သိသူနည်းတဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းများနောက်ကွယ်က အကြောင်းများ
|အဆိုတော် စိုင်းထီးဆိုင် သီဆိုခဲ့တဲ့ သီချင်းတချို့ရဲ့ နောက်ကွယ်က လူမသိသေးတဲ့ အဓိပ္ပာယ်များဖန်တရာတေအောင် နားထောင်ခဲ့ဖူးတဲ့ တစ်ချို့ သီချင်းလေးတွေက ကိုယ်ထင်သလို ချစ်တာ မေတ္တာအကြောင်းတွေ မဟုတ်ဘူး…တဲ့ တိုင်းရေးပြည်ရေး.. အကြပ်အတည်းတွေ ကြားထဲမှာ.. လူထုရဲ့ ခံစားချက်လေးတွေကို ကိုယ်စားပြု မွေးဖွားလာတဲ့ သီချင်းလေးတွေ ဖြစ်ပါသတဲ့…မနေ့ကမှ ဂရုတစ်ခုမှာ အစ်ကို တစ်ယောက် ပြောပြလို့ သိရတာ.. ဆရာ
စိုင်းခမ်းလိတ်ရေးဖွဲ့ခဲ့တဲ့ ဦးထီးရဲ့ မေမြို့မိုး သီချင်းဟာ… တောင်ပေါ်မြို့လေး ပြင်ဦးလွင်ကို မဆီမဆိုင် မန္တလေးတိုင်းထဲ ထည့်ခဲ့လို့… ဆိုခဲ့တဲ့ သီချင်းလေးပါတဲ့…သံလွင်ချောင်းခြားဆိုတဲ့ သီချင်းလေးက… မြစ်ဟိုဘက်ကမ်း.. ဒီဘက်ကမ်းမှာ တပ်စွဲထားတဲ့မြန်မာစစ်တပ်နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ တို့ရဲ့ အာဃာတကို ရေးဖွဲ့ခဲ့တာပါတဲ့ ရှိသေးတယ်.. ကိုယ်တစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး.. ဆိုတာ.. ခေါင်မလုံရင် စိုမှာပဲ… အစိုးရမကောင်းရင်..
ကိုယ် ဘယ်လောက်လုပ်လုပ် အရာမထင်ဘူးလို့ ရွဲ့ဆိုခဲ့တာပါ…ဟိုးဘက်ခေတ်က မြန်မာနိုင်ငံ အနှံ့အပြားကို မီးပေးတာက လောပိတ ရေအားလျှပ်စစ် စက်ရုံကြီးပေါ့… လောပိတ ရေတံခွန်ကြီး ရှိနေတဲ့ ကယားပြည်နယ်လေးကတော့ မှောင်လို့ မဲလို့ပေါ့လေ…. အဲ့ဒီ့မှာ… ရန်ကုန်မှာ သာတဲ့လ… ဆိုတဲ့ သီချင်းလေး ဖြစ်လာရတာပါပဲ..သိပ်ပြီး ပညာသားပါတဲ့ သီချင်းလေး ရှိသေးတယ်… ကျနော်တို့ သိထားတဲ့… ဘီးနံပါတ်… OK 0122L ဆိုတဲ့ အပေါင်ဆုံး စက်ဘီး
လေးအကြောင်းလေ… မင်းသခင်မလေး ခမြာလေ..သိပ်ကိုစွဲလမ်းရှာနေ.. ပြန်ရွေးလို့ ရခဲ့ရင် ပြန်ရွေးလို့ ပေးလိုက်ချင်တယ်..တဲ့ဘီးနံပါတ်..OK 0122Lဆိုတာ… ဖေဖော်ဝါရီ 12 ပြည်ထောင်စုနေ့က ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ သဘောတူခဲ့တဲ့ ဖက်ဒရယ်မူကို ရည်ရွယ်ပါသတဲ့.. လွတ်လပ်ရေးရပြီးရင် ပေးမယ်ဆိုတဲ့ သူတို့ ရပိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်လေးကို ပြန်လိုချင်ပါတယ်လို့ ဆိုလိုတာ… OK.. သဘောတူညီချက် စာချုပ် 0..(သုည) ဆုံးရှုံးတာ.. မရ
လိုက်တာ.. 12.. နေ့စွဲ 2…. လ L…Law. ဥပဒေကို ရည်ညွှန်းပါသတဲ့..ဒီအဓိပ္ပာယ်လေးကို သိမှ ဒီသီချင်းလေး ပြန်နားထောင်တဲ့အခါ ရှမ်းတွေရဲ့ ခံစားချက်ကို ပိုပြီး နားလည်လာရပါတယ်.. ဂီတ..အနုပညာဆိုတာ ဒါပါလား… ဒီသီချင်းတွေ ရေးခဲ့တဲ့ ဆရာစိုင်းခမ်းလိတ်ရဲ့ အမြော်အမြင်ကြီးမှု.. ဖန်တီးနိုင်မှုဟာ လေးစားစရာ။
သီချင်းမဟုတ်တော့တဲ့ သီချင်းတွေပါပဲ ကိုယ့်ဉာဏ်နဲ့ကိုယ်ဆို ဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး… ပြောပြတဲ့ အစ်ကိုကိုလဲ တကယ်ကျေးဇူးတင်ပါတယ်ဗျာ။
ko Myo Thet Paing
Zawgyi Version
အဆိုေတာ္ စိုင္းထီးဆိုင္ သီဆိုခဲ့တဲ့ သီခ်င္းတခ်ိဳ႕ရဲ႕ ေနာက္ကြယ္က လူမသိေသးတဲ့ အဓိပၸာယ္မ်ားဖန္တရာေတေအာင္ နားေထာင္ခဲ့ဖူးတဲ့ တစ္ခ်ိဳ႕ သီခ်င္းေလးေတြက ကိုယ္ထင္သလို ခ်စ္တာ ေမတၱာအေၾကာင္းေတြ မဟုတ္ဘူး…တဲ့ တိုင္းေရးျပည္ေရး.. အၾကပ္အတည္းေတြ ၾကားထဲမွာ.. လူထုရဲ႕ ခံစားခ်က္ေလးေတြကို ကိုယ္စားျပဳ ေမြးဖြားလာတဲ့ သီခ်င္းေလးေတြ ျဖစ္ပါသတဲ့…မေန႔ကမွ ဂ႐ုတစ္ခုမွာ အစ္ကို တစ္ေယာက္ ေျပာျပလို႔ သိရတာ.. ဆရာ
စိုင္းခမ္းလိတ္ေရးဖြဲ႕ခဲ့တဲ့ ဦးထီးရဲ႕ ေမၿမိဳ႕မိုး သီခ်င္းဟာ… ေတာင္ေပၚၿမိဳ႕ေလး ျပင္ဦးလြင္ကို မဆီမဆိုင္ မႏၲေလးတိုင္းထဲ ထည့္ခဲ့လို႔… ဆိုခဲ့တဲ့ သီခ်င္းေလးပါတဲ့…သံလြင္ေခ်ာင္းျခားဆိုတဲ့ သီခ်င္းေလးက… ျမစ္ဟိုဘက္ကမ္း.. ဒီဘက္ကမ္းမွာ တပ္စြဲထားတဲ့ျမန္မာစစ္တပ္နဲ႔ ဗမာျပည္ကြန္ျမဴနစ္ပါတီ တို႔ရဲ႕ အာဃာတကို ေရးဖြဲ႕ခဲ့တာပါတဲ့ ရွိေသးတယ္.. ကိုယ္တစ္ေယာက္ထဲေၾကာင့္ေတာ့ မဟုတ္ဘူး.. ဆိုတာ.. ေခါင္မလုံရင္ စိုမွာပဲ… အစိုးရမေကာင္းရင္..
ကိုယ္ ဘယ္ေလာက္လုပ္လုပ္ အရာမထင္ဘူးလို႔ ႐ြဲ႕ဆိုခဲ့တာပါ…ဟိုးဘက္ေခတ္က ျမန္မာႏိုင္ငံ အႏွံ႔အျပားကို မီးေပးတာက ေလာပိတ ေရအားလွ်ပ္စစ္ စက္႐ုံႀကီးေပါ့… ေလာပိတ ေရတံခြန္ႀကီး ရွိေနတဲ့ ကယားျပည္နယ္ေလးကေတာ့ ေမွာင္လို႔ မဲလို႔ေပါ့ေလ…. အဲ့ဒီ့မွာ… ရန္ကုန္မွာ သာတဲ့လ… ဆိုတဲ့ သီခ်င္းေလး ျဖစ္လာရတာပါပဲ..သိပ္ၿပီး ပညာသားပါတဲ့ သီခ်င္းေလး ရွိေသးတယ္… က်ေနာ္တို႔ သိထားတဲ့… ဘီးနံပါတ္… OK 0122L ဆိုတဲ့ အေပါင္ဆုံး စက္ဘီး
ေလးအေၾကာင္းေလ… မင္းသခင္မေလး ချမာေလ..သိပ္ကိုစြဲလမ္းရွာေန.. ျပန္ေ႐ြးလို႔ ရခဲ့ရင္ ျပန္ေ႐ြးလို႔ ေပးလိုက္ခ်င္တယ္..တဲ့ဘီးနံပါတ္..OK 0122Lဆိုတာ… ေဖေဖာ္ဝါရီ 12 ျပည္ေထာင္စုေန႔က ခ်ဳပ္ဆိုခဲ့တဲ့ ပင္လုံစာခ်ဳပ္မွာ သေဘာတူခဲ့တဲ့ ဖက္ဒရယ္မူကို ရည္႐ြယ္ပါသတဲ့.. လြတ္လပ္ေရးရၿပီးရင္ ေပးမယ္ဆိုတဲ့ သူတို႔ ရပိုင္ခြင့္ရွိတဲ့ ဖက္ဒရယ္ေလးကို ျပန္လိုခ်င္ပါတယ္လို႔ ဆိုလိုတာ… OK.. သေဘာတူညီခ်က္ စာခ်ဳပ္ 0..(သုည) ဆုံးရႈံးတာ.. မရ
လိုက္တာ.. 12.. ေန႔စြဲ 2…. လ L…Law. ဥပေဒကို ရည္ၫႊန္းပါသတဲ့..ဒီအဓိပၸာယ္ေလးကို သိမွ ဒီသီခ်င္းေလး ျပန္နားေထာင္တဲ့အခါ ရွမ္းေတြရဲ႕ ခံစားခ်က္ကို ပိုၿပီး နားလည္လာရပါတယ္.. ဂီတ..အႏုပညာဆိုတာ ဒါပါလား… ဒီသီခ်င္းေတြ ေရးခဲ့တဲ့ ဆရာစိုင္းခမ္းလိတ္ရဲ႕ အေျမာ္အျမင္ႀကီးမႈ.. ဖန္တီးႏိုင္မႈဟာ ေလးစားစရာ။
သီခ်င္းမဟုတ္ေတာ့တဲ့ သီခ်င္းေတြပါပဲ ကိုယ့္ဉာဏ္နဲ႔ကိုယ္ဆို ဘယ္လိုမွ သိႏိုင္မွာ မဟုတ္ဘူး… ေျပာျပတဲ့ အစ္ကိုကိုလဲ တကယ္ေက်းဇူးတင္ပါတယ္ဗ်ာ။
ko Myo Thet Paing