Wave Money အသုံးပြုသူများအတွက် အရေးကြီးသည့် ကြေငြာချက် Wave Money ရုံးချုပ်မှ ထုတ်ပြန်
|အသုံးပြုသူရဲ့ ခွင့်ပြုချက် မပါဘဲ ငွေထုတ်ယူခြင်းနဲ့ ပတ်သက်ပြီး Wave Money မှ တရားဝင် သတင်းထုတ်ပြန်လိုက် ပါတယ်။လွန်ခဲ့သောရက်များအတွင်း ၎င်းတို့ရဲ့ လုံခြုံရေးစနစ်မှ တွေ့ရှိချက်အရ အနည်းငယ်သော WavePay အ
ကောင့်တို့မှ အကောင့်အသုံးပြုသူရဲ့ ခွင့်ပြုချက် မပါဘဲ ငွေများ ထုတ်ယူခြင်းခံခဲ့ရပြီး အဆိုပါ ထုတ်ယူသွားသော ငွေများအား Wave Money မှ အသုံးပြုသူများထံသို့ အလိုအလျောက် ပြန်လည် ဖြည့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ Wave Money
အနေဖြင့် ဆုံးရှုံးနစ်နာခဲ့ရသော အဆိုပါ အကောင့်အနည်းငယ်ကိုလည်း ပြန်လည်ပြုပြင်ပြီး အဆိုပါဖြစ်စဉ်မှ ထိခိုက်နစ်နာမှုရှိခဲ့သူများ အားလုံး ကိုလည်း တောင်းပန်ခဲ့ပြီးဖြစ်ကြောင်း၊ ယခု ဖြစ်ပေါ်လျက်ရှိတဲ့ နည်းပညာဆိုင်ရာ အခ
က်အခဲအတွက် အဖြေရရှိရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ ဒါ့အပြင် ဥပဒေရေးရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လိုအပ်တာတွေကို စီစဉ်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။Wave Money သည် လုံခြုံ
ရေး ကို အလွန်အလေးအနက်ထား ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ရဲ့ နည်းပညာထိန်းချုပ်မှုများမှ တစ်ဆင့် ဖြစ်ပေါ် လျက်ရှိသော နည်းပညာဆိုင်ရာ အခက်အခဲများကို အခြားသော သုံးစွဲသူများထံသို့ သက်ရောက်မှု မရှိစေဖို့ ဖြေ
ရှင်းဆောင်ရွက်ထားပြီးဖြစ်ကာ အထက်ပါ အကြောင်းကိစ္စနှင့် ပတ်သက်ပြီး Wave Money အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အကြောင်းကြားတင်ပြထားပြီး ဖြစ်သလို ၎င်းတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ယုံကြည်စိတ်ချရသော မို
ဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခု အနေဖြင့် ရှိသင့်ရှိထိုက်သော တာဝန်ယူမှုနှင့် လုံခြုံစိတ်ချရသော စံနှုန်းများဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါ
တယ်။
-ရဲထွဋ်ဝင်း
Zawgyi Version
အသုံးျပဳသူရဲ႕ ခြင့္ျပဳခ်က္ မပါဘဲ ေငြထုတ္ယူျခင္းနဲ႔ ပတ္သက္ၿပီး Wave Money မွ တရားဝင္ သတင္းထုတ္ျပန္လိုက္ ပါတယ္။လြန္ခဲ့ေသာရက္မ်ားအတြင္း ၎တို႔ရဲ႕ လုံၿခဳံေရးစနစ္မွ ေတြ႕ရွိခ်က္အရ အနည္းငယ္ေသာ WavePay အ
ေကာင့္တို႔မွ အေကာင့္အသုံးျပဳသူရဲ႕ ခြင့္ျပဳခ်က္ မပါဘဲ ေငြမ်ား ထုတ္ယူျခင္းခံခဲ့ရၿပီး အဆိုပါ ထုတ္ယူသြားေသာ ေငြမ်ားအား Wave Money မွ အသုံးျပဳသူမ်ားထံသို႔ အလိုအေလ်ာက္ ျပန္လည္ ျဖည့္ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ Wave Money
အေနျဖင့္ ဆုံးရႈံးနစ္နာခဲ့ရေသာ အဆိုပါ အေကာင့္အနည္းငယ္ကိုလည္း ျပန္လည္ျပဳျပင္ၿပီး အဆိုပါျဖစ္စဥ္မွ ထိခိုက္နစ္နာမႈရွိခဲ့သူမ်ား အားလုံး ကိုလည္း ေတာင္းပန္ခဲ့ၿပီးျဖစ္ေၾကာင္း၊ ယခု ျဖစ္ေပၚလ်က္ရွိတဲ့ နည္းပညာဆိုင္ရာ အခ
က္အခဲအတြက္ အေျဖရရွိရန္ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း၊ ဒါ့အျပင္ ဥပေဒေရးရာ အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းၿပီး လိုအပ္တာေတြကို စီစဥ္ေဆာင္႐ြက္သြားမယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။Wave Money သည္ လုံၿခဳံ
ေရး ကို အလြန္အေလးအနက္ထား ေဆာင္႐ြက္လ်က္ရွိၿပီး ၎တို႔ရဲ႕ နည္းပညာထိန္းခ်ဳပ္မႈမ်ားမွ တစ္ဆင့္ ျဖစ္ေပၚ လ်က္ရွိေသာ နည္းပညာဆိုင္ရာ အခက္အခဲမ်ားကို အျခားေသာ သုံးစြဲသူမ်ားထံသို႔ သက္ေရာက္မႈ မရွိေစဖို႔ ေျဖ
ရွင္းေဆာင္႐ြက္ထားၿပီးျဖစ္ကာ အထက္ပါ အေၾကာင္းကိစၥႏွင့္ ပတ္သက္ၿပီး Wave Money အေနျဖင့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္သို႔ အေၾကာင္းၾကားတင္ျပထားၿပီး ျဖစ္သလို ၎တို႔အေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ယုံၾကည္စိတ္ခ်ရေသာ မို
ဘိုင္းေငြေၾကးဝန္ေဆာင္မႈတစ္ခု အေနျဖင့္ ရွိသင့္ရွိထိုက္ေသာ တာဝန္ယူမႈႏွင့္ လုံၿခဳံစိတ္ခ်ရေသာ စံႏႈန္းမ်ားျဖင့္ ဆက္လက္အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တရားဝင္ သတင္းထုတ္ျပန္ခ်က္အရ သိရပါ
တယ္။
-ရဲထြဋ္ဝင္း