ဗစ်တိုးရီးယားအမှု အချိန်ကျော်သွားပြီမို့ မည်သူကိုမှတရားစွဲ၍ မရတော့
|ဗစ်တိုးရီးယား အမှုနဲ့ ပတ်သတ်ပြီးတော့ အချိန်ကျော်သွားပြီဖြစ်တာကြောင့် မည်သူကိုမှ တရားစွဲဆိုလို့ မရတော့ကြောင် ဗစ်တိုးရီးယား ကိစ္စကို အစဆုံးပါဝင်ဆောင်ရွက်သူ တစ်ဦးဖြစ်တဲ့ သက္ကမိုးညိုက သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေတစ်ဆင့် အခုလို အသိပေးလာပါတယ်။
ဗစ်တိုးရီးယားအမှုအတွက် မူကြိုကျောင်းကို တရားစွဲရန် အချိန်ကျော်လွန်သွားသဖြင့် တရားစွဲဆိုနိုင်ခြင်း မရှိတော့…
ဗစ်တိုးရီးယား အမှုဟာ စတင်ဖြစ်ပွားခဲ့တဲ့ ဒီနေ့ မေလ ၁၆ ရက်နေ့မှာ တနှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ ကျွန်တော်တို့ တိုင်ပင် ထားခဲ့တဲ့ Time Frame အရ တနှစ် မပြည့်ခင်မှာ သမီးလေးကို နစ်နာစေမှု ဖြစ်ပေါ်စေခဲ့တဲ့ Wisdom Hill မူကြိုကျောင်းကို နစ်နာစေမှုနဲ့ တရားမမှုအရ တရားစွဲဆိုဖို့ ရည်ရွယ်ထားခဲ့ပါတယ်။
ဒီလို ရည်ရွယ်ခဲ့တာကလည်း နောက်နောင်မှာ မူကြိုကျောင်းတွေမှာ ဒီလို အမှုမျိုး ဖြစ်လာခဲ့ရင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေး ဦးတည်ချက် နဲ့ ဖြစ်ပါတယ်။ ခက်တာက တရားမမှုနဲ့ စွဲဆိုမယ် ဆိုရင် ကာလစည်းကမ်းသတ် ဥပဒေအရ နစ်နာမှု ဖြစ်ပေါ်ခဲ့တဲ့ တနှစ်အတွင်း စွဲဆိုရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အခု ကိုဗစ်ကာလမှာ တရားစွဲဆိုဖို့ ဆိုရင် ကလေးဖခင် ခရီးသွားလာဖို့၊ ရှေ့နေ ရှေ့ရပ်တွေနဲ့ တိုင်ပင်ဖို့၊ စတဲ့ လုပ်ငန်းဆောင်တာ အမျိုးမျိုးကို ဆောင်ရွက်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ ဒါကြောင့် အခုတော့ Wisdom Hill မူကြိုကျောင်းကို တရားမမှုနဲ့ စွဲဆိုဖို့ ကိစ္စသည် လက်လွတ်လက်လျော့လိုက်ရပြီဖြစ်ကြောင်း ပြည်သူကို အသိပေးတင်ပြပါတယ်။
သက္ကမိုးညို
Zawgyi Version
ဗစ္တိုးရီးယား အမႈနဲ႔ ပတ္သတ္ၿပီးေတာ့ အခ်ိန္ေက်ာ္သြားၿပီျဖစ္တာေၾကာင့္ မည္သူကိုမွ တရားစြဲဆိုလို႔ မရေတာ့ေၾကာင္ ဗစ္တိုးရီးယား ကိစၥကို အစဆုံးပါဝင္ေဆာင္႐ြက္သူ တစ္ဦးျဖစ္တဲ့ သကၠမိုးညိဳက သူ႔ရဲ႕ လူမႈကြန္ရက္အေကာင့္ကေနတစ္ဆင့္ အခုလို အသိေပးလာပါတယ္။
ဗစ္တိုးရီးယားအမႈအတြက္ မူႀကိဳေက်ာင္းကို တရားစြဲရန္ အခ်ိန္ေက်ာ္လြန္သြားသျဖင့္ တရားစြဲဆိုႏိုင္ျခင္း မရွိေတာ့…
ဗစ္တိုးရီးယား အမႈဟာ စတင္ျဖစ္ပြားခဲ့တဲ့ ဒီေန႔ ေမလ ၁၆ ရက္ေန႔မွာ တႏွစ္ တင္းတင္း ျပည့္ခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔ တိုင္ပင္ ထားခဲ့တဲ့ Time Frame အရ တႏွစ္ မျပည့္ခင္မွာ သမီးေလးကို နစ္နာေစမႈ ျဖစ္ေပၚေစခဲ့တဲ့ Wisdom Hill မူႀကိဳေက်ာင္းကို နစ္နာေစမႈနဲ႔ တရားမမႈအရ တရားစြဲဆိုဖို႔ ရည္႐ြယ္ထားခဲ့ပါတယ္။
ဒီလို ရည္႐ြယ္ခဲ့တာကလည္း ေနာက္ေနာင္မွာ မူႀကိဳေက်ာင္းေတြမွာ ဒီလို အမႈမ်ိဳး ျဖစ္လာခဲ့ရင္ တာဝန္ယူမႈ၊ တာဝန္ခံမႈ ရွိလာေစေရး ဦးတည္ခ်က္ နဲ႔ ျဖစ္ပါတယ္။ ခက္တာက တရားမမႈနဲ႔ စြဲဆိုမယ္ ဆိုရင္ ကာလစည္းကမ္းသတ္ ဥပေဒအရ နစ္နာမႈ ျဖစ္ေပၚခဲ့တဲ့ တႏွစ္အတြင္း စြဲဆိုရမွာ ျဖစ္ပါတယ္။
ဒါေပမယ့္ အခု ကိုဗစ္ကာလမွာ တရားစြဲဆိုဖို႔ ဆိုရင္ ကေလးဖခင္ ခရီးသြားလာဖို႔၊ ေရွ႕ေန ေရွ႕ရပ္ေတြနဲ႔ တိုင္ပင္ဖို႔၊ စတဲ့ လုပ္ငန္းေဆာင္တာ အမ်ိဳးမ်ိဳးကို ေဆာင္႐ြက္ဖို႔ အခက္အခဲ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ အခုေတာ့ Wisdom Hill မူႀကိဳေက်ာင္းကို တရားမမႈနဲ႔ စြဲဆိုဖို႔ ကိစၥသည္ လက္လြတ္လက္ေလ်ာ့လိုက္ရၿပီျဖစ္ေၾကာင္း ျပည္သူကို အသိေပးတင္ျပပါတယ္။
သကၠမိုးညိဳ