FB ပြတ္ရင္း ဇာတ္ေၾကာတက္သူ နွင့္ အံုးလြဲ သူမ်ားအတြက္ ထိေရာက္တဲ့ တိုင္းရင္းေဆး
|ရှေးအခါကရုံးစာရေးများစာရေးစာဖတ်များသူအထိုင်များသူများတွင်ဖြစ်လေ့ ရှိသောဇက်ကြောတက်ရောဂါသည်ယခုအခါ FB ခေါ် ဖေ့စ်ဘွတ်ကြည့်ခြင်း၊ ဖုန်းပွတ်များခြင်းကြောင့်လူကြီးလူလတ်များ သာမကဆယ်ကျော်သက်လူငယ်များ
တွင်ပါအဖြစ်များလာသည်ကိုတွေ့ရသည်။ဆယ်နှစ်ကျော်အရွယ်ငါးတန်းကျောင်း သားကလေးငယ်ဆေးခန်းလာပြသဖြင့် ဘာဖြစ်သလဲမေးကြည့်သေ ာအခါဇက် ကြောတက်လို့ဟုဖြေပါသည်။ထိုကလေး ၏လက်ထဲတွင်မချတမ်းကိုင်ထား
သောအရာမှာအပြားကြီးကြီးဟန်းဖုန်းတစ်လုံးဖြစ်ပါသည်။တန်ဖိုးဆယ်သိန်းအထက်ရှိသောအိုင်ဖုန်းကိုဝယ်ပေးထားသည့်မိဘများသည်ကလေးအတွက်ရောဂါကိုပါ ဝယ်ပေးလိုက်သည်နှင့်တူနေသည်ဟု စဉ်းစားမိပါသည်။ဇက်ကြောတက်
ခြင်း၏နောက်ဆက်တွဲ ရောဂါမှာဇက်ကျီးပေါင်းတက်ခြင်းနှင့် မျက်စိအာရုံကြောများအားနည်းခြင်းဖြစ် စေနိုင်သည်ကိုသတိပြုသင့်သည်။စောစီးစွာဆေးကုသမှုခံယူသင့်သည်။ထို့အပြင် အထိုင်များခြင် း၊ခေါင်းငုံ့အာရုံစိုက်ရသောအလုပ်များ
အချိန်ကြာမြင့်စွာပြုလုပ်ခြင်းကိုပါဆင်ခြင်သင့်သည်။လူငယ်၊လူလတ်ပိုင်းအတော်များများမှာ ဖုန်းနှင့်အချိန်ကုန်နေသဖြင့်စာရေး၊ စာဖတ်ခြင်းအလေ့အထ နည်းလာသည်ကိုတွေ့ရသည်။စာကြည့်တိုက်နှင့်စာဖတ်ခန်းများထူထောင်ထား
သော်လည်း ဂျာနယ်မှလွဲ၍စာကြီးပေကြီး၊စာအုပ်အထူကြီးများမှာဖတ်ရှုသူမရှိသလောက် ဖြစ်လာသည်ကိုတွေ့ရသည်။ဇက်ကြောတက်ရောဂါ၏အခြေခံ အ ကြောင်းအရင်းတွင်ဝမ်းချုပ်ခြင်းသည် လည်းအကြောင်းတစ်ခုဖြစ်သည်။အထိုင်
များပြီးလမ်းလျှောက်နည်းသူများ ဝမ်း ချုပ် လေ့ရှိသည်။အလုပ်အသွားအပြန် ကားစီးနေရသူများအတော်အသင့်ခရီးကိုလမ်းလျှောက်သွားခြင်းဖြင့် ကျန်း မာရေးကောင်းစေနိုင်သည်။ရှေးဟောင်းဆေးကျမ်းများတွင် ‘ဇတ္တုထမ္ဘ’
ခေါ် ဇက်ခိုင်တောင့်တင်းရောဂါသည် ပရိယတ္တိစာပေများသင်ကြားသည့် ရ ဟန်းတော်(စာဝါလိုက်သည့် သံဃာ)များတွင်အဖြစ်များသောကြောင့်သက်သာစေရန်ရည်ရွယ်ပြီးခြေကျင်ဆွမ်းခံကြွစေခြင်းဖြစ်သည်ဟုဆိုသည်။အထိုင်နှင့်
ဇက်ကြောအသွားအလာအရိယာပုဒ်မျှတခြင်းကြောင့်ရဟန်းတော်များကျန်းမာကြသည်ဟုဆိုသည်။ဇက်ကြောတက်ရောဂါရှိသူများသည် အကြောအခြင်တောင့်တင်းစေသည့် အသားအမျိုးမျိုးနှင့်ကုလားပဲကိုလည်း လျှော့စားသင့်သည်။အသီး
ရ(အုံး အရွက်နှင့် ငါးကိုပို၍စားသင့်သည်။ချိုဆိမ့်အီသော အစားအစာများနှင့်အချိုရည်များကိုရှောင်ပြီးသဘာဝသစ်သီးကိုစားသင့်သည်။လမ်းလျှောက်ခြင်းသို့မဟုတ် အားကစားလေ့ကျင့်ခြင်းကိုအချိန်ပေးပြီးနေ့စဉ်ပြုလုပ်သင့်သည်။
တက်နေသူများအတွက်တိုင်းရင်းဆေး၊မြန်မာ့ရိုးရာဆေးနည်းတို (ဆေးမြီးတို)များဖြင့်ကုသလိုလျှင်သင့်တော်သည့်နည်းများကိုတင်ပြလိုပါ သည်။ဇက်ကျီးပေါင်းရောဂါ၊ဇက်ကြောတက်ရောဂါ၊ဇက်လေးခြင်း၊ဇက်ခိုင်ခြင်း၊ ဇက်လှည့်မ
လွဲခြင်း) စသည်များအတွက် မိမိအိမ်မီးဖိုချောင်နှင့်အနီးတစ်ဝိုက်တွင်ရနိုင်သောအပင်၊အရွက်၊ အခေါက်၊အသီးများနှင့်ကုသနိုင်သည့်နည်းများဖြစ်သဖြင့်ဆေးခန်းသွားရန် အချိန်မပေးနိုင်သူများအတွက် အသုံးဝင်မည့်နည်းလမ်းများဖြစ်
ပါသည်။ဇက်ကျီးပေါင်းရောဂါ
မုန်ညင်းဆီတွင်ချင်းနှင့်မိဿလင်ကိုထုထောင်းထည့်၍အပူပေးချက်ပြီးလိမ်းလျှင်သက်သာစေသည်။ဇက်ကျီးပေါင်းရောဂါကြောင့်လက်ပြင်ငုပ်ပြီးလက်တစ်လျှောက်ကျဉ်လျှင်တောရှောက်မြစ်၊ ဝံအူမြစ်နှင့်ထင်းရှူးဆီတို့ကိုသွေးလိမ်းပေးပါ။
ကျီးပေါင်းရှိသောဇက်ပိုးတွင် သင်္ဘောရွက်ကိုပျော့အောင်ရေနွေးစိမ် (သို့မဟုတ်)မီးကင်ပြီးကပ်ပေးပါ။ဇက်ပိုးတွင်ကျီးပေါင်းအဖုထွက်နေလျှင်မုန် ညင်းဆီလိမ်း၍ရဲယိုရွက်ကိုမီးကင်ပြီးကပ်ပေးပါ။ကျီးပေါင်းကိုက်လျှင်ချင်း ခြောက်
အမှုန့် နှစ်ဆ၊လင်းလေမြစ်အမှုန့် တစ်ဆရောစပ်၍ရေနွေးပူပူဖျော်ပြီး လိမ်းပေးလျှင်အကိုက်သက်သာစေ သည်။ကျီးပေါင်းကြောင့်ဇက်ကြောတက်လျှင်နနွင်းမှုန့်၊သက်ရင်းကြီးအမြစ်မှုန့်၊ နလင်ကျော်အခေါက်မှုန့်တို့ကိုမီးကျီးခဲပေါ်
ဖြူး၍မှိုင်းရှူပေးလျှင်သက်သာစေနိုင်သည်။
ဇက်ကြောတက်ရောဂါ
ခေါင်းငုံ့အလုပ်လုပ်သူ၊စာရေးစာဖတ်များသူတို့တွင်ဖြစ်လေ့ရှိသည်။မျက်နှာသစ်လျှင်ရေကိုလက်ခုပ်ဖြင့်ယူပြီး ဇက်ပိုးတွင်ရိုက်ပေးလျှင်သက်သာသည်ဟု ရှေးလူကြီးများဆိုသည်။ကွမ်းရွက်ကို မီးကင်ပြီးဇက်ကြောတွင်ကပ်ပေးပါ။ အာလူး
ကိုပါးပါးလှီးပြီးဇက်ကြောတက်သည့်နေရာတွင်ကပ်ပေးပါ။ဗာဒံရွက်ကိုမီးကင်ပြီးဇက်ကြောတက်သည့်နေရာတွင်ကပ်ပေးပါ။ကြေးဇွန်းကို နွေးအောင်မီးကင်ပြီးဇက်ကြောတက်သည့်နေရာတွင်ဖိကပ်ပေးပါ။ကျီးပေါင်းကြောင့်ဇက်ကြောတက်
လျှင်နနွင်းမှုန့်၊သက်ရင်းကြီးအမြစ်မှုန့်၊နလင်ကျော်အခေါက်မှုန့်တို့ကို မီးကျီးခဲပေါ်ဖြူး၍ မှိုင်းရှူပေးလျှင်သက်သာစေနိုင်သည်။ မိဿလင်အခြောက်မှုန့်ကိုအဝတ်ဖြင့်ထုပ်ပြီးရေနွေးငွေ့ခံကာဇက်ကြောတက်သည့်နေရာတွင်ကြပ်ထုပ်ထိုးပေးပါ။
လက်မနှင့်လက်ညှိုးခွကြားရှိကြွက်သားကိုကျန်လက်တစ်ဖက်၏လက်ညှိုးလက်မဖြင့်ဖျစ်၍ကိုယ်တိုင်နှိပ်ပေးလျှင် ဇက်ကြောတက်သက်သာသည်ဟုအနှိပ်ကျမ်းများကဆိုသည်။
ဇက်လေးလျှင်
မုန်ညင်းဆီနှင့်နှမ်းဆီကိုမီးနွှေးပြီးဇက်တွင်လိမ်း၍ဘယ်ညာလှည့်ပေးပါက ဇက်လေးသက်သာစေသည်။
ဇက်ခိုင်(ဇတ္တုထမ္ဘ)ရောဂါ
တန်းလျားခုံတန်းများတွင်ဇက်တင် ၍အိပ်သူများ၊ခေါင်းအုံးအမာအိပ်သူများတွင်ဖြစ်လေ့ရှိသည်။ပရုတ်ဆီ၊လေးညင်းဆီ၊မင်သော်ဆီတို့ကိုပျားဖယောင်းနှင့် ရောစပ်ကျိုပြီးဇက်တွင်လိမ်းပေးပါ။ ဆားကိုရေနွေးနှင့်ဖျော်ပြီးမျက်နှာသုပ်ပဝါ
စိမ်၍ညှစ်ပြီးဇက်ပေါ်တွင်တင်ပေးလျှင်ချက်ချင်းသက်သာစေသည်။
ဇက်လှည့်မရ(အုံးလွဲ)
မုန်ညင်းဆီကိုမီးနွေးပြီးဇက်နှင့်လက် ပြင်တွင်လိမ်းပါ။ဆားကိုအဝတ်ဖြင့်ထုပ် အပူပေးပြီးဆားကြပ်ထုပ်ထိုးပေးပါ။ ခေါင်းအုံးကို နေပူလှန်းပြီးတုတ်ဖြင့် (လက်ပြင်ငုပ်သူက)ရိုက်ပေးလျှင် သက်သာသည်။(ရှေးထုံး)လက်ပြင်ပေါ်တွင်
အဝတ်ပါးတင်ပြီးကြောင်၏ လက် သည်းဖြင့်အသားကိုမထိအောင်ကုတ်ပေးလျှင်သက်သာသည်။(ရှေးထုံး) ကြေးဖလားကိုမီးကင်ပြီးဇက်ပိုးတွင်အုပ်ပေး လျှင်အုံးလွဲသက်သာစေသည်။ဇက်ကြောတက်ရောဂါသည်အထိုင်များခြင်းမျက်စိ
အသုံးချများခြင်း၊ဝမ်းချုပ်ခြင်း၊လမ်းလျှောက်နည်းခြင်းစသည့်အကြောင်းအရာများကိုပြုပြင်ပေးနိုင်မှသာသက်သာပျောက်ကင်း မည့်ရောဂါ မျိုးဖြစ်ကြောင်းတင်ပြလိုက်ရပေသည်။
ကြည်လွင်မြင့် (မုဒြာ)
Zawgyi Version
ေရွးအခါက႐ုံးစာေရးမ်ားစာေရးစာဖတ္မ်ားသူအထိုင္မ်ားသူမ်ားတြင္ျဖစ္ေလ့ ရွိေသာဇက္ေၾကာတက္ေရာဂါသည္ယခုအခါ FB ေခၚ ေဖ့စ္ဘြတ္ၾကည့္ျခင္း၊ ဖုန္းပြတ္မ်ားျခင္းေၾကာင့္လူႀကီးလူလတ္မ်ား သာမကဆယ္ေက်ာ္သက္လူငယ္မ်ား
တြင္ပါအျဖစ္မ်ားလာသည္ကိုေတြ႕ရသည္။ဆယ္ႏွစ္ေက်ာ္အ႐ြယ္ငါးတန္းေက်ာင္း သားကေလးငယ္ေဆးခန္းလာျပသျဖင့္ ဘာျဖစ္သလဲေမးၾကည့္ေသ ာအခါဇက္ ေၾကာတက္လို႔ဟုေျဖပါသည္။ထိုကေလး ၏လက္ထဲတြင္မခ်တမ္းကိုင္ထား
ေသာအရာမွာအျပားႀကီးႀကီးဟန္းဖုန္းတစ္လုံးျဖစ္ပါသည္။တန္ဖိုးဆယ္သိန္းအထက္ရွိေသာအိုင္ဖုန္းကိုဝယ္ေပးထားသည့္မိဘမ်ားသည္ကေလးအတြက္ေရာဂါကိုပါ ဝယ္ေပးလိုက္သည္ႏွင့္တူေနသည္ဟု စဥ္းစားမိပါသည္။ဇက္ေၾကာတက္
ျခင္း၏ေနာက္ဆက္တြဲ ေရာဂါမွာဇက္က်ီးေပါင္းတက္ျခင္းႏွင့္ မ်က္စိအာ႐ုံေၾကာမ်ားအားနည္းျခင္းျဖစ္ ေစႏိုင္သည္ကိုသတိျပဳသင့္သည္။ေစာစီးစြာေဆးကုသမႈခံယူသင့္သည္။ထို႔အျပင္ အထိုင္မ်ားျခင္ း၊ေခါင္းငုံ႔အာ႐ုံစိုက္ရေသာအလုပ္မ်ား
အခ်ိန္ၾကာျမင့္စြာျပဳလုပ္ျခင္းကိုပါဆင္ျခင္သင့္သည္။လူငယ္၊လူလတ္ပိုင္းအေတာ္မ်ားမ်ားမွာ ဖုန္းႏွင့္အခ်ိန္ကုန္ေနသျဖင့္စာေရး၊ စာဖတ္ျခင္းအေလ့အထ နည္းလာသည္ကိုေတြ႕ရသည္။စာၾကည့္တိုက္ႏွင့္စာဖတ္ခန္းမ်ားထူေထာင္ထား
ေသာ္လည္း ဂ်ာနယ္မွလြဲ၍စာႀကီးေပႀကီး၊စာအုပ္အထူႀကီးမ်ားမွာဖတ္ရႈသူမရွိသေလာက္ ျဖစ္လာသည္ကိုေတြ႕ရသည္။ဇက္ေၾကာတက္ေရာဂါ၏အေျခခံ အ ေၾကာင္းအရင္းတြင္ဝမ္းခ်ဳပ္ျခင္းသည္ လည္းအေၾကာင္းတစ္ခုျဖစ္သည္။အထိုင္
မ်ားၿပီးလမ္းေလွ်ာက္နည္းသူမ်ား ဝမ္း ခ်ဳပ္ ေလ့ရွိသည္။အလုပ္အသြားအျပန္ ကားစီးေနရသူမ်ားအေတာ္အသင့္ခရီးကိုလမ္းေလွ်ာက္သြားျခင္းျဖင့္ က်န္း မာေရးေကာင္းေစႏိုင္သည္။ေရွးေဟာင္းေဆးက်မ္းမ်ားတြင္ ‘ဇတၱဳထမၻ’
ေခၚ ဇက္ခိုင္ေတာင့္တင္းေရာဂါသည္ ပရိယတၱိစာေပမ်ားသင္ၾကားသည့္ ရ ဟန္းေတာ္(စာဝါလိုက္သည့္ သံဃာ)မ်ားတြင္အျဖစ္မ်ားေသာေၾကာင့္သက္သာေစရန္ရည္႐ြယ္ၿပီးေျခက်င္ဆြမ္းခံႂကြေစျခင္းျဖစ္သည္ဟုဆိုသည္။အထိုင္ႏွင့္
ဇက္ေၾကာအသြားအလာအရိယာပုဒ္မွ်တျခင္းေၾကာင့္ရဟန္းေတာ္မ်ားက်န္းမာၾကသည္ဟုဆိုသည္။ဇက္ေၾကာတက္ေရာဂါရွိသူမ်ားသည္ အေၾကာအျခင္ေတာင့္တင္းေစသည့္ အသားအမ်ိဳးမ်ိဳးႏွင့္ကုလားပဲကိုလည္း ေလွ်ာ့စားသင့္သည္။အသီး
ရ(အုံး အ႐ြက္ႏွင့္ ငါးကိုပို၍စားသင့္သည္။ခ်ိဳဆိမ့္အီေသာ အစားအစာမ်ားႏွင့္အခ်ိဳရည္မ်ားကိုေရွာင္ၿပီးသဘာဝသစ္သီးကိုစားသင့္သည္။လမ္းေလွ်ာက္ျခင္းသို႔မဟုတ္ အားကစားေလ့က်င့္ျခင္းကိုအခ်ိန္ေပးၿပီးေန႔စဥ္ျပဳလုပ္သင့္သည္။
တက္ေနသူမ်ားအတြက္တိုင္းရင္းေဆး၊ျမန္မာ့႐ိုးရာေဆးနည္းတို (ေဆးၿမီးတို)မ်ားျဖင့္ကုသလိုလွ်င္သင့္ေတာ္သည့္နည္းမ်ားကိုတင္ျပလိုပါ သည္။ဇက္က်ီးေပါင္းေရာဂါ၊ဇက္ေၾကာတက္ေရာဂါ၊ဇက္ေလးျခင္း၊ဇက္ခိုင္ျခင္း၊ ဇက္လွည့္မ
လြဲျခင္း) စသည္မ်ားအတြက္ မိမိအိမ္မီးဖိုေခ်ာင္ႏွင့္အနီးတစ္ဝိုက္တြင္ရႏိုင္ေသာအပင္၊အ႐ြက္၊ အေခါက္၊အသီးမ်ားႏွင့္ကုသႏိုင္သည့္နည္းမ်ားျဖစ္သျဖင့္ေဆးခန္းသြားရန္ အခ်ိန္မေပးႏိုင္သူမ်ားအတြက္ အသုံးဝင္မည့္နည္းလမ္းမ်ားျဖစ္
ပါသည္။ဇက္က်ီးေပါင္းေရာဂါ
မုန္ညင္းဆီတြင္ခ်င္းႏွင့္မိႆလင္ကိုထုေထာင္းထည့္၍အပူေပးခ်က္ၿပီးလိမ္းလွ်င္သက္သာေစသည္။ဇက္က်ီးေပါင္းေရာဂါေၾကာင့္လက္ျပင္ငုပ္ၿပီးလက္တစ္ေလွ်ာက္က်ဥ္လွ်င္ေတာေရွာက္ျမစ္၊ ဝံအူျမစ္ႏွင့္ထင္းရႉးဆီတို႔ကိုေသြးလိမ္းေပးပါ။
က်ီးေပါင္းရွိေသာဇက္ပိုးတြင္ သေဘၤာ႐ြက္ကိုေပ်ာ့ေအာင္ေရေႏြးစိမ္ (သို႔မဟုတ္)မီးကင္ၿပီးကပ္ေပးပါ။ဇက္ပိုးတြင္က်ီးေပါင္းအဖုထြက္ေနလွ်င္မုန္ ညင္းဆီလိမ္း၍ရဲယို႐ြက္ကိုမီးကင္ၿပီးကပ္ေပးပါ။က်ီးေပါင္းကိုက္လွ်င္ခ်င္း ေျခာက္
အမႈန႔္ ႏွစ္ဆ၊လင္းေလျမစ္အမႈန႔္ တစ္ဆေရာစပ္၍ေရေႏြးပူပူေဖ်ာ္ၿပီး လိမ္းေပးလွ်င္အကိုက္သက္သာေစ သည္။က်ီးေပါင္းေၾကာင့္ဇက္ေၾကာတက္လွ်င္နႏြင္းမႈန႔္၊သက္ရင္းႀကီးအျမစ္မႈန႔္၊ နလင္ေက်ာ္အေခါက္မႈန႔္တို႔ကိုမီးက်ီးခဲေပၚ
ျဖဴး၍မႈိင္းရႉေပးလွ်င္သက္သာေစႏိုင္သည္။
ဇက္ေၾကာတက္ေရာဂါ
ေခါင္းငုံ႔အလုပ္လုပ္သူ၊စာေရးစာဖတ္မ်ားသူတို႔တြင္ျဖစ္ေလ့ရွိသည္။မ်က္ႏွာသစ္လွ်င္ေရကိုလက္ခုပ္ျဖင့္ယူၿပီး ဇက္ပိုးတြင္႐ိုက္ေပးလွ်င္သက္သာသည္ဟု ေရွးလူႀကီးမ်ားဆိုသည္။ကြမ္း႐ြက္ကို မီးကင္ၿပီးဇက္ေၾကာတြင္ကပ္ေပးပါ။ အာလူး
ကိုပါးပါးလွီးၿပီးဇက္ေၾကာတက္သည့္ေနရာတြင္ကပ္ေပးပါ။ဗာဒံ႐ြက္ကိုမီးကင္ၿပီးဇက္ေၾကာတက္သည့္ေနရာတြင္ကပ္ေပးပါ။ေၾကးဇြန္းကို ေႏြးေအာင္မီးကင္ၿပီးဇက္ေၾကာတက္သည့္ေနရာတြင္ဖိကပ္ေပးပါ။က်ီးေပါင္းေၾကာင့္ဇက္ေၾကာတက္
လွ်င္နႏြင္းမႈန႔္၊သက္ရင္းႀကီးအျမစ္မႈန႔္၊နလင္ေက်ာ္အေခါက္မႈန႔္တို႔ကို မီးက်ီးခဲေပၚျဖဴး၍ မႈိင္းရႉေပးလွ်င္သက္သာေစႏိုင္သည္။ မိႆလင္အေျခာက္မႈန႔္ကိုအဝတ္ျဖင့္ထုပ္ၿပီးေရေႏြးေငြ႕ခံကာဇက္ေၾကာတက္သည့္ေနရာတြင္ၾကပ္ထုပ္ထိုးေပးပါ။
လက္မႏွင့္လက္ညႇိဳးခြၾကားရွိႂကြက္သားကိုက်န္လက္တစ္ဖက္၏လက္ညႇိဳးလက္မျဖင့္ဖ်စ္၍ကိုယ္တိုင္ႏွိပ္ေပးလွ်င္ ဇက္ေၾကာတက္သက္သာသည္ဟုအႏွိပ္က်မ္းမ်ားကဆိုသည္။
ဇက္ေလးလွ်င္
မုန္ညင္းဆီႏွင့္ႏွမ္းဆီကိုမီးေႏႊးၿပီးဇက္တြင္လိမ္း၍ဘယ္ညာလွည့္ေပးပါက ဇက္ေလးသက္သာေစသည္။
ဇက္ခိုင္(ဇတၱဳထမၻ)ေရာဂါ
တန္းလ်ားခုံတန္းမ်ားတြင္ဇက္တင္ ၍အိပ္သူမ်ား၊ေခါင္းအုံးအမာအိပ္သူမ်ားတြင္ျဖစ္ေလ့ရွိသည္။ပ႐ုတ္ဆီ၊ေလးညင္းဆီ၊မင္ေသာ္ဆီတို႔ကိုပ်ားဖေယာင္းႏွင့္ ေရာစပ္က်ိဳၿပီးဇက္တြင္လိမ္းေပးပါ။ ဆားကိုေရေႏြးႏွင့္ေဖ်ာ္ၿပီးမ်က္ႏွာသုပ္ပဝါ
စိမ္၍ညႇစ္ၿပီးဇက္ေပၚတြင္တင္ေပးလွ်င္ခ်က္ခ်င္းသက္သာေစသည္။
ဇက္လွည့္မရ(အုံးလြဲ)
မုန္ညင္းဆီကိုမီးေႏြးၿပီးဇက္ႏွင့္လက္ ျပင္တြင္လိမ္းပါ။ဆားကိုအဝတ္ျဖင့္ထုပ္ အပူေပးၿပီးဆားၾကပ္ထုပ္ထိုးေပးပါ။ ေခါင္းအုံးကို ေနပူလွန္းၿပီးတုတ္ျဖင့္ (လက္ျပင္ငုပ္သူက)႐ိုက္ေပးလွ်င္ သက္သာသည္။(ေရွးထုံး)လက္ျပင္ေပၚတြင္
အဝတ္ပါးတင္ၿပီးေၾကာင္၏ လက္ သည္းျဖင့္အသားကိုမထိေအာင္ကုတ္ေပးလွ်င္သက္သာသည္။(ေရွးထုံး) ေၾကးဖလားကိုမီးကင္ၿပီးဇက္ပိုးတြင္အုပ္ေပး လွ်င္အုံးလြဲသက္သာေစသည္။ဇက္ေၾကာတက္ေရာဂါသည္အထိုင္မ်ားျခင္းမ်က္စိ
အသုံးခ်မ်ားျခင္း၊ဝမ္းခ်ဳပ္ျခင္း၊လမ္းေလွ်ာက္နည္းျခင္းစသည့္အေၾကာင္းအရာမ်ားကိုျပဳျပင္ေပးႏိုင္မွသာသက္သာေပ်ာက္ကင္း မည့္ေရာဂါ မ်ိဳးျဖစ္ေၾကာင္းတင္ျပလိုက္ရေပသည္။
ၾကည္လြင္ျမင့္ (မုျဒာ)