တည္႐ုံ အျပင္ မပိုပါဘူး..အဲ့ဒီ အဖိုးႀကီး အဖြားႀကီးကဘဲ ေနာက္ထပ္ ျခ ႏွိမ္ႏွင္းေရး အတြက္ ေခြၽတာေရးနည္းလမ္းေကာင္းေပးလိုက္ေသးတယ္ ။ဆပ္ျပာရည္ထဲမွာ ဆႏြင္း နဲနဲ ေဖ်ာ္ၿပီးေလာင္း ။ ျခေတြ အတုန္းအ႐ုံး ေသဆိုဘဲ ။ ေျမပေဒသာ က ေဆးဝယ္စရာ မလို ။ဆပ္ျပာရည္ကိုလည္း သီးသန႔္ ေဖ်ာ္စရာ မလို ။ အဝတ္
ေလွ်ာ္ၿပီးထြက္လာတဲ့ ဆပ္ျပာရည္ကို သာ ျပန္ခံသုံးတဲ့ ။ သူ႔ၿခံထဲက ျခေတာင္ပို႔ေတြလည္း ေရၾကည္ရာ ျမက္ႏုရာ ေျပးကုန္ၿပီတဲ့ ။ဆိုေတာ့ up to you ေနာ္႐ႊင္လန္းခ်မ္းေျမ့ပါေစ။
Credit= ကထူးဆန္း