ဒူးနာတတ်သူများအတွက် အဖေကိုယ်တိုင် ပျောက်ခဲ့တဲ့ ဆေးနည်း

Sharing is caring!

ပန်းသီးစိမ်နဲ့စပါးလင် …ဆေးဘက်တကယ်ဝင် ပါတယ် ဆိုရင် အများစုက ယုံကြည်ကြမှာ မဟုတ်ပါဘူး။ကိုယ်တို့ဖေဖေက ဆိုင်ကယ်Accident ခဏခဏ ဖြစ်ဖူးပါတယ်။ဒါကြောင့် ဒူးခေါင်း က အရွတ်ကွာပြီး အတော်နာ နေ ပုံရပါတယ်။လှေကားအတက်အဆင်း သိပ်မလုပ် ချင်ပါဘူး။ဖေဖေ့ကို ဆေး ခန်းခေါ် လို့လည်းမရပဲလိမ်းဆေးတွေပဲလူး

နေတာ မေမေမဆုံး ခင်ကတည်းကပါပဲ။ဟိုတစ်ပတ်က အိမ်ရှင်မတို့ အိမ်မှု ကိစ္စ ဗဟုသုတ ဖလှယ်ကြစို့ Group မှာအမတစ်ယောက်ပြော တဲ့သောက်ဆေးလေး ကို သိပ်မခက် လို့ဖေဖေ့ကို ၃ရက်တိုက် ကြည့်တာ အတော် သက်သာတယ်ပြောပါတယ်။ဆေးနည်းကို စင်ကာပူက တရုတ်တွေ အတော်သောက်ကြတယ်ပြောပါတယ်။ စင်ကာပူမှာ

အိမ်အကူ လုပ်ဖူးတဲ့ကောင်မလေးတစ်ယောက်က ပြန်ပြောပြတယ် လို့အဲ့အမက ပြောပါတယ်။ဆေးနည်းကတော့ ပန်းသီးစိမ်းနဲ့ စပါးလင်ကို ၃ခွက်၁ခွက်ကြိုပြီးအေးအောင်ထားသောက်တာပါပဲ။အရသာက ချဉ်ချဉ်မွှေးမွှေးလေးပါ။ပန်းသီးစိမ်းက တစ် လုံးကို ၆၀၀ကျပ် + စပါးလင်က ၁၀၀ကျပ် = စုစုပေါင်း တစ်ရက် ကို၇၀၀ ကျပ် ဖိုး နဲ့၃ခါ သော က်ကြည့် လိုက်တာဖေဖေကတော့ ထူးခြား တယ်ပြောတာပါပဲ။ ဒူးခေါင်း ထဲ က ဂျွတ် ဂျွတ်ဆို တဲ့အသံမကြားရတော့ ဘူး လို့ပြော ပါတယ်။

( စပါးလင်ကို အရိုးကို ထုပြီးအရွက်တွေကို ကတ်ကြေး နဲ့ကိုက် ထည့် ။ ပဉ္စငါးပါး ပါ အောင် အရွက်ပါထည့်ပစ်ပါတယ်။ပန်းသီးစိမ်းတလုံးကို ၆စိတ်စိတ်ပြီးရေ သန့် ထည့် ကျိုပါတယ်နော်။ပန်းသီးစိမ်းကတော့ supermarket တွေ နဲ့ ဈေးတွေမှာအလွယ်တကူ ရနိုင်ပါတယ်။လူတိုင်းသိအောင် ဖြစ်တဲ့အတွက် အား လုံး ရှယ်နိုင်ပါတယ်

နော်။ဖေဖေ့ ဒူး လေးနာ နေတာသက်သာ လို့ ဆေးနည်း လေးမန့် ပေး တဲ့အမကို မသိပေမဲ့ ကျေး ဇူး တင်ပါတယ်ရှင်။ဒူးခေါင်းနာ တတ်တဲ့သူတွေ စမ်းသပ်ကြည့် သင့်တဲ့နည်း လမ်း လေး မျှဝေ ပါတယ်။မျှဝေ ခြင်းကလည်း ဂရုစိုက်ခြင်းတစ်မျိုးပါပဲ။

သိမ့်

Add a Comment

Your email address will not be published. Required fields are marked *