မိမိအိမ်က စွန့်ပစ်ပစ္စည်းများနဲ့ သဘာဝမြေသြဇာ လုပ်နည်း
|ယခုခေတ်မှာ သီးနှံတွေ အထွက်တိုးရေးအတွက် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်ဓာတ်တွေပါတဲ့ ကွန်ပေါင်းဓာတ်မြေသြဇာတွေ၊ အရွက်ဖျန်းမြေသြဇာအရည်တွေ တော်တော်
ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာ တွေ့ရတယ်။ အာဟာရပါဝင်မှု ပမာဏစစ်မှန်ရင်တော့ အာနိသင်ထိရောက်မှုကောင်းတာ တွေ့ရတယ်။ ဒါပေမယ့် နိုင်ငံခြားကတင်သွင်းကြတာဆိုတော့ဈေးကြီးတယ်။ တစ်ခါတလေ တချို့သီးနှံတွေမှာ စီးပွားရေးတွက်ခြေမကိုက်တာ တွေ့ရ
တယ်။ Face Book စာမျက်နှာ၊ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး Group ကနေ မျှဝေထားတဲ့ NPK ဓာတ်တွေပါတဲ့ သဘာဝမြေသြဇာအရည် (အရွက်ဖျန်း) ကိုပြည်တွင်းရှိပြီးဖြစ်တဲ့ သဘာဝပစ္စည်းတွေနဲ့ လွယ်လွယ်ပြုလုပ်သုံးစွဲနည်းလေးကို တောင်သူလယ်သမားကြီးများရဲ့ အကျိုးအတွက် ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ –
(၁)ထမင်းခြောက် (စားကြွင်း၊ စားကျန် ပိုနေတဲ့ထမင်းရေဆေး နေလှန်း အခြောက်ခံထားတဲ့ပစ္စည်း) ကီလိုဝက်။
(၂) ဟင်းသီးဟင်းရွက် (ရောင်းမကုန်၊ ချက်ပြုတ်ပိုလျှံလွှင့်ပစ်ရမယ့်အသီးအရွက်အတိုအစများ) ကီလိုဝက်။
(၃) အုန်းစိမ်းရည် ၁၀ ဇွန်း။
(၄) EM (Effective Microorganism) တစ်ဇွန်း။
(၅)သကြားလေးဇွန်း။ (၆) ရေသန့်တစ်လီတာ။
ပြုလုပ်သုံးစွဲနည်း
သန့်ရှင်းပြီး အဖုံးပါတဲ့ ဘူးတစ်ခုထဲသို့ နုပ်နုပ်စဉ်းထားတဲ့ ဟင်းသီးဟင်းရွက်အတိုအစများကိုထည့်ပါ။ ထမင်းခြောက်ကီလိုဝက်ကိုထည့်ပါ။ အုန်းစိမ်းရည် ၁၀ဇွန်း၊ EM တစ်ဇွန်း၊
သကြားလေးဇွန်း၊ ရေသန့်တစ်လီတာ တို့ကိုထည့်ပြီးနောက် သမသွားအောင်ကောင်းစွာမွှေပေးပါ။ ပြီးရင်အဖုံးလုံအောင်ပိတ်ပြီး အရိပ်ထဲမှာ တစ်ပတ်ထားပါ။ ရက်ပြည့်တဲ့အခါ စွပ်ကျယ်စ (သို့) ပိတ်ပါးစနဲ့စစ်ယူပြီး ရရှိတဲ့အရည်ကို အသုံးပြုနိုင်ပါတယ်။ ဆေးဖျန်းပုံးတစ်ပုံးကို ရေ
အပြည့် လေးဂါလန်ခန့်ထည့်ပြီး ဆေးရည်စတီးဇွန်းငါးဇွန်း ထည့်ဖျန်းနိုင်ပါတယ်။ အပင်ရင်း၊ ပင်စည်၊ အရွက်အားလုံး ဖျန်းနိုင်ပါတယ်။ သဘာဝပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ ဓာတ်မြေသြဇာအရည်ဖြစ်တဲ့အတွက် အရွက်လောင်တာမရှိနိုင်ပါ။ NPK ၁၅ ပတ်လည် ဓာတ်မြေသြဇာအရည်နဲ့ အာနိသင်ညီမျှတယ်လို့ဆိုပါတယ်။
အသုံးပြုနိုင်သော သီးနှံများ
စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ၊ မြေပဲ၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ သစ်သီးဝလံပင်များ၊ သရက်၊ကျွဲကော၊ ငှက်ပျော၊ လိမ္မော်၊မက်မန်း၊ ဒူးရင်း၊ ကြက်မောက်၊ မင်းကွတ်၊သံပရာ၊ ထောပတ်သီး၊ ဖရဲ၊ သခွားမွှေး စသည်တို့မှာအသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။ သီးနှံတစ်မျိုးကို ငါးကြိမ်၊ ခြောက်ကြိမ်လောက် ဖျန်းနိုင်ပါက
ပို၍သိသိသာသာကောင်းမွန်တယ်လို့ ဆိုပါတယ်။ ပြည်ပကဝင်လာတဲ့ ၁၅ ပတ်လည်၊ ၁၆ ပတ်လည်NPK အရွက်ဖျန်းမြေသြဇာတွေဟာ ဈေးနှုန်းလည်းကြီးမြင့်တယ်။ ဓာတ်ကြွင်းလည်းကျန်မယ်၊ ဒီသဘာ၀ NPK မြေသြဇာအရည်ဟာ မိမိပြည်တွင်းက ပစ္စည်းတွေနဲ့ လွယ်လွယ်လုပ်လို့ရမယ်၊ဈေးနှုန်းလည်းသက်သာမယ်၊ ဓာတ်ကြွင်း အန္တရာယ်လည်း ကင်းဝေး
မယ်၊ ဒါကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်တဲ့အတွက်တောင်သူလယ်သမားကြီးများက စမ်းသပ်ပြုလုပ်သုံးစွဲသင့်ပါတယ်လို့ ထပ်ဆင့်မျှဝေလိုက်ရပါတယ်ခင်ဗျား။
– အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများ ဂျာနယ်
အတွဲ(၂၇) အမှတ်(၃၉၅)၊ မတ် ၉ – ၁၅၊ ၂၀၂၀ ခုနှစ်
Zawgyi Version
ယခုေခတ္မွာ သီးႏွံေတြ အထြက္တိုးေရးအတြက္ ႏိုက္ထ႐ိုဂ်င္၊ ေဖာ့စ္ဖရပ္၊ ပိုတက္စီယမ္ဓာတ္ေတြပါတဲ့ ကြန္ေပါင္းဓာတ္ေျမၾသဇာေတြ၊ အ႐ြက္ဖ်န္းေျမၾသဇာအရည္ေတြ ေတာ္ေတာ္
က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳလာၾကတာ ေတြ႕ရတယ္။ အာဟာရပါဝင္မႈ ပမာဏစစ္မွန္ရင္ေတာ့ အာနိသင္ထိေရာက္မႈေကာင္းတာ ေတြ႕ရတယ္။ ဒါေပမယ့္ ႏိုင္ငံျခားကတင္သြင္းၾကတာဆိုေတာ့ေဈးႀကီးတယ္။ တစ္ခါတေလ တခ်ိဳ႕သီးႏွံေတြမွာ စီးပြားေရးတြက္ေျခမကိုက္တာ ေတြ႕ရ
တယ္။ Face Book စာမ်က္ႏွာ၊ စိုက္ပ်ိဳးေရးနည္းပညာျပန႔္ပြားေရး Group ကေန မွ်ေဝထားတဲ့ NPK ဓာတ္ေတြပါတဲ့ သဘာဝေျမၾသဇာအရည္ (အ႐ြက္ဖ်န္း) ကိုျပည္တြင္းရွိၿပီးျဖစ္တဲ့ သဘာဝပစၥည္းေတြနဲ႔ လြယ္လြယ္ျပဳလုပ္သုံးစြဲနည္းေလးကို ေတာင္သူလယ္သမားႀကီးမ်ားရဲ႕ အက်ိဳးအတြက္ ထပ္ဆင့္မွ်ေဝေပးလိုက္ပါတယ္။ လိုအပ္တဲ့ပစၥည္းေတြကေတာ့ –
(၁)ထမင္းေျခာက္ (စားႂကြင္း၊ စားက်န္ ပိုေနတဲ့ထမင္းေရေဆး ေနလွန္း အေျခာက္ခံထားတဲ့ပစၥည္း) ကီလိုဝက္။
(၂) ဟင္းသီးဟင္း႐ြက္ (ေရာင္းမကုန္၊ ခ်က္ျပဳတ္ပိုလွ်ံလႊင့္ပစ္ရမယ့္အသီးအ႐ြက္အတိုအစမ်ား) ကီလိုဝက္။
(၃) အုန္းစိမ္းရည္ ၁၀ ဇြန္း။
(၄) EM (Effective Microorganism) တစ္ဇြန္း။
(၅)သၾကားေလးဇြန္း။ (၆) ေရသန႔္တစ္လီတာ။
ျပဳလုပ္သုံးစြဲနည္း
သန႔္ရွင္းၿပီး အဖုံးပါတဲ့ ဘူးတစ္ခုထဲသို႔ ႏုပ္ႏုပ္စဥ္းထားတဲ့ ဟင္းသီးဟင္း႐ြက္အတိုအစမ်ားကိုထည့္ပါ။ ထမင္းေျခာက္ကီလိုဝက္ကိုထည့္ပါ။ အုန္းစိမ္းရည္ ၁၀ဇြန္း၊ EM တစ္ဇြန္း၊
သၾကားေလးဇြန္း၊ ေရသန႔္တစ္လီတာ တို႔ကိုထည့္ၿပီးေနာက္ သမသြားေအာင္ေကာင္းစြာေမႊေပးပါ။ ၿပီးရင္အဖုံးလုံေအာင္ပိတ္ၿပီး အရိပ္ထဲမွာ တစ္ပတ္ထားပါ။ ရက္ျပည့္တဲ့အခါ စြပ္က်ယ္စ (သို႔) ပိတ္ပါးစနဲ႔စစ္ယူၿပီး ရရွိတဲ့အရည္ကို အသုံးျပဳႏိုင္ပါတယ္။ ေဆးဖ်န္းပုံးတစ္ပုံးကို ေရ
အျပည့္ ေလးဂါလန္ခန႔္ထည့္ၿပီး ေဆးရည္စတီးဇြန္းငါးဇြန္း ထည့္ဖ်န္းႏိုင္ပါတယ္။ အပင္ရင္း၊ ပင္စည္၊ အ႐ြက္အားလုံး ဖ်န္းႏိုင္ပါတယ္။ သဘာဝပစၥည္းမ်ားနဲ႔ ျပဳလုပ္ထားတဲ့ ဓာတ္ေျမၾသဇာအရည္ျဖစ္တဲ့အတြက္ အ႐ြက္ေလာင္တာမရွိႏိုင္ပါ။ NPK ၁၅ ပတ္လည္ ဓာတ္ေျမၾသဇာအရည္နဲ႔ အာနိသင္ညီမွ်တယ္လို႔ဆိုပါတယ္။
အသုံးျပဳႏိုင္ေသာ သီးႏွံမ်ား
စပါး၊ အေစ့ထုတ္ေျပာင္း၊ ပဲမ်ိဳးစုံ၊ မတ္ပဲ၊ ပဲတီစိမ္း၊ ကုလားပဲ၊ ပဲစင္းငုံ၊ ေျမပဲ၊ ဟင္းသီးဟင္း႐ြက္မ်ိဳးစုံ၊ သစ္သီးဝလံပင္မ်ား၊ သရက္၊ကြၽဲေကာ၊ ငွက္ေပ်ာ၊ လိေမၼာ္၊မက္မန္း၊ ဒူးရင္း၊ ၾကက္ေမာက္၊ မင္းကြတ္၊သံပရာ၊ ေထာပတ္သီး၊ ဖရဲ၊ သခြားေမႊး စသည္တို႔မွာအသုံးျပဳႏိုင္တယ္လို႔ ဆိုပါတယ္။ သီးႏွံတစ္မ်ိဳးကို ငါးႀကိမ္၊ ေျခာက္ႀကိမ္ေလာက္ ဖ်န္းႏိုင္ပါက
ပို၍သိသိသာသာေကာင္းမြန္တယ္လို႔ ဆိုပါတယ္။ ျပည္ပကဝင္လာတဲ့ ၁၅ ပတ္လည္၊ ၁၆ ပတ္လည္NPK အ႐ြက္ဖ်န္းေျမၾသဇာေတြဟာ ေဈးႏႈန္းလည္းႀကီးျမင့္တယ္။ ဓာတ္ႂကြင္းလည္းက်န္မယ္၊ ဒီသဘာ၀ NPK ေျမၾသဇာအရည္ဟာ မိမိျပည္တြင္းက ပစၥည္းေတြနဲ႔ လြယ္လြယ္လုပ္လို႔ရမယ္၊ေဈးႏႈန္းလည္းသက္သာမယ္၊ ဓာတ္ႂကြင္း အႏၲရာယ္လည္း ကင္းေဝး
မယ္၊ ဒါေၾကာင့္ အက်ိဳးေက်းဇူးမ်ားစြာ ရရွိႏိုင္တဲ့အတြက္ေတာင္သူလယ္သမားႀကီးမ်ားက စမ္းသပ္ျပဳလုပ္သုံးစြဲသင့္ပါတယ္လို႔ ထပ္ဆင့္မွ်ေဝလိုက္ရပါတယ္ခင္ဗ်ား။
– ေအာင္ဆန္း(စိုက္ပ်ိဳးေရး)
ျမန္မာေတာင္သူႀကီးမ်ား ဂ်ာနယ္
အတြဲ(၂၇) အမွတ္(၃၉၅)၊ မတ္ ၉ – ၁၅၊ ၂၀၂၀ ခုႏွစ္