လူတိုင်း သိသင့်တဲ့ ဗီဇပြောင်းတဲ့ စူပါ ကိုဗစ်ပိုးအကြောင်း

Sharing is caring!

ဗီဇပြောင်း စူပါကိုဗစ်ပိုးကို ဗြိတိန်တွင်သာမက အခြားနိုင်ငံများတွင်လည်း တွေ့ရှိ (တတိယလှိုင်း ဖြစ်လာတော့မှာလား)အင်္ဂလန်နိုင်ငံမှာ မျိုးဗီဇပြောင်းလဲနေတဲ့ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့ရပါတယ်။ ဒီပိုးအကြောင်းကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနကလဲ ညနေက

ပြည်သူကို သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။ ပြည်သူတွေ သိသင့်တဲ့အချက်အလက်လေးတွေကို တင်ပြပေးပါမယ်။ဒီပိုးဟာ အင်္ဂလန်နိုင်ငံအရှေ့တောင်ပိုင်းနဲ့ မြို့တော်လန်ဒန်မှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ဒုတိယအပတ်မှာ တွေ့ရှိရတဲ့ ပိုးတွေ့လူနာတွေရဲ့ ၆၂

% ဟာ ဒီဗီဇပြောင်းပိုးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပြောဖို့စောသေးပေမယ့် ဒီပိုးဟာ အရင်ပိုးထက် အဆ ၇၀ ပိုမို ကူးစက်နိုင်တယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမယ့် ရောဂါကို ပိုမိုဆိုးရွားစွာ ခံစားရတာမျိုးတော့ မတွေ့ရသေးပါဘူး။ ဒါ

ကြောင့် အင်္ဂလန်မှာ ဝန်ကြီးချုပ်က အရေးပေါ်အစည်းအဝေးခေါ်ဆိုပီး လန်ဒန်မြို့ကို Tier 4 အဆင့် အမြင့်ဆုံးသတ်မှတ်လိုက်ပီး တင်းကြပ်စွာ ပိတ်ဆို့လိုက်ပါတယ်။ ခရစ်စ မတ်ပွဲတော်လဲ ဒီနှစ်မှာ လုပ်ဖို့ မသေချာမရေရာတဲ့အနေအထားပါပဲ။ ဒီလိုမျိုးကွဲပိုးကို

တောင်အာဖရိကမှာလဲ တွေ့ရှိရပါသေးတယ်။ဒီလို မျိုးကွဲပိုးတခုကို အင်္ဂလန်အရှေ့တောင်ပိုင်းမှာ စက်တင်ဘာလထဲက စတင်တွေ့ရှိခဲ့ရပါတယ်။ အဲဒီပိုးကို ဒိန်းမတ်၊ နယ် သာလန်နဲ့ ဘယ်ဂျီယံတို့မှာလဲ တွေ့ရပါတယ်။ အခုနောက်ဆုံး Strain ဟာ ဒုတိယလှိုင်းကို

ဖြစ်ပွားစေခဲ့တဲ့ D614G ကနေ ဆင့်ပွားပြောင်းလဲလာတဲ့ မျိုးဗီဇပြောင်းလဲ တဲ့ပိုးဖြစ်ပါတယ်။ အခု အသစ်တွေ့ရှိရတဲ့ ပိုးမှာ မျိုးဗီဇပြောင်းလဲမှု ၃၂ ခုကို တွေ့ရှိရပါတယ်။ ဒီပိုးကိုတော့ ဒိန်းမတ်နဲ့ သြစတေးလျမှာလဲ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ လက်ရှိထိုးပေးနေတဲ့

ကာကွယ်ဆေးတွေဟာ ဒီမျိုးဗီဇပြောင်းလဲနေတဲ့ပိုးကိုကော ကာကွယ်နိုင်ပါ့မလားဆိုတာ စမ်းသပ်နေဆဲပါပဲ။ ဖြစ်နိုင်ချေက ပြောဖို့စောနေပါသေးတယ်။ ထပ်ဆင့်ထပ်ဆင့် ပြောင်းလဲသွားရင်တော့ ကာကွယ်ဆေးတွေလက်က လွတ်သွားနိုင်ချေလဲ ရှိနေပါသေးတယ်။လ

က်ရှိမှာတော့ အင်္ဂလန်က ခရီးသွားတွေကို နိုင်ငံအချို့က စတင်ပီး ပြည်ဝင်ခွင့်ပိတ်နေပီဖြစ်ပါတယ်။ အိုင်ယာလန်၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန်၊ ဘယ်ဂျီယံ၊ တူရကီနဲ့ ဆွစ်ဇာလန်တို့ကတော့ အင်္ဂလန်က လာတဲ့ခရီးသည်တွေကို ယာယီပြည်ဝင်ခွင့်

ပိတ်ထားလိုက်ပီဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က အင်္ဂလန်နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်နေသလို မြန်မာနိုင်ငံကလဲ အခြေအနေကို စောင့်ကြည့်ပီး လိုအပ်တာတွေကို လုပ်ဆောင်မှာဖြစ်လို့ ပြည်သူတရပ်လုံး အထူးသတိရှိရှိ နေထိုင်ကြပါလို့ အသိပေး

ချင်ပါတယ်။

Nay Thway

ZAwgyi Version

ဗီဇေျပာင္း စူပါကိုဗစ္ပိုးကို ၿဗိတိန္တြင္သာမက အျခားႏိုင္ငံမ်ားတြင္လည္း ေတြ႕ရွိ (တတိယလႈိင္း ျဖစ္လာေတာ့မွာလား)အဂၤလန္ႏိုင္ငံမွာ မ်ိဳးဗီဇေျပာင္းလဲေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိခဲ့ရပါတယ္။ ဒီပိုးအေၾကာင္းကို ျမန္မာႏိုင္ငံ က်န္းမာေရးဝန္ႀကီးဌာနကလဲ ညေနက

ျပည္သူကို သတိေပးစာ ထုတ္ျပန္ခဲ့ပါတယ္။ ျပည္သူေတြ သိသင့္တဲ့အခ်က္အလက္ေလးေတြကို တင္ျပေပးပါမယ္။ဒီပိုးဟာ အဂၤလန္ႏိုင္ငံအေရွ႕ေတာင္ပိုင္းနဲ႔ ၿမိဳ႕ေတာ္လန္ဒန္မွာ ပ်ံ႕ႏွံ႔ေနတာ ျဖစ္ပါတယ္။ ဒီဇင္ဘာ ဒုတိယအပတ္မွာ ေတြ႕ရွိရတဲ့ ပိုးေတြ႕လူနာေတြရဲ႕ ၆၂

% ဟာ ဒီဗီဇေျပာင္းပိုးေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။ ေျပာဖို႔ေစာေသးေပမယ့္ ဒီပိုးဟာ အရင္ပိုးထက္ အဆ ၇၀ ပိုမို ကူးစက္ႏိုင္တယ္လို႔ ၿဗိတိန္က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။ ဒါေပမယ့္ ေရာဂါကို ပိုမိုဆိုး႐ြားစြာ ခံစားရတာမ်ိဳးေတာ့ မေတြ႕ရေသးပါဘူး။ ဒါ

ေၾကာင့္ အဂၤလန္မွာ ဝန္ႀကီးခ်ဳပ္က အေရးေပၚအစည္းအေဝးေခၚဆိုပီး လန္ဒန္ၿမိဳ႕ကို Tier 4 အဆင့္ အျမင့္ဆုံးသတ္မွတ္လိုက္ပီး တင္းၾကပ္စြာ ပိတ္ဆို႔လိုက္ပါတယ္။ ခရစ္စ မတ္ပြဲေတာ္လဲ ဒီႏွစ္မွာ လုပ္ဖို႔ မေသခ်ာမေရရာတဲ့အေနအထားပါပဲ။ ဒီလိုမ်ိဳးကြဲပိုးကို

ေတာင္အာဖရိကမွာလဲ ေတြ႕ရွိရပါေသးတယ္။ဒီလို မ်ိဳးကြဲပိုးတခုကို အဂၤလန္အေရွ႕ေတာင္ပိုင္းမွာ စက္တင္ဘာလထဲက စတင္ေတြ႕ရွိခဲ့ရပါတယ္။ အဲဒီပိုးကို ဒိန္းမတ္၊ နယ္ သာလန္နဲ႔ ဘယ္ဂ်ီယံတို႔မွာလဲ ေတြ႕ရပါတယ္။ အခုေနာက္ဆုံး Strain ဟာ ဒုတိယလႈိင္းကို

ျဖစ္ပြားေစခဲ့တဲ့ D614G ကေန ဆင့္ပြားေျပာင္းလဲလာတဲ့ မ်ိဳးဗီဇေျပာင္းလဲ တဲ့ပိုးျဖစ္ပါတယ္။ အခု အသစ္ေတြ႕ရွိရတဲ့ ပိုးမွာ မ်ိဳးဗီဇေျပာင္းလဲမႈ ၃၂ ခုကို ေတြ႕ရွိရပါတယ္။ ဒီပိုးကိုေတာ့ ဒိန္းမတ္နဲ႔ ၾသစေတးလ်မွာလဲ ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။ လက္ရွိထိုးေပးေနတဲ့

ကာကြယ္ေဆးေတြဟာ ဒီမ်ိဳးဗီဇေျပာင္းလဲေနတဲ့ပိုးကိုေကာ ကာကြယ္ႏိုင္ပါ့မလားဆိုတာ စမ္းသပ္ေနဆဲပါပဲ။ ျဖစ္ႏိုင္ေခ်က ေျပာဖို႔ေစာေနပါေသးတယ္။ ထပ္ဆင့္ထပ္ဆင့္ ေျပာင္းလဲသြားရင္ေတာ့ ကာကြယ္ေဆးေတြလက္က လြတ္သြားႏိုင္ေခ်လဲ ရွိေနပါေသးတယ္။လ

က္ရွိမွာေတာ့ အဂၤလန္က ခရီးသြားေတြကို ႏိုင္ငံအခ်ိဳ႕က စတင္ပီး ျပည္ဝင္ခြင့္ပိတ္ေနပီျဖစ္ပါတယ္။ အိုင္ယာလန္၊ အီတလီ၊ ဂ်ာမနီ၊ ျပင္သစ္၊ နယ္သာလန္၊ ဘယ္ဂ်ီယံ၊ တူရကီနဲ႔ ဆြစ္ဇာလန္တို႔ကေတာ့ အဂၤလန္က လာတဲ့ခရီးသည္ေတြကို ယာယီျပည္ဝင္ခြင့္

ပိတ္ထားလိုက္ပီျဖစ္ပါတယ္။ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး က အဂၤလန္နဲ႔ အနီးကပ္ပူးေပါင္းေဆာင္႐ြက္ေနသလို ျမန္မာႏိုင္ငံကလဲ အေျခအေနကို ေစာင့္ၾကည့္ပီး လိုအပ္တာေတြကို လုပ္ေဆာင္မွာျဖစ္လို႔ ျပည္သူတရပ္လုံး အထူးသတိရွိရွိ ေနထိုင္ၾကပါလို႔ အသိေပး

ခ်င္ပါတယ္။

Nay Thway

Add a Comment

Your email address will not be published. Required fields are marked *