မီတာခတွေ အရမ်းများနေလို့ ရပ်ကွက်ရုံးသွားတိုင်မှ သိလိုက်ရတာက..
Sharing is caring!
EPC က တော်တော်အကုသိုလ်များတာနော်။မောင်နှမ ၂ယောက်လုံး တစ်နေကုန် အလုပ်သွားပြီး ည ၇ နာရီမှ ဆုံတဲ့အိမ်။
TV မကြည့်၊အဲကွန်း ကို ည၇နာရီနောက်ပိုင်းတောင် တစ်ခါတစ်လေမှ ဖွင့်၊ရခေဲသတ်ေတာ ၊ပန်ကာတစ်လုံးနဲ့အဝတ်လျှော်စက်တောင် တစ်ပတ် ၂ခါပဲ လျှော်တဲ့ အိမ်ကမီတာခကို တစ်သိန်းတစ်သောင်းကျော် ကျလို့ စိတ်တွေတိုပြီး ရပ်ကွက်ရုံးထိ သွားရှင်း၊ ဖုန်းတွေဆက်မှအိမ်သုံးမီတာကို လုပ်ငန်းသုံးမီတာနဲ့လဲကောက်ထားတာတဲ့။
၂၀၁၉ ဇူလိုင်တည်းကတဲ့။ပိုင်ရှင်တွေကိုပြောလားဆို မပြောဘူးတဲ့။သူတို့ဟာသူတို့ ပြောင်းထားတာ။အဲ့တော့ သူများ တစ်ယူနစ် ၃၀ ကို ၁၂၅ ကျပ်နှုန်းနဲ့ ဆောင်နေရတာ တစ်လကို ၆သောင်းနဲ့ ၇သောင်းကြား။
ဘယ်သူလဲခိုင်းတာလဲဆိုတော့ ပိုင်ရှင် မောင်နှမ၂ယောက်ကိုမပြောဘဲ ဘေးအိမ်ဆံပင်ညှပ်ဆ်ုင်ကို မေးပြီး ဟိုက လုပ်ငန်းသုံးနဲ့ကောက်ခိုင်းလို့ ကောက်နေတာတဲ့။
၂၀၁၉ ဇူလိုင်ကနေ ခု ၂၀၂၀ မေလထိ တစ်နှစ်ပြည့်တော့မယ်။ ၂ယောက်လုံးက အပူမရှာတဲ့လူရိုးလူအေးတွေဆိုတော့ ဘာမှမသိဘူး ​ဆောင်နေတာပဲ ဘာမှမသုံးဘဲ ကျတဲ့ တစ်လ ၆သောင်းကျော်ကို…
ဒီလမှ ၁၁၆၀၀၀ ကျော်ကျတာ မှားနေလို့စစ်မှ တစ်ယူနစ် ၁၂၅ ကျပ်နဲ့ကောက်ထားတယ်တဲ့။ပိုင်ရှင်တောင် မသိဘဲ အဲ့လို ဘေးအိမ်ကိုမေးပြီး အိမ်သုံးကနေ စက်ရုံသုံးကို သူတို့သဘောနဲ့သူတို့ပြောင်းလို့ရတာလား?
တစ်နှစ်လုံး မသ်နားမလည်ဘဲဆောင်ခဲ့တဲ့ ၂ယောက်က အဲ့ငွေတွေတော့ထားတော့ ဒီလ ဘယ်လိုလုပ်ပေးမလဲဆ်ုတော့ နိုင်ငံတော်ဘဏ္ဏာထဲ ရောက်ပြီးပြီမို့ ဆောင်လိုက်ပါတဲ့…
၁၁၆၀၀၀ ကျော် ဘာမှမသုံးတဲ့အိမ်ကိုနော်…
(ဒီအဖြေက EPC ရုံးကလူတွေရော၊ ဘေးအိမ်ရော၊ အိမ်ရှင်ရော အကုန်ဒဲ့ရှင်း တေ့ဆိုင်မေးပြီးပြန်ရတဲ့အဖြေနော်။ ပြည်သူဘက်က အဖက်ဖက် နစ်နာစရာချည်းပဲ။ ဘလိုင်းကြီးလည်းပြောင်းခံရ၊ ပိုက်ဆံတွေလည်း ပိုပေးရတာ တစ်နှစ်၊ နောက်ဆုံးအဖြေထွက်​တော့ ခုနှိမ်မလားမှတ်တယ်။ ဆောင်လ်ုက်ဦးတဲ့။ နောက်လရော အိမ်သုံးလေး ရမှာလားဆို ကြိုးစားပေးမယ်တဲ့။ မရေရာမသေချာ။)
အကုန်သည်းခံပြီး နောက်လအိမ်သုံးပြောင်းဖို့ ဘယ်လိုလုပ်ပေးမှာလဲဆိုတော့ အဆင့်ဆင့်စာတင်ပြီးပြန်လုပ်ရမယ်တဲ့။ စက်ရုံသုံးပြောင်းဖို့ကျ အိမ်ရှင်တွေတောင်အသိမပေးဘဲ ကိုယ့်မီတာခကို အိမ်သုံးပြန်ပြောင်းတာတောင် မရေရာ မသေချာနဲ့အဖြေမရှိဘူး…
ဒီကြားထဲ ပြောင်းထားတဲ့ အကောင်က သူကပဲ ဘေးအိမ်ကိုမေးပြီး အခွင့်မရှိ ပိုင်စိုးပိုင်နင်းပြောင်းသေးတယ်။ သူကပဲ တပြန် ရိုင်းရိုင်းစိုင်းစိုင်းရင့်ရင့်သီးသီးနဲ့ ဘာဖြစ်ချင်တာလဲ ပြန်မောက်မောက်မာမာမေးသေးတယ်။
ခု မနက်ရော ညနေရော အလုပ်ပျက်ခံရှင်းတော့လည်း ရေရာသေချာတဲ့အဖြေဘယ်သူမှ မပေးကြ။ နောက်လပြန်လုပ်ပေးပါ့မယ်ပဲ။ နောက်လ စက်ရုံသုံးနဲ့ Bill ထပ်ထွက်လာရင်ရော နိုင်ငံတော်ဘဏ္ဏာထဲဝင်ပြီးသွားလို့ ဒီလလည်း ထပ်ဆောင်လိုက်ပါဆိုပြီး အကုသိုလ်တွေပေးပြီး ပြည်သူပိုင်ငွေမတော်မတရားသိမ်းဦးမလားမသိ…
ကိုယ့်အိမ်ကိုယ့်ရာကိုယ့်ခြံနဲ့ကိုယ်ကို EPC. ရုံးက ပိုင်ရှင်ကို တစ်စိမှမမေးမမြန်းဘဲ အိမ်သုံးကနေ လုပ်ငန်းသုံး ပြောင်းချရဲတာနော်။
ပိုင်ရှင်ကိုမမေးမမြန်း ခွင့်ပြုချက်မတောင်းဘဲ ​ပြောင်းတာတဲ့။ သူတို့ လုပ်ပိုင်ခွင့်လားအဲ့ဒါ။တအားတွေ အံ့ဩစိတ်ကုန်ရွံရှာနေပြီ။
Posted by Ei Ei Khine Minn
နစ်နာသူ၏ FB Acc- https://www.facebook.com/eieikhineminn93
Zawgyi Version
TV မကြည့်၊အဲကွန်း ကို ည၇နာရီနောက်ပိုင်းတောင် တစ်ခါတစ်လေမှ ဖွင့်၊ရခေဲသတ်တော ၊ပန်ကာတစ်လုံးနဲ့အဝတ်လျှော်စက်တောင် တစ်ပတ် ၂ခါပဲ လျှော်တဲ့ အိမ်ကမီတာခကို တစ်သိန်းတစ်သောင်းကျော် ကျလို့ စိတ်တွေတိုပြီး ရပ်ကွက်ရုံးထိ သွားရှင်း၊ ဖုန်းတွေဆက်မှအိမ်သုံးမီတာကို လုပ်ငန်းသုံးမီတာနဲ့လဲကောက်ထားတာတဲ့။
Add a Comment
Your email address will not be published. Required fields are marked *