ဒီနေ့ ရခိုင်နဲ့ မန္တလေးတိုင်းမှာ တစ်နေ့တည်း ငလျင် (၃) ကြိမ်လှုပ်

Sharing is caring!

ရခိုင်ပြည်နယ် သံတွဲနဲ့ မန္တလေးတိုင်း ရမည်းသင်းမြို့တို့မှာ ဒီနေ့မနက်ပိုင်းမှာ ငလျင် ၃ ကြိမ် လှုပ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ အနောက်မြောက်ဘက်မှာ အင်အား ၄.၄ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် ၁၁ နာရီ၊ ၀၂ မိနစ်၊ ၁၄ စက္ကန့် အချိန်က ရမည်းသင်းမြို့ရဲ့ အနောက်မြောက်ဘက် ၅ မိုင် လောက်အကွာကိုဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့် အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

ဒီမနက် ၅ နာရီခွဲလောက်ကလည်း ရမည်းသင်းရဲ့ အနောက်မြောက်ဘက် ၁ မိုင်လောက်အကွာကိုဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၃ အဆင့် အင်အားနည်းနည်းရှိတဲ့ ငလျင်တခု လှုပ်ခဲ့ပါတယ်။

ဒီ မနက် ၇ နာရီ ၈ မိနစ်ကျော်က ရခိုင်ပြည်နယ် ဂွမြေငလျင်စခန်းရဲ့ မြောက်-အနောက်မြောက်ဘက် ၅၉ မိုင်လောက်ဝေးတဲ့ သံတွဲမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၉ မိုင်လောက်အကွာ ဗဟိုပြုပြီး ရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့် အင်အားနည်းနည်းရှိတဲ့ ငလျင်တခုလည်း လှုပ်ခဲ့ပါသေးတယ်။

Zawgyi Version

ရခိုင္ျပည္နယ္ သံတြဲနဲ႔ မႏၲေလးတိုင္း ရမည္းသင္းၿမိဳ႕တို႔မွာ ဒီေန႔မနက္ပိုင္းမွာ ငလ်င္ ၃ ႀကိမ္ လႈပ္ခဲ့တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။ အေနာက္ေျမာက္ဘက္မွာ အင္အား ၄.၄ အဆင့္ရွိ ေျမငလ်င္ လႈပ္ခတ္သြားတယ္လို႔ မိုးဇလက ထုတ္ျပန္ပါတယ္။

ဒီေန႔ ျမန္မာစံေတာ္ခ်ိန္ ၁၁ နာရီ၊ ၀၂ မိနစ္၊ ၁၄ စကၠန႔္ အခ်ိန္က ရမည္းသင္းၿမိဳ႕ရဲ႕ အေနာက္ေျမာက္ဘက္ ၅ မိုင္ ေလာက္အကြာကိုဗဟိုျပဳၿပီး ရစ္(ခ္)တာစေကး ၄ ဒသမ ၄ အဆင့္ အင္အားအနည္းငယ္ရွိတဲ့ ေျမငလ်င္တခု လႈပ္ရွားသြားတယ္လို႔ ဆိုပါတယ္။

ဒီမနက္ ၅ နာရီခြဲေလာက္ကလည္း ရမည္းသင္းရဲ႕ အေနာက္ေျမာက္ဘက္ ၁ မိုင္ေလာက္အကြာကိုဗဟိုျပဳၿပီး ရစ္(ခ္)တာစေကး ၃ အဆင့္ အင္အားနည္းနည္းရွိတဲ့ ငလ်င္တခု လႈပ္ခဲ့ပါတယ္။

ဒီ မနက္ ၇ နာရီ ၈ မိနစ္ေက်ာ္က ရခိုင္ျပည္နယ္ ဂြေျမငလ်င္စခန္းရဲ႕ ေျမာက္-အေနာက္ေျမာက္ဘက္ ၅၉ မိုင္ေလာက္ေဝးတဲ့ သံတြဲၿမိဳ႕ရဲ႕ ေတာင္-အေရွ႕ေတာင္ဘက္ ၁၉ မိုင္ေလာက္အကြာ ဗဟိုျပဳၿပီး ရစ္ခ်္တာစေကး ၃ ဒသမ ၈ အဆင့္ အင္အားနည္းနည္းရွိတဲ့ ငလ်င္တခုလည္း လႈပ္ခဲ့ပါေသးတယ္။

Add a Comment

Your email address will not be published. Required fields are marked *