ဆိုင်မဖွင့်သော်လည်း မီတာခ ၃ သိန်းကျနေလို့ EPC ကို သွားပြောလိုက်တဲ့အခါ..
Sharing is caring!
ယခုလမှာ မီတာခတွေ အဆမတန်များကြလို့ အားလုံး ဆူညံသံကို ကြားကြရမှာဖြစ်ပါတယ်။ ဒီအတွက် EPC က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သလို ၊ မီတာခတွေကို တိတိကျကျ ကောက်ခံထားတာလို့ ဆိုပါတယ်။
ဒါပေမယ့် အခုလို နစ်နာမှုတွေလည်း ရှိနေတာကြောင့် မိမိတို့ရဲ့ မီတာယူနစ်နဲ့ မီတာအသုံးများ ၊ မီတာခများကို ပြန်လည်စိစစ်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
မီတာခများမှားယွင်းကောက်ခံခြင်း
သူငယ်ချင်းမိတ်ဆွေများ သတိထားကြစေရန်
IRIS Health Salon & Spa ကို Covid ကပ်ရောဂါအခြေနေကြောင့် ၂၅.၃.၂၀၂၀ မှစ၍ ယနေ့ ၁၃.၅.၂၀၂၀ အထိပိတ်ထားခဲ့ပါတယ်
ဆိုင်ပိတ်ထားစဉ် ဆိုင်တွင် ဝန်ထမ်းနှစ်ဦးသာကျန်ရှိပါတယ်
၄ လပိုင်းအတွက် #မီတာ bill ရရှိချိန်မှာ ငွေကျပ် 328,500 ကျသင့်ခဲ့ပါတယ်။ မီတာစာရေးများမှလဲ မီတာလာရောက်ဖတ်ခြင်းမရှိခဲ့ပါ။ CCTV record များရှိပါသည်။
ယနေ့ဆိုင်မှမန်နေဂျာမှ #မီတာရုံး သို့သွားရောက်မေးမြန်းရာ တာဝန်ရှိသူမှ #မီတာခ အားစိတ်မှန်းဖြင့်ကောက်ခံခဲ့ခြင်းဖြစ်ကြောင်းဝန်ခံခဲ့ပြီး နောက်မဖြစ်စေရန်ပြောကြားခဲ့ပါသည်။
မီတာစာရွက်ထွက်ပြီးဖြစ်သည့်အတွက် ဧပြီလအတွက်ပေးဆောင်ရမည်ဖြစ်ပြီး မေလမှသာပြန်လည်အစားပေးမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
ထို့ကြောင့် #မီတာစာရေးများ၏တာဝန်မဲ့မှု၊ #မီတာယူနစ်များ အား သတိလက်လွတ်ပေးဆောင်ခြင်းမပြုမိစေရန် မိတ်ဆွေသူငယ်ချင်းများအားသတိပေးလိုက်ရပါသည်။
So sad no income but have to pay😅
Credit- Wint Wah AungPhone
နစ်နာခဲ့သူ Fb – https://www.facebook.com/wintwah.aungphone.5/posts/1110118142668997
Zawgyi Version
Add a Comment
Your email address will not be published. Required fields are marked *