တရားခံမပေါ်တဲ့ ဗစ်တိုးရီးယားအမှုမှာ (၅)လအကြာ မှားယွင်းဖမ်းဆီခံရတဲ့ အောင်ကြီး မှ ရဲတပ်ဖွဲ့ကို တရားစွဲပြီ
Sharing is caring!
“ ဗစ်တိုးရီးယား အမှုမှာ မတရား စွပ်စွဲခံခဲ့ရတဲ့ ကိုအောင်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲလိုက်ပါပြီ ” ဗစ်တိုးရီးယားအမှုအတွက် မမှန်မကန် စွပ်စွဲခံရပြီး (၅) လကြာ ချုပ်နှောင်ခံခဲ့ရတဲ့ ကိုအောင်ကြီးက သူ့ရဲ့ ဂုဏ်သိက္ခနဲ့
နစ်နာမှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲဆိုလိုက်ပါပြီ။(၅) လတာ ချုပ်နှောင်ခံခဲ့ရမှုအတွက် ၁ လလျှင် သိန်း (၁ ) ထောင် နှုန်းနဲ့ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၀၀၀ လျှော်ပေးဖို့ တရားစွဲဆိုခဲ့တာပါ။ ဒီအမှုကို နေပြည်
တော် ဒက္ခိဏခရိုင်တရားရုံးမှာ အဆိုလွှာတင်သွင်းစွဲဆိုပါတယ်။ တရားရုံးက အမှုကိုလက်ခံပြီး တရားမကြီးမှုအမှတ် ၃၁၂/၂၀၂၀ အဖြစ်သတ်မှတ်ကြားနာပါမယ်။အမှုကို ခရိုင်တရားသူကြီးရဲ့ တရား ခွင်က ဆောင်ရွက် မှာဖြစ်ပြီး
(၁၈-၁၂-၂၀၂၀) မှာ “အဆိုလွှာကိုစိစစ်ရန်” လို့ချိန်းဆိုထားပါတယ်။လက်ငင်းတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တာဝန်ခံတာဝန်ယူသူအဖြစ် ရဲချုပ်အောင်ဝင်း(မြန်မာနိုင်ငံရဲတပ်ဖွဲ့) ကို တရားပြိုင်အဖြစ်ထားပါတယ်။တရားလိုရှေ့နေမျာ
.
းအဖြစ် နေပြည်တော်ကတရားလွှတ်တော်ရှေ့နေများဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးနေတူး၊ ဦးသဲမောင်မောင် တို့က လိုက်ပါဆောင်ရွက်ကြပါမယ်။ မဟာဗျူဟာမြောက်တရားစွဲဆိုခြင်း အဖြစ် အခမဲ့လိုက်ပါဆေင်ရွက်ပေးကြမှာပါ။
အားလုံး သိကြတဲ့အတိုင်း ဗစ်တိုးရီးယားလေးရဲ့ အမှုကတော့ CID ကိုယ်တိုင် ဝင်ရောက်ကိုင်တွယ်ခဲ့ပြီး တကယ်ကျူးလွန်သူလည်း လွတ်မြောက်ခဲ့သလို ၊ ကိုအောင်ကြီးလည်း မမှန် မကန် စွပ်စွဲခံရပြီး (၅) လအကြာာ ချုပ်နှောင်
ခံခဲ့ရတာဖြစ်ပါတယ်။
Credit Zaw Win Ko
Zawgyi Version
.
ခံခဲ့ရတာဖြစ်ပါတယ်။
Credit Zaw Win Ko
Add a Comment
Your email address will not be published. Required fields are marked *