အနံ့ပျောက်သူများနဲ့ ရန်ကုန်မှာ ကိုဗစ် အခြေအနေ

Sharing is caring!

ယခု ရန်ကုန်တိုင်းမှာ အနံ့ ရုတ်တရက်ပျောက် လူနာတွေများလာပါတယ်။ ကျနော့်ကိုယ်ပိုင်အမြင်အရ Covid19 ဘယ်လောက်ဆက်ပြီး ပျံ့မလဲဆိုတာက အနံ့ပျောက်လူနာတွေအနေနဲ့ အခြားသူဆီမကူးအောင် ဘယ်လောက်နေနိုင်

လဲအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ သင်ဟာ အနံ့ပျောက်ပြီးဆိုရင် အောက်က အချက်တွေကို နားလည်ဖို့လိုပါတယ်။

(၁) ဖျားတာ ချောင်းဆိုးတာ မရှိရင် အနံ့ပျောက်လူနာအများစုဟာ Covid-19 ရောဂါနောက်ဆက်တွဲ ဆိုးရွားတဲ့ ပြသနာတွေဖြစ်ပေါ်လေ့မရှိပါ။ အနံ့ တစ်ခုထဲ ပျောက်တာဟာ ဆေးပညာအရ good prognosis လို့တောင် ပြော

ကြပါတယ်။ ဆိုလိုတာက ကိုယ်ကိုယ်တိုင်အတွက် စိုးရိမ်စရာသိပ်မရှိပါ။(၂)အနံ့ပြန်ရဖို့ ထွေထွေထူးထူး ဆေးမလိုပါ။ သူ့ဘာသာ တစ်ပတ်လောက်အတွင်း အနံ့ပြန်ရပါတယ်။(၃)အနံ့ပျောက်လူနာများဟာ အနံ့မပျောက်ခင် ၂ ရက်

ကစပြီး ၂ ပတ်အတွင်း အခြားလူများကို ကူးနိုင်ပါတယ်။ အနံ့ပြန်ရရင်လဲ ၂ ပတ်အထိ အခြားသူကို ကူးနိုင်လို့ သီးသန့်ခွဲနေဖို့ အရေးကြီးပါတယ်။(၄)အနံ့ပျောက်လူနာများဟာ အနံ့ပြန်ရရင်မကူးနိုင်တော့ဖူးလို့ ယူဆနေကြပါတယ်။ ဒါ

ဟာ အယူအဆ အမှားပါ။ (၂) ပတ်အထိကူးနိုင်ပါတယ်။(၅) အနံ့ပျောက်ပြီဆိုတာနဲ့ အိမ်ကလူတွေနဲ့ ခွဲနေပါ။ နီးစပ်ရာ fever clinic (သို့) ဆေးရုံကို အကြောင်းကြားပြီး ကုသအကြံပေးမှုကိုခံယူပါ။ လိုအပ်ရင် fever clinic

များမှ အနံ့ပျောက်စင်တာများသို့ ပို့ပေးပါလိမ့်မယ်။(၆)ကျနော်တို့ သတိပေးချင်တာကတော့ အနံ့မရတာ တခုပဲရှိတဲ့ လူနာတွေဟာ သူတို့ကိုကုဖို့ဆိုတာထက် အခြားလူကိုမကူးအောင် နေကြဖို့ပိုအရေးကြီးတယ်ဆိုတာကိုသတိပေးချင်

တာပါ။ ဒါကြောင့် အနံ့ပျောက်လူနာများ သတိကြီးကြီးထားပြီး သီးသန့်နေကြမယ်ဆိုရင် Covid-19 ဆက်လက်ကူးစက်မှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

#DhanaCredit :Dr Myat Min Oo

Zawgyi Version

ယခု ရန္ကုန္တိုင္းမွာ အနံ႔ ႐ုတ္တရက္ေပ်ာက္ လူနာေတြမ်ားလာပါတယ္။ က်ေနာ့္ကိုယ္ပိုင္အျမင္အရ Covid19 ဘယ္ေလာက္ဆက္ၿပီး ပ်ံ႕မလဲဆိုတာက အနံ႔ေပ်ာက္လူနာေတြအေနနဲ႔ အျခားသူဆီမကူးေအာင္ ဘယ္ေလာက္ေနႏိုင္

လဲအေပၚမွာ မူတည္ပါတယ္။ တကယ္လို႔ သင္ဟာ အနံ႔ေပ်ာက္ၿပီးဆိုရင္ ေအာက္က အခ်က္ေတြကို နားလည္ဖို႔လိုပါတယ္။

(၁) ဖ်ားတာ ေခ်ာင္းဆိုးတာ မရွိရင္ အနံ႔ေပ်ာက္လူနာအမ်ားစုဟာ Covid-19 ေရာဂါေနာက္ဆက္တြဲ ဆိုး႐ြားတဲ့ ျပသနာေတြျဖစ္ေပၚေလ့မရွိပါ။ အနံ႔ တစ္ခုထဲ ေပ်ာက္တာဟာ ေဆးပညာအရ good prognosis လို႔ေတာင္ ေျပာ

ၾကပါတယ္။ ဆိုလိုတာက ကိုယ္ကိုယ္တိုင္အတြက္ စိုးရိမ္စရာသိပ္မရွိပါ။(၂)အနံ႔ျပန္ရဖို႔ ေထြေထြထူးထူး ေဆးမလိုပါ။ သူ႔ဘာသာ တစ္ပတ္ေလာက္အတြင္း အနံ႔ျပန္ရပါတယ္။(၃)အနံ႔ေပ်ာက္လူနာမ်ားဟာ အနံ႔မေပ်ာက္ခင္ ၂ ရက္

ကစၿပီး ၂ ပတ္အတြင္း အျခားလူမ်ားကို ကူးႏိုင္ပါတယ္။ အနံ႔ျပန္ရရင္လဲ ၂ ပတ္အထိ အျခားသူကို ကူးႏိုင္လို႔ သီးသန႔္ခြဲေနဖို႔ အေရးႀကီးပါတယ္။(၄)အနံ႔ေပ်ာက္လူနာမ်ားဟာ အနံ႔ျပန္ရရင္မကူးႏိုင္ေတာ့ဖူးလို႔ ယူဆေနၾကပါတယ္။ ဒါ

ဟာ အယူအဆ အမွားပါ။ (၂) ပတ္အထိကူးႏိုင္ပါတယ္။(၅) အနံ႔ေပ်ာက္ၿပီဆိုတာနဲ႔ အိမ္ကလူေတြနဲ႔ ခြဲေနပါ။ နီးစပ္ရာ fever clinic (သို႔) ေဆး႐ုံကို အေၾကာင္းၾကားၿပီး ကုသအႀကံေပးမႈကိုခံယူပါ။ လိုအပ္ရင္ fever clinic

မ်ားမွ အနံ႔ေပ်ာက္စင္တာမ်ားသို႔ ပို႔ေပးပါလိမ့္မယ္။(၆)က်ေနာ္တို႔ သတိေပးခ်င္တာကေတာ့ အနံ႔မရတာ တခုပဲရွိတဲ့ လူနာေတြဟာ သူတို႔ကိုကုဖို႔ဆိုတာထက္ အျခားလူကိုမကူးေအာင္ ေနၾကဖို႔ပိုအေရးႀကီးတယ္ဆိုတာကိုသတိေပးခ်င္

တာပါ။ ဒါေၾကာင့္ အနံ႔ေပ်ာက္လူနာမ်ား သတိႀကီးႀကီးထားၿပီး သီးသန႔္ေနၾကမယ္ဆိုရင္ Covid-19 ဆက္လက္ကူးစက္မႈကို တားဆီးႏိုင္မွာ ျဖစ္ပါတယ္။

#DhanaCredit :Dr Myat Min Oo

Add a Comment

Your email address will not be published. Required fields are marked *