ဖုန်းစခရင် အလင်းဆုံး သုံးတဲ့ အမျိုးသမီ ကြုံတွေ့ခဲ့တဲ့ မျက်စိဝေဒနာ

Sharing is caring!

တရုတ်နိုင်ငံက ချန်းဆိုတဲ့ မိန်းကလေးတစ်ဦးဟာ စမတ်ဖုန်းကို အလွန်အကြူးအသုံးပြမိတာကြောင့် ဖြစ်ရပ်ဆိုးတခုနဲ့ ကြုံတွေ့ခဲ့ရတဲ့ သတင်းလေးက ပျံ့နှံ့လို့နေပါတယ်။ချန်းကတော့ အတွင်းရေးမှူးအဖြစ် အသက်မွေးလုပ်ကိုင်နေ သူဖြစ်တာကြောင့် အလုပ်နဲ့ပတ်သတ်

တဲ့ မက်ဆေ့ချ်တွေကို အချိန်မီပြန်လည် ဖြေကြားနိုင်ဖို့အတွက် ဖုန်းကို အချိန်တိုင်းအသုံးပြုနေရသူတစ်ဦးပဲဖြစ်ပါတယ် ။ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာတော့ ချန်းဟာ နေရောင်ထဲမှာပါ ဖုန်းအသုံးပြနိုင်ဖို့အတွက် သူမရဲ့ဖုန်းအလင်းရောင်ကို အဆုံးထိတင်သုံးမိခဲ့ရာ

ကနေ ကြာလာတဲ့အခါမှာ သူမရဲ့မျက်လုံးတွေက အဆင်မပြေမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ နေ့ဘက်သုံးရင်လည်း ဖုန်းအလင်းကအဆုံး ညဘက်အသုံးပြုရင်လည်း ဖုန်းအလင်းရောင်က အဆုံးတင်ပြီး သုံးမိခဲ့တဲ့ချန်းကတော့ အိမ်ရာ ထတဲ့ အချိန်တွေမှာ သူမရဲ့မျက်လုံး

တွေက ရဲပြီး မြင်ကွင်းတွေကေဝဝါးလာခဲ့ပါတော့တယ်။ဒါပေမယ့် ချန်းဟာ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး မျက်စင်းတွေကိုပဲအသုံးပြုခဲ့တာကြောင့် သူမရဲ့မျက်လုံဟာ တဖြေးဖြေးအခြေအနေဆိုးရွားလာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဆေးရုံကိုသွားပြီး စစ်ဆေးကြည့်တဲ့အခါမှာတော့ သူမရဲ့မျက်လုံးထဲကသွေးကြောတွေဟာ ခဲနေပြီး ဘယ်လက်မျက်ကြည်လွှာထဲမှာ သေးငယ်တဲ့အပေါက်ပေါင်း ၅၀၀ လောက်ရှိနေတာကို သိရှိခဲ့ရပါတယ်။ စမတ်ဖုန်းရဲ့ အမြင့်ဆုံးအလင်းရောင်က

၆၂၅ lumen ရှိကာ ဒီပမာဏက လူသားတွေရဲ့ မျက်လုံးက ခံနိုင်ရည်ရှိတဲ့ ၃၀၀ lumen ထက် နှစ်ဆကျော် ပိုမိုများပြားနေတယ်လို့ ဆိုပါတယ်။

ဒီအလင်းရောင်ဟာ အထူးသဖြင့် အမှောင်ခန်းထဲမှာ ကြည့်မယ်ဆိုရင် မျက်ကြည်လွှာကို လောင်ကျွမ်းစေနိုင်ပြီး ရေရှည်မှာ အမြင်အာရုံကို ထိခိုက်စေနိုင် တာကြောင့်ဘဲ ချန်းဟာ မျက်လုံးကွယ်ခါနီး အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။အကယ်၍သူမသာ

မျက်လုံးမစမ်းသပ်ဘဲ ထပ်ပြီးပေကပ်နေဦးမယ်ဆိုရင်တော့ သူမရဲ့ဘယ်လက်မျက်လုံးဟာ ကွယ်သွားတော့မှာဖြစ်ပေမယ့် အချိန်မှီလေး ကုသနိုင်ခဲ့တ ာကြောင့် မျက်လုံးကွယ်မဲ့ ဘေးကနေ သီသီလေးလွတ်မြောက်သွားခဲ့ရပါတယ်။ဒါပေမယ့် လူတိုင်းဟာတဦးနဲ့ တဦး

ကံကောင်းပုံခြင်း မတူညီနိုင်တာကြောင့် ပရိသတ်တွေလည်း သူမလိုအဖြစ်ဆိုးမျိုး မကြုံတွေ့ရလေအောင် ဒီဖြစ်ရပ်လေးကို နမူနာယူပြီး ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

mckzonedaily

Zawgyi Version

တ႐ုတ္ႏိုင္ငံက ခ်န္းဆိုတဲ့ မိန္းကေလးတစ္ဦးဟာ စမတ္ဖုန္းကို အလြန္အၾကဴးအသုံးျပမိတာေၾကာင့္ ျဖစ္ရပ္ဆိုးတခုနဲ႔ ႀကဳံေတြ႕ခဲ့ရတဲ့ သတင္းေလးက ပ်ံ႕ႏွံ႔လို႔ေနပါတယ္။ခ်န္းကေတာ့ အတြင္းေရးမႉးအျဖစ္ အသက္ေမြးလုပ္ကိုင္ေန သူျဖစ္တာေၾကာင့္ အလုပ္နဲ႔ပတ္သတ္

တဲ့ မက္ေဆ့ခ်္ေတြကို အခ်ိန္မီျပန္လည္ ေျဖၾကားႏိုင္ဖို႔အတြက္ ဖုန္းကို အခ်ိန္တိုင္းအသုံးျပဳေနရသူတစ္ဦးပဲျဖစ္ပါတယ္ ။ၿပီးခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းမွာေတာ့ ခ်န္းဟာ ေနေရာင္ထဲမွာပါ ဖုန္းအသုံးျပႏိုင္ဖို႔အတြက္ သူမရဲ႕ဖုန္းအလင္းေရာင္ကို အဆုံးထိတင္သုံးမိခဲ့ရာ

ကေန ၾကာလာတဲ့အခါမွာ သူမရဲ႕မ်က္လုံးေတြက အဆင္မေျပမႈေတြျဖစ္ေပၚလာခဲ့ပါတယ္။ ေန႔ဘက္သုံးရင္လည္း ဖုန္းအလင္းကအဆုံး ညဘက္အသုံးျပဳရင္လည္း ဖုန္းအလင္းေရာင္က အဆုံးတင္ၿပီး သုံးမိခဲ့တဲ့ခ်န္းကေတာ့ အိမ္ရာ ထတဲ့ အခ်ိန္ေတြမွာ သူမရဲ႕မ်က္လုံး

ေတြက ရဲၿပီး ျမင္ကြင္းေတြေကဝဝါးလာခဲ့ပါေတာ့တယ္။ဒါေပမယ့္ ခ်န္းဟာ ဘာမွမျဖစ္ေလာက္ပါဘူးဆိုၿပီး မ်က္စင္းေတြကိုပဲအသုံးျပဳခဲ့တာေၾကာင့္ သူမရဲ႕မ်က္လုံဟာ တေျဖးေျဖးအေျခအေနဆိုး႐ြားလာခဲ့ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ ေဆး႐ုံကိုသြားၿပီး စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ သူမရဲ႕မ်က္လုံးထဲကေသြးေၾကာေတြဟာ ခဲေနၿပီး ဘယ္လက္မ်က္ၾကည္လႊာထဲမွာ ေသးငယ္တဲ့အေပါက္ေပါင္း ၅၀၀ ေလာက္ရွိေနတာကို သိရွိခဲ့ရပါတယ္။ စမတ္ဖုန္းရဲ႕ အျမင့္ဆုံးအလင္းေရာင္က

၆၂၅ lumen ရွိကာ ဒီပမာဏက လူသားေတြရဲ႕ မ်က္လုံးက ခံႏိုင္ရည္ရွိတဲ့ ၃၀၀ lumen ထက္ ႏွစ္ဆေက်ာ္ ပိုမိုမ်ားျပားေနတယ္လို႔ ဆိုပါတယ္။

ဒီအလင္းေရာင္ဟာ အထူးသျဖင့္ အေမွာင္ခန္းထဲမွာ ၾကည့္မယ္ဆိုရင္ မ်က္ၾကည္လႊာကို ေလာင္ကြၽမ္းေစႏိုင္ၿပီး ေရရွည္မွာ အျမင္အာ႐ုံကို ထိခိုက္ေစႏိုင္ တာေၾကာင့္ဘဲ ခ်န္းဟာ မ်က္လုံးကြယ္ခါနီး အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရတာပဲျဖစ္ပါတယ္။အကယ္၍သူမသာ

မ်က္လုံးမစမ္းသပ္ဘဲ ထပ္ၿပီးေပကပ္ေနဦးမယ္ဆိုရင္ေတာ့ သူမရဲ႕ဘယ္လက္မ်က္လုံးဟာ ကြယ္သြားေတာ့မွာျဖစ္ေပမယ့္ အခ်ိန္မွီေလး ကုသႏိုင္ခဲ့တ ာေၾကာင့္ မ်က္လုံးကြယ္မဲ့ ေဘးကေန သီသီေလးလြတ္ေျမာက္သြားခဲ့ရပါတယ္။ဒါေပမယ့္ လူတိုင္းဟာတဦးနဲ႔ တဦး

ကံေကာင္းပုံျခင္း မတူညီႏိုင္တာေၾကာင့္ ပရိသတ္ေတြလည္း သူမလိုအျဖစ္ဆိုးမ်ိဳး မႀကဳံေတြ႕ရေလေအာင္ ဒီျဖစ္ရပ္ေလးကို နမူနာယူၿပီး ေရွာင္ရွားၾကဖို႔ တိုက္တြန္းလိုက္ရပါတယ္။

mckzonedaily

Add a Comment

Your email address will not be published. Required fields are marked *