မိဘကိုသတိရလို့ မျက်ရည်တွေကျခဲ့တဲ့ ဖိုးချစ်ရဲ့ ရုပ်သံဖိုင်
Sharing is caring!
ဇာတ်မင်းသားဖိုးချစ်ကတော့ ပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိလူအများကကြိုက်နှစ်သက်အားပေးနေကြဆဲဖြစ်ကာ အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါ
တယ်။ စကားကိုချိုသာစွာနဲ့အေးဆေးစွာပြောဆိုတတ်သူတစ်ယောက်ဖြစ်ပြီး စည်းကမ်းလည်းအလွန်ရှိတဲ့ ဖိုးချစ်ကတော့ အောက်ခြေဘဝကစတင် ကြိုးစားခဲ့သူမို့ ပရိသတ်တွေစံထားရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါ
တယ်။ဖိုးချစ်ကတော့ မိဘနှစ်ပါးအပြင် မွေးစားမိဘတွေရဲ့ သွန်သင်ဆုံးမမှုကြောင့် ယနေ့အချိန်မှာ အောင်မြင်လျက်ရှိနေပြီဖြစ်တဲ့ ဇာတ်မင်းသား ချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့လေးကတော့ အမေများနေ့လေးပဲဖြစ်ပြီး
အနု ပညာရှင်တွေကိုယ်စီက အမေများနေ့မှာမိခင်နဲ့ပတ်သက်တဲ့အမှတ်တရလေးတွေကိုပြောပြနေကြပါတယ်။ ဖိုးချစ်ရဲ့မိခင်ဖြစ်သူကတော့သူလူမှန်းသိတတ်အရွယ်တည်းက ရောဂါနဲ့ဆုံးပါးသွားခဲ့တာပဲဖြစ်ပြီး မိခင်ကို မပြုစုနိုင်ခဲ့လို့ နောင်
တ ကြီးစွာရနေခဲ့ပါတယ်။ဖိုးချစ်ကတော့ ဆင်းရဲပင်ပန်းစွာနဲ့ ကွယ်လွန်သွားခဲ့ရရှာတဲ့မိခင်ရဲ့နောက်ဆုံးအချိန်လေးကိုပြောပြရင်း မျက်ရည်မဆည်နိုင်တော့ဘဲ ငိုကြွေးနေခဲ့ပါတယ်။ အသက်ရှင်ရှိနေကြတဲ့ မိခင်ဖြစ်သူကိုစောင့်ရှောက်ကြဖို့
ပရိသတ်တွေကို ပြောရင်း မျက်ရည်တွေကျနေတဲ့ဖိုးချစ်ရဲ့ဗီဒီယိုဖိုင်လေးဟာ ကြည့်မိသူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ ချစ်ပရိသတ်တွေ အတွက် ဇာတ်မင်းသားချောလေးဖိုးချစ်ရဲ့ အဆိုပါဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြ
ပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။
Zawgyi Version
Add a Comment
Your email address will not be published.