ကိုဗစ်ကြောင့် သေဆုံးရတဲ့ အကြောင်းအရင်းတစ်ရပ်ကို ထပ်မံတွေ့ရှိ

Sharing is caring!

ကိုဗစ် ရောဂါ ကူးစက်ခံရသူတွေအားလုံးမှာ ၃ပုံ ၂ ပုံ ခန့်ကို ကိုဗစ် ပိုးက ကျောက်ကပ်ပျက်စီးအောင် လုပ်ဆောင်တယ်ဆိုတဲ့ စစ်ဆေးတွေ့ရှိမှု တစ်ခုကို အမေရိကန် ဆေးသုတေသနအဖွဲ့က မေလ ၁၄ ရက်နေ့က
ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လူနာတွေထဲမှာ ၁၅ ရာခိုင်နှုန်းဟာ ကျောက်ကပ်ပျက်ဆီးပြီးတော့ အသက်ရှင်ရင်တောင် ကျောက်ကပ်ဆေးရတာမျိုး ဆေးကုသမှု ဆက်လက်ခံယူရတဲ့အခြေအနေတစ်ရပ်ကိုလည်း တွေ့မြင်ကြရတယ်လို့ ဆိုပါတယ်။

ဒီလေ့လာမှုကိုတော့ နယူးယောက်မြို့မှာ ရှိတဲ့ နော့သ်ဝဲ ကျန်းမာရေးအဖွဲ့က လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ဒီတွေ့ရှိမှာကို Kidney International ဂျာနယ်မှာ တရားဝင် ဖော်ပြခဲ့တာဖြစ်ပါတယ်။

ရောဂါပိုးဟာ ကျောက်ကပ်ရဲ့ အလုပ်ကို မလုပ်နိုင်အောင် ဟန့်တားဖျက်ဆီးလိုက်တာကြောင့် ကျောက်ကပ်ဟာပျက်စီးပြီးတော့ တိမ်းပါးမှုတွေဖြစ်တာလို့ ဆိုပါတယ်။ ကူးစက်ခံရတဲ့လူနာတွေဟာ ဆေးရုံကို ရောက်လာပြီဆို
ရင် ၂၄ နာရီအတွင်းမှာပဲ ကျောက်ကပ်ပျက်စီးတဲ့ လူနာ ၃၇ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။

အသက်ရှူစက် ကူရတဲ့ လူနာတွေဟာ ၉၀ ရာခိုင်နှုန်းခန့်ဟာ ကျောက်ကပ်ပျက်စီးကြတယ်လို့လည်း ဆိုပါတယ်။

Zawgyi Version

ကိုဗစ္ ေရာဂါ ကူးစက္ခံရသူေတြအားလံုးမွာ ၃ပံု ၂ ပံု ခန္႔ကို ကိုဗစ္ ပိုးက ေက်ာက္ကပ္ပ်က္စီးေအာင္ လုပ္ေဆာင္တယ္ဆိုတဲ့ စစ္ေဆးေတြ႕ရွိမႈ တစ္ခုကို အေမရိကန္ ေဆးသုေတသနအဖြဲ႕က ေမလ ၁၄ ရက္ေန႕က
ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

လူနာေတြထဲမွာ ၁၅ ရာခိုင္နႈန္းဟာ ေက်ာက္ကပ္ပ်က္ဆီးၿပီးေတာ့ အသက္ရွင္ရင္ေတာင္ ေက်ာက္ကပ္ေဆးရတာမ်ိဳး ေဆးကုသမႈ ဆက္လက္ခံယူရတဲ့အေျခအေနတစ္ရပ္ကိုလည္း ေတြ႕ျမင္ၾကရတယ္လို႔ ဆိုပါတယ္။

ဒီေလ့လာမႈကိုေတာ့ နယူးေယာက္ၿမိဳ႕မွာ ရွိတဲ့ ေနာ့သ္ဝဲ က်န္းမာေရးအဖြဲ႕က ေလ့လာဆန္းစစ္မႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီးေတာ့ ဒီေတြ႕ရွိမွာကို Kidney International ဂ်ာနယ္မွာ တရားဝင္ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ေရာဂါပိုးဟာ ေက်ာက္ကပ္ရဲ႕ အလုပ္ကို မလုပ္နိုင္ေအာင္ ဟန္႔တားဖ်က္ဆီးလိုက္တာေၾကာင့္ ေက်ာက္ကပ္ဟာပ်က္စီးၿပီးေတာ့ တိမ္းပါးမႈေတြျဖစ္တာလို႔ ဆိုပါတယ္။ ကူးစက္ခံရတဲ့လူနာေတြဟာ ေဆးရံုကို ေရာက္လာၿပီဆို
ရင္ ၂၄ နာရီအတြင္းမွာပဲ ေက်ာက္ကပ္ပ်က္စီးတဲ့ လူနာ ၃၇ ရာခိုင္နႈန္းအထိ ရွိေနတယ္လို႔ ဆိုပါတယ္။

အသက္ရွဴစက္ ကူရတဲ့ လူနာေတြဟာ ၉၀ ရာခိုင္နႈန္းခန္႔ဟာ ေက်ာက္ကပ္ပ်က္စီးၾကတယ္လို႔လည္း ဆိုပါတယ္။

Add a Comment

Your email address will not be published.