အားလုံး သိချင်နေတဲ့ ကိုဗစ် ကာကွယ်ဆေး အကြောင်းကို ဒေါက်တာခင်ခင်ကြီး ပြည့်ပြည့်စုံစုံ ရှင်းပြလိုက်ပါပြီ

Sharing is caring!

အပိုင်း (၁) ၂၇/၁/၂၀၂၁ မှာကာကွယ်ဆေး စတင် ထိုးနှံပါပြီ တိုင်း/ပြည်နယ်အနှံ့ ကျန်းမာ ရေးဝန်ထမ်းလူဦးရေစုစုပေါင်း ၃ သောင်းကျော်ကို ထိုးနှံပေးနိုင်ခဲ့ပါတယ်။ဒါဟာ ဂုဏ်ယူစရာကောင်းလွန်းပါတယ် ဘယ်သူတွေရဲ့စွမ်း

ဆောင်မှုလဲဆိုတော့ အ စိုးရ ပြည်သူလူထုအားလုံးစည်းလုံညီညွတ် မှုရဲ့ပြယုဒ်ဖြစ်ပါတယ် နောက်နေ့တွေမှာ ကာကွယ်ဆေးကို တနိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းတွေကိုဆက်ထိုးသွားပါမယ်၂၉ နဲ့ ၃၀ မှာတော့ ပြည်ထောင် စု

လွှတ်တော် အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားကိုယ်စားလှယ်များကို ထိုးနှံပေးမှာဖြစ်ပါတယ်။နောက်လ ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ပြည်သူတွေကို ထိုးနှံပေးမှာဖြစ်ပါတယ် ပြည်သူတွေနဲ့အတူ ပြည်ထောင်စုအဆင့် တိုင်း/

ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များ အတူထိုးနှံကြမှာဖြစ်ပါတယ်။ပြည်သူတွေထဲကဆို ဘယ်သူတွေကိုဦး စားပေးမလဲ ဒါကတော့ No doubt သံသယဖြစ်စရာမလိုတဲ့ အသက်ကြီးတဲ့ မိဘပြည်သူတွေပဲ ဖြစ်ပါတယ်ဒါဟာနိုင်ငံတိုင်းမှာ

ကျန်း မာရေးဝန်ထမ်းတွေနဲ့နဲ့အတူတတန်းတစားထဲ ဦးစားပေးစာရင်းထဲ အမြဲပါသင့်တဲ့လူအုပ်စုဖြစ်ပါတယ် ဒီအုပ်စု သည် ရောဂါဖြစ်ပွားကူးစက်လွယ်ပြီး ဖြစ်ပွားလျှင်သေဆုံးမှု များပါတယ်။၇၅ နှစ်အထက်ဆို ၅ ယောက်ဖြစ်လျှင်

တစ်ယောက်သေဆုံးနိုင်ပါတယ် ၆၁-၇၅ အသက်အရွယ်ဖြစ်လျှင် ဆယ်ယောက်လျှင် တစ်ယောက်သေဆုံးနိုင်ပါတယ် ဒါဆိုမြန်မာနိုင်ငံမှာ အသက် ၆၅ နှစ်အထက် ဘယ်လောက်ရှိနေသလဲ လူဦးရေနဲ့သန်းခေါင်စာရင်းဌာနက

တာဝန်ရှိသူကို မေးမြန်းချက်အရ ၂၀၂၀ အောက်တိုဘာလကုန်အထိအသက် ၆၅ နှစ်အထက်က ၃.၆ သန်းကျော်ရှိပါတယ် ဒါဆို ၆၀ အထက်ကရောဆိုတော့ ၅.၆၅ သန်းရှိပါတယ် ၁၈ နှစ်အောက်က ၁၇.၈၅ သန်းရှိပါတယ်။ဒါ

ဆိုကာကွယ်ဆေးရရှိနိုင်မှုအခြေအနေကရော …COVAX ကနေ လူဦးရေရဲ့ ၂၀% ကို ၂၀၂၁ အတွင်းရနိုင်ပါတယ် ဧပြီလ ၇ ရက် ကမ္ဘာ့ကျန်းမာရေးနေ့မတိုင်ခင် အဖွဲ့ဝင်နိုင်ငံတွေကို ပေးပို့မှာဖြစ်ပါတယ်။

ရက် ၁၀၀ စီမံချက်အရ ဆောင်ရွက်နေတာဖြစ်ပါတယ် ဒါဆို ဘယ်တော့ရမလဲဆိုတာ ကတော့ ရှင်းမှာပါ မတ်လကုန် ဧပြီလဆန်းမှာရမယ် ဘယ်လောက်ရမလဲ ဆိုတာတော့ သေချာမသိသေးပေမဲ့ ကာကွယ်ဆေးရရှိမှုအပေါ်မူတည်

ပြီးအချိုးကျရမှာဖြစ်ပါတယ် ၂၀% ကိုတော့ တခါတည် းရမှာ မဟုတ်ပါဘူး အသုတ်လိုက်ရမှာဖြစ်ပါတယ် လက်ရှိ COVAX က ကာကွယ်ဆေး သန်း ၃,၀၀၀ (၃ ဘီလီယံ) ကို ရရှိဖို့ရည်မှန်းထားတာမှာ သန်း ၂,၀၀၀ (၂ ဘီလီ

ယံ) ရရှိပြီး ဖြစ်တဲ့အတွက် အတော့်ကို အခြေအနေ ကောင်းနေပါပြီCOVAX မှာအဖွဲ့ဝင်နိုင်ငံ ၁၉၀ ရှိတဲ့အနက် မြန်မာနိုင်ငံက ဖွံ့ဖြိုးမှုအလယ်အလတ်နဲ့ ဖွံ့ဖြိုးမှုလိုအပ်တဲ့တိုင်းပြည် ၉၂ နိုင်ငံထဲပါဝင်ပါတယ် လက်ရှိအနေနဲ့ COVAX က

တိုင်းပြည် ၄၆ နိုင်ငံကိုPfizer ကာကွယ်ဆေးတွေ ဖြန့်ဖြူးနေပါပြီ ဒီထဲမှာ ဖွံ့ဖြိုးပြီးတိုင်းပြည် ၃၆ နဲ့ ဖွံဖြိုးမှု အလယ်အလတ်ရှိတဲ့တိုင်းပြည် ၆ နိုင်ငံပါဝင်ပါတယ် မြန်မာနိုင်ငံကိုလည်း မတ်လအတွင်း ရောက်ဖို့ရှိပါတယ်။လက်ရှိ WHO

က အသိအမှတ်ပြု Pre qualified vaccine မရှိသေးပေမဲ့ ဒီလိုမျိုး နိုင်ငံအချင်းချင်း သယ်ယူ ပို့ဆောင်နိုင်ဖို့ WHO အနေနဲ့ လိုအပ်တဲ့အချက်အလက်တွေကို စစ်ဆေးပြီးနောက်အရေးပေါ်အသုံးပြုမယ့်ကာကွယ်ဆေး Emergency

Use List (EUL) ထဲမှာ ထည့်သွင်းပါတယ် လက်ရှိအချိန်အထိကတော့ Pfizer/BioNTech ကာကွယ်ဆေးတစ်ခုသာ EUL ထဲမှာရောက်နေ ပေမယ့်နောက်ထပ် Moderna နဲ့ Oxford/AstraZeneca ကာကွယ်ဆေးကိုလည်း

EUL ထဲမှာထည့်သွင်းနိုင်ဖို့ အချက်အလက်များ တောင်းခံထားပါတယ် မကြာခင်ပါဝင်နိုင်မယ်လို့ မျှော်လင့်ရပါ တယ် ဒီလို EUL ထဲပါမှ COVAX က နိုင်ငံတွေကို ပေးပို့တဲ့စာရင်းထဲ ပါဝင်မှာပါပြီးတော့ အိန္ဒိယကနေ Covishield

ကာကွယ်ဆေး လူဦးရေ ၁၅ သန်းစာ (ကာကွယ်ဆေးအလုံး သန်း ၃၀) ဝယ်ယူထားဖို့ ကုန်အမှာစာကို Jan ၅ ရက်နေ့က ပေးပို့ ထားပြီးဖြစ်ပါတယ် အမှာအတွက် ပေးရမယ့်ငွေ အမေရိကန်ဒေါ်လာရ၅ သန်းကို Jan 14 ရက်နေ့

နောက်ဆုံးထားပေးချေရမယ်ဆိုတော့ ခုလောက်ဆို ပေးချေပြီး ဖြစ်လောက်ပါပြီ ကျန်တဲ့တစ်ဝက် ဒေါ်လာ ၇၅ သန်းကို ကာကွယ်ဆေးအလုံးရေ ၁၀ သန်းရောက်ပြီးတဲ့နောက် အနီးဆုံးဖွင့်ရက်မှာ ပေးချေရမယ်လို့သိရပါတယ် ရှေ့လ

ဖေဖော်ဝါရီ ပထမအပတ်မှာလဲ ဆေး ၂ သန်းထပ်မံရောက်ရှိပါအုံးမယ်မြန်မာနိုင်ငံလူဦးရေ ၂၀၂၀ အရ စုစုပေါင်းလူဦးရေ ၅၄.၉ သန်းရှိပါတယ် ဒါဟာ ၂၀၁၄ သန်းခေါင်စာရင်းအပေါ် အခြေပြုပြီး projection အရ တွက်ချက်ထား

တာဖြစ်ပါတယ် ဒါဟာပြည်တွင်းမှာနေသူတွေသာပါဝင်ပြီး ပြည်ပရောက်နေသူ၄.၂၅ သန်း ရှိပါတယ် ဒီလူတွေထဲက ၇၀% သည်ထိုင်းနိုင်ငံရောက်နေပြီး ၁၅% သည် မလေးရှားနှင့် ကျန် ၁၅% သည် အခြားနိုင်ငံများတွင် ရောက်ရှိနေ

သော မြန်မာလူမျိုးများပါဝင်ပါသည် သို့ဖြစ်ပါ၍ ဝယ်ယူထားသော ၁၅ သန်းသည် လူဦးရေ၏ ၂၆% နီးပါးရှိပါသည်ထို့ပြင် အိန္ဒိယက အိမ်နီးချင်းနိုင်ငံအချင်းချင်း ချစ်ကြည်မှု၏ ပြယုဒ်အဖြစ် ပေးအပ်ထားသော ကာကွယ်ဆေး ၁.၅

သန်း (လူဦးရေ ၇.၅ သိန်းစာ) Covishield ကာကွယ်ဆေးကလည်း ၂၂/၁/၂၀၂၁ နေ့တွင် ရောက်ရှိခဲ့ပြီး ယနေ့တွင်ပင် စတင်ထိုးနှံနေပြီ ဖြစ်ပါသည် နောက်ထပ်လည်း လက်ဆောင်ဒုတိယအသုတ် ၁ သန်း လာဖွယ်ရှိ

ပါသည် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး Mr.ဝမ်ယိလာရောက်စဉ်ကလည်း ကာကွယ်ဆေးအလုံးရေ၃သိန်းလှူဒါန်းမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်ဒါဆိုရင်၂၀၂၁ အတွင်း ကာကွယ်ဆေးရရှိနိုင်မှုသည်

၄၆% အထက် ရရှိနိုင်ဖွယ်ရှိပြီး ယခုထက် ပိုမို၍လည်း ရရှိနိုင်ဖွယ်ရှိပါသည် လက်ရှိတွင်လည်း ကာကွယ်ဆေ းအတွက် အလှူငွေကောက်ခံ ရာတွင်လည်း နိုင်ငံတော်မှ မတည်ငွေ တစ်ဘီလီယံကျပ်ဖြစ်ပြီး နိုင်ငံသားများမှ ထည့်

ဝင်ငွေ ၁၉ ဘီလီယံနီးပါးဖြစ်သည့်အတွက် ဘီလီယံ ၂၀ နီးပါး ရှိနေပါပြီ အမေရိကန်ဒေါ်လာ မတည်ငွေ သန်း ၂၅၀ ထည့် ဝင်ငွေ ၃ သန်းနီးပါးဖြစ်သည့်အတွက် ၂၅၃ သန်း ဖြစ်သည်ကိုလည်း၂၁/၁/၂၀၂၁ နေ့ နိုင်ငံတော်

အတိုင်ပင်ခံမိန့်ခွန်းအရ ကြားသိရသည်မှာလည်း များစွာနှစ်ထောင်းအားရရှိလှပါသည် ပြည်သူတို့၏ သဒ္ဓါတရားထက် သန်မှုကလည်း တကယ့်ကို အံ့ချီးလောက်စရာဖြစ်ပါသည်။ဒါဆို ကိုဗစ်ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်ရန်

လူဦးရေဘယ်လောက်ထိ ကာကွယ်ဆေးထိုးရမလဲ? ကာကွယ်ဆေးဝယ်ယူဖို့ ထည့်ဝင်ဖို့လိုပါသေးသလား?ဒါနဲ့ပတ် သက်လို့ဖြေကြည့်ရမယ်ဆိုလျှင် များလေကောင်းလေပါပဲ ဘာလို့ဒီလိုပြောရလဲဆိုရင် ကာကွယ်ဆေးသည် ပိုက်ဆံရှိ

တိုင်းလည်း ဝယ်ဖို့မလွယ်ပါ ဝယ်လိုအားကများနေပြီး ရောင်းလိုအားကအကန့်အသတ်ရှိနေပါသည် နောက်ပြီး ကာကွယ်ဆေး အမျိုးအစားအလိုက် ဈေးနှုန်းအမျိုးမျိုးရှိပါသည် ကာကွယ်ဆေးရရှိရုံနဲ့လည်း ထိုးနှံသည့်အဆင့်ရောက်ဖို့

operational cost များရှိပါသေးသည်။နောက်ပြီး လူအုပ်စုအားလုံးကိုကာကွယ်ဖို့ အစုလိုက်ကာကွယ်နိုင်မှု Herd immunity နှင့် ပတ်သက်၍ WHO science in 5 episode #1, 28th August တွင် ပြောပြချက်အရ နိုင်ငံ

လူဦးရေ၏၆၀-၇၀% ကာကွယ်ဆေးထိုးနှံရန်လိုအပ်သည်ဟု WHO မှ Chief Scientist Dr. Soumya က ပြောကြားခဲ့ပါသည် သို့ရာတွင် အဆိုပါ အချက်သည် ခြုံငုံ၍ ပြောခြင်းဖြစ်ပြီး တိုင်းပြည်တခုချင်းစီ၏ ရောဂါဖြစ်ပွားမှုနှင့်

Basic Reproduction Number R0 ပေါ်တွင် မူတည်၍ တွက်ချက်ရပါသည်။မြန်မာနိုင်ငံ ရန်ကုန်မြို့၏ ဒေတာများအရ R0 သည် ၂.၁၂ ရှိနေသဖြင့် ပုံသေနည်းအရ တွက်ချက်ကြည့်လျှင် herd immunity ရဖို့ ၅၅% အနည်း

ဆုံးကာကွယ်ဆေးထိုးပေးရန် လိုအပ်ပါသည် အဆိုပါအချက်သည် တွက်ချက်သည့်ကိန်းဂဏန်းသာဖြစ်၍ အခြားသော အကြောင်းခြင်းရာများစွာကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်လက်ရှိအချိန်တွင် အာဆီယံနိုင်ငံ

များကို ကြည့်မည်ဆိုပါကလည်း စင်ကာပူနိုင်ငံတွင် Pfizer vaccine ကို Jan ၈ ရက်နေ့တွင် အစောဆုံး ထိုးနှံနိုင်ခဲ့သည်ကိုတွေ့ရမည်ဖြစ်ပါသည်။ထို့နောက်တွင် အင်ဒိုနီးရှားနိုင်ငံက China Sinovac ကာကွယ်ဆေးကို Jan

၁၃ ရက်နေ့ကစတင်နိုင်ခဲ့ပါသည် မြန်မာနိုင်ငံအနေဖြင့် Oxford ကာကွယ်ဆေးနှင့် အလားသဏ္ဍန်တူ အာနိသင်တူ India နိုင်ငံထုတ် Covishield ကာကွယ်ဆေးကို Jan ၂၇ တွင် ထိုးနှံနိုင်ခွင့်ရရှိသည်မှာ အထူးပင် ဝမ်း

မြေ က်ဖွယ်ရာဖြစ်ပါသည်ကာကွယ်ဆေးနှင့် ပတ်သက်၍လည်း သိသင့်သိထိုက်သည်များကို MoHS page တွင်ဖော်ပြထားသဖြင့် သေချာစွာဖတ်ရှုနိုင်ပါသည် ကာကွယ်ဆေးသည် viral vector အမျိုးအစားဖြစ်ပြီးစိတ်ချရသော

ဆေးလည်းဖြစ်ပါသည် အာနိသင်ထိရောက်မှုကို ပြောရလျှင် ၆၂-၉၀% အထိရှိပြီး ပျှမ်းမျှအားဖြင့် ၇၀% ရှိပါသည်။အထူးသဖြင့် အသက်ကြီးသောသူများတွင်ပင် ကာကွယ်ဆေး၏ ကိုယ်ခံအားတက်ရှိမှု ကောင်းမွန်ကြောင်း

ကာကွယ်ဆေးစမ်းသပ်သည့် clinical trial တွင်ပါဝင်သောရလဒ်များအရ သွေးထဲတွင် Antibody level နှင့် active T cells တက်ရှိမှုကိုကောင်းစွာပြသနိုင်ကြောင်း ဆိုထားပါသည် The Lancet journal Jan 8

ရက်နေ့ထုတ်တွင်လည်း UK တွင်လက်ရှိအသုံးပြုနေသော Oxford ကာကွယ်ဆေး၏ အစွမ်းထက်မြက်မှုအပေါ် သုတေသနပြုမှုများဆက်လက်ဆောင်ရွက်နေကြောင်း ပြောထားပါသည်။အချုပ်အားဖြင့်ဆိုရလျှင် ယခုမြန်မာနိုင်ငံတွင်ထိုး

နေသောကာကွယ်ဆေးသည် UK နိုင်ငံတွင်အသုံးပြုနေသောကာကွယ်ဆေးကို မူပိုင်ခွင့်ရပြီးထုတ်လုပ်သည့် ကုမ္ပဏီ ၃၀ ထဲမှ တစ်ခုဖြစ်သည့် Serum institute of India မှ ထုတ်လုပ်သည့် အစွမ်းထက်ကာကွယ်ဆေးဖြစ်

သဖြင့် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူတိုင်း မပျက်မကွက် ထိုးနှံမှု ခံယူနိုင်ရန် ရည်ရွယ်ပါသည်။ကာကွယ်ဆေး၏ အမျိုးအစားများနှင့် အကျိုးအာနိသင် ၈ ချက်ကို ဒုတိယပိုင်းအဖြစ် ဆက်လက်ရေးသားပါမည်။မြန်မာပြည်

သူများအားလုံး စည်းကမ်းတွေလိုက်နာပြီး အမြန်ဆုံး ကိုဗစ်အန္တရာယ်မှ ကင်းဝေးကြပါစေ။

Zawgyi Version

အပိုင္း (၁) ၂၇/၁/၂၀၂၁ မွာကာကြယ္ေဆး စတင္ ထိုးႏွံပါၿပီ တိုင္း/ျပည္နယ္အႏွံ႔ က်န္းမာ ေရးဝန္ထမ္းလူဦးေရစုစုေပါင္း ၃ ေသာင္းေက်ာ္ကို ထိုးႏွံေပးႏိုင္ခဲ့ပါတယ္။ဒါဟာ ဂုဏ္ယူစရာေကာင္းလြန္းပါတယ္ ဘယ္သူေတြရဲ႕စြမ္း

ေဆာင္မႈလဲဆိုေတာ့ အ စိုးရ ျပည္သူလူထုအားလုံးစည္းလုံညီၫြတ္ မႈရဲ႕ျပယုဒ္ျဖစ္ပါတယ္ ေနာက္ေန႔ေတြမွာ ကာကြယ္ေဆးကို တႏိုင္ငံလုံးရွိ က်န္းမာေရးဝန္ထမ္းေတြကိုဆက္ထိုးသြားပါမယ္၂၉ နဲ႔ ၃၀ မွာေတာ့ ျပည္ေထာင္ စု

လႊတ္ေတာ္ အမ်ိဳးသားလႊတ္ေတာ္နဲ႔ တပ္မေတာ္သားကိုယ္စားလွယ္မ်ားကို ထိုးႏွံေပးမွာျဖစ္ပါတယ္။ေနာက္လ ေဖေဖာ္ဝါရီ ၅ ရက္ေန႔ကစၿပီး ျပည္သူေတြကို ထိုးႏွံေပးမွာျဖစ္ပါတယ္ ျပည္သူေတြနဲ႔အတူ ျပည္ေထာင္စုအဆင့္ တိုင္း/

ျပည္နယ္အဆင့္ အစိုးရအဖြဲ႕ဝင္မ်ား အတူထိုးႏွံၾကမွာျဖစ္ပါတယ္။ျပည္သူေတြထဲကဆို ဘယ္သူေတြကိုဦး စားေပးမလဲ ဒါကေတာ့ No doubt သံသယျဖစ္စရာမလိုတဲ့ အသက္ႀကီးတဲ့ မိဘျပည္သူေတြပဲ ျဖစ္ပါတယ္ဒါဟာႏိုင္ငံတိုင္းမွာ

က်န္း မာေရးဝန္ထမ္းေတြနဲ႔နဲ႔အတူတတန္းတစားထဲ ဦးစားေပးစာရင္းထဲ အၿမဲပါသင့္တဲ့လူအုပ္စုျဖစ္ပါတယ္ ဒီအုပ္စု သည္ ေရာဂါျဖစ္ပြားကူးစက္လြယ္ၿပီး ျဖစ္ပြားလွ်င္ေသဆုံးမႈ မ်ားပါတယ္။၇၅ ႏွစ္အထက္ဆို ၅ ေယာက္ျဖစ္လွ်င္

တစ္ေယာက္ေသဆုံးႏိုင္ပါတယ္ ၆၁-၇၅ အသက္အ႐ြယ္ျဖစ္လွ်င္ ဆယ္ေယာက္လွ်င္ တစ္ေယာက္ေသဆုံးႏိုင္ပါတယ္ ဒါဆိုျမန္မာႏိုင္ငံမွာ အသက္ ၆၅ ႏွစ္အထက္ ဘယ္ေလာက္ရွိေနသလဲ လူဦးေရနဲ႔သန္းေခါင္စာရင္းဌာနက

တာဝန္ရွိသူကို ေမးျမန္းခ်က္အရ ၂၀၂၀ ေအာက္တိုဘာလကုန္အထိအသက္ ၆၅ ႏွစ္အထက္က ၃.၆ သန္းေက်ာ္ရွိပါတယ္ ဒါဆို ၆၀ အထက္ကေရာဆိုေတာ့ ၅.၆၅ သန္းရွိပါတယ္ ၁၈ ႏွစ္ေအာက္က ၁၇.၈၅ သန္းရွိပါတယ္။ဒါ

ဆိုကာကြယ္ေဆးရရွိႏိုင္မႈအေျခအေနကေရာ …COVAX ကေန လူဦးေရရဲ႕ ၂၀% ကို ၂၀၂၁ အတြင္းရႏိုင္ပါတယ္ ဧၿပီလ ၇ ရက္ ကမာၻ႔က်န္းမာေရးေန႔မတိုင္ခင္ အဖြဲ႕ဝင္ႏိုင္ငံေတြကို ေပးပို႔မွာျဖစ္ပါတယ္။

ရက္ ၁၀၀ စီမံခ်က္အရ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္ ဒါဆို ဘယ္ေတာ့ရမလဲဆိုတာ ကေတာ့ ရွင္းမွာပါ မတ္လကုန္ ဧၿပီလဆန္းမွာရမယ္ ဘယ္ေလာက္ရမလဲ ဆိုတာေတာ့ ေသခ်ာမသိေသးေပမဲ့ ကာကြယ္ေဆးရရွိမႈအေပၚမူတည္

ၿပီးအခ်ိဳးက်ရမွာျဖစ္ပါတယ္ ၂၀% ကိုေတာ့ တခါတည္ းရမွာ မဟုတ္ပါဘူး အသုတ္လိုက္ရမွာျဖစ္ပါတယ္ လက္ရွိ COVAX က ကာကြယ္ေဆး သန္း ၃,၀၀၀ (၃ ဘီလီယံ) ကို ရရွိဖို႔ရည္မွန္းထားတာမွာ သန္း ၂,၀၀၀ (၂ ဘီလီ

ယံ) ရရွိၿပီး ျဖစ္တဲ့အတြက္ အေတာ့္ကို အေျခအေန ေကာင္းေနပါၿပီCOVAX မွာအဖြဲ႕ဝင္ႏိုင္ငံ ၁၉၀ ရွိတဲ့အနက္ ျမန္မာႏိုင္ငံက ဖြံ႕ၿဖိဳးမႈအလယ္အလတ္နဲ႔ ဖြံ႕ၿဖိဳးမႈလိုအပ္တဲ့တိုင္းျပည္ ၉၂ ႏိုင္ငံထဲပါဝင္ပါတယ္ လက္ရွိအေနနဲ႔ COVAX က

တိုင္းျပည္ ၄၆ ႏိုင္ငံကိုPfizer ကာကြယ္ေဆးေတြ ျဖန႔္ျဖဴးေနပါၿပီ ဒီထဲမွာ ဖြံ႕ၿဖိဳးၿပီးတိုင္းျပည္ ၃၆ နဲ႔ ဖြံၿဖိဳးမႈ အလယ္အလတ္ရွိတဲ့တိုင္းျပည္ ၆ ႏိုင္ငံပါဝင္ပါတယ္ ျမန္မာႏိုင္ငံကိုလည္း မတ္လအတြင္း ေရာက္ဖို႔ရွိပါတယ္။လက္ရွိ WHO

က အသိအမွတ္ျပဳ Pre qualified vaccine မရွိေသးေပမဲ့ ဒီလိုမ်ိဳး ႏိုင္ငံအခ်င္းခ်င္း သယ္ယူ ပို႔ေဆာင္ႏိုင္ဖို႔ WHO အေနနဲ႔ လိုအပ္တဲ့အခ်က္အလက္ေတြကို စစ္ေဆးၿပီးေနာက္အေရးေပၚအသုံးျပဳမယ့္ကာကြယ္ေဆး Emergency

Use List (EUL) ထဲမွာ ထည့္သြင္းပါတယ္ လက္ရွိအခ်ိန္အထိကေတာ့ Pfizer/BioNTech ကာကြယ္ေဆးတစ္ခုသာ EUL ထဲမွာေရာက္ေန ေပမယ့္ေနာက္ထပ္ Moderna နဲ႔ Oxford/AstraZeneca ကာကြယ္ေဆးကိုလည္း

EUL ထဲမွာထည့္သြင္းႏိုင္ဖို႔ အခ်က္အလက္မ်ား ေတာင္းခံထားပါတယ္ မၾကာခင္ပါဝင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါ တယ္ ဒီလို EUL ထဲပါမွ COVAX က ႏိုင္ငံေတြကို ေပးပို႔တဲ့စာရင္းထဲ ပါဝင္မွာပါၿပီးေတာ့ အိႏၵိယကေန Covishield

ကာကြယ္ေဆး လူဦးေရ ၁၅ သန္းစာ (ကာကြယ္ေဆးအလုံး သန္း ၃၀) ဝယ္ယူထားဖို႔ ကုန္အမွာစာကို Jan ၅ ရက္ေန႔က ေပးပို႔ ထားၿပီးျဖစ္ပါတယ္ အမွာအတြက္ ေပးရမယ့္ေငြ အေမရိကန္ေဒၚလာရ၅ သန္းကို Jan 14 ရက္ေန႔

ေနာက္ဆုံးထားေပးေခ်ရမယ္ဆိုေတာ့ ခုေလာက္ဆို ေပးေခ်ၿပီး ျဖစ္ေလာက္ပါၿပီ က်န္တဲ့တစ္ဝက္ ေဒၚလာ ၇၅ သန္းကို ကာကြယ္ေဆးအလုံးေရ ၁၀ သန္းေရာက္ၿပီးတဲ့ေနာက္ အနီးဆုံးဖြင့္ရက္မွာ ေပးေခ်ရမယ္လို႔သိရပါတယ္ ေရွ႕လ

ေဖေဖာ္ဝါရီ ပထမအပတ္မွာလဲ ေဆး ၂ သန္းထပ္မံေရာက္ရွိပါအုံးမယ္ျမန္မာႏိုင္ငံလူဦးေရ ၂၀၂၀ အရ စုစုေပါင္းလူဦးေရ ၅၄.၉ သန္းရွိပါတယ္ ဒါဟာ ၂၀၁၄ သန္းေခါင္စာရင္းအေပၚ အေျချပဳၿပီး projection အရ တြက္ခ်က္ထား

တာျဖစ္ပါတယ္ ဒါဟာျပည္တြင္းမွာေနသူေတြသာပါဝင္ၿပီး ျပည္ပေရာက္ေနသူ၄.၂၅ သန္း ရွိပါတယ္ ဒီလူေတြထဲက ၇၀% သည္ထိုင္းႏိုင္ငံေရာက္ေနၿပီး ၁၅% သည္ မေလးရွားႏွင့္ က်န္ ၁၅% သည္ အျခားႏိုင္ငံမ်ားတြင္ ေရာက္ရွိေန

ေသာ ျမန္မာလူမ်ိဳးမ်ားပါဝင္ပါသည္ သို႔ျဖစ္ပါ၍ ဝယ္ယူထားေသာ ၁၅ သန္းသည္ လူဦးေရ၏ ၂၆% နီးပါးရွိပါသည္ထို႔ျပင္ အိႏၵိယက အိမ္နီးခ်င္းႏိုင္ငံအခ်င္းခ်င္း ခ်စ္ၾကည္မႈ၏ ျပယုဒ္အျဖစ္ ေပးအပ္ထားေသာ ကာကြယ္ေဆး ၁.၅

သန္း (လူဦးေရ ၇.၅ သိန္းစာ) Covishield ကာကြယ္ေဆးကလည္း ၂၂/၁/၂၀၂၁ ေန႔တြင္ ေရာက္ရွိခဲ့ၿပီး ယေန႔တြင္ပင္ စတင္ထိုးႏွံေနၿပီ ျဖစ္ပါသည္ ေနာက္ထပ္လည္း လက္ေဆာင္ဒုတိယအသုတ္ ၁ သန္း လာဖြယ္ရွိ

ပါသည္ တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီဝင္ႏွင့္ႏိုင္ငံျခားေရးဝန္ႀကီး Mr.ဝမ္ယိလာေရာက္စဥ္ကလည္း ကာကြယ္ေဆးအလုံးေရ၃သိန္းလႉဒါန္းမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါသည္ဒါဆိုရင္၂၀၂၁ အတြင္း ကာကြယ္ေဆးရရွိႏိုင္မႈသည္

၄၆% အထက္ ရရွိႏိုင္ဖြယ္ရွိၿပီး ယခုထက္ ပိုမို၍လည္း ရရွိႏိုင္ဖြယ္ရွိပါသည္ လက္ရွိတြင္လည္း ကာကြယ္ေဆ းအတြက္ အလႉေငြေကာက္ခံ ရာတြင္လည္း ႏိုင္ငံေတာ္မွ မတည္ေငြ တစ္ဘီလီယံက်ပ္ျဖစ္ၿပီး ႏိုင္ငံသားမ်ားမွ ထည့္

ဝင္ေငြ ၁၉ ဘီလီယံနီးပါးျဖစ္သည့္အတြက္ ဘီလီယံ ၂၀ နီးပါး ရွိေနပါၿပီ အေမရိကန္ေဒၚလာ မတည္ေငြ သန္း ၂၅၀ ထည့္ ဝင္ေငြ ၃ သန္းနီးပါးျဖစ္သည့္အတြက္ ၂၅၃ သန္း ျဖစ္သည္ကိုလည္း၂၁/၁/၂၀၂၁ ေန႔ ႏိုင္ငံေတာ္

အတိုင္ပင္ခံမိန႔္ခြန္းအရ ၾကားသိရသည္မွာလည္း မ်ားစြာႏွစ္ေထာင္းအားရရွိလွပါသည္ ျပည္သူတို႔၏ သဒၶါတရားထက္ သန္မႈကလည္း တကယ့္ကို အံ့ခ်ီးေလာက္စရာျဖစ္ပါသည္။ဒါဆို ကိုဗစ္ကပ္ေရာဂါကို ကာကြယ္ထိန္းခ်ဳပ္ရန္

လူဦးေရဘယ္ေလာက္ထိ ကာကြယ္ေဆးထိုးရမလဲ? ကာကြယ္ေဆးဝယ္ယူဖို႔ ထည့္ဝင္ဖို႔လိုပါေသးသလား?ဒါနဲ႔ပတ္ သက္လို႔ေျဖၾကည့္ရမယ္ဆိုလွ်င္ မ်ားေလေကာင္းေလပါပဲ ဘာလို႔ဒီလိုေျပာရလဲဆိုရင္ ကာကြယ္ေဆးသည္ ပိုက္ဆံရွိ

တိုင္းလည္း ဝယ္ဖို႔မလြယ္ပါ ဝယ္လိုအားကမ်ားေနၿပီး ေရာင္းလိုအားကအကန႔္အသတ္ရွိေနပါသည္ ေနာက္ၿပီး ကာကြယ္ေဆး အမ်ိဳးအစားအလိုက္ ေဈးႏႈန္းအမ်ိဳးမ်ိဳးရွိပါသည္ ကာကြယ္ေဆးရရွိ႐ုံနဲ႔လည္း ထိုးႏွံသည့္အဆင့္ေရာက္ဖို႔

operational cost မ်ားရွိပါေသးသည္။ေနာက္ၿပီး လူအုပ္စုအားလုံးကိုကာကြယ္ဖို႔ အစုလိုက္ကာကြယ္ႏိုင္မႈ Herd immunity ႏွင့္ ပတ္သက္၍ WHO science in 5 episode #1, 28th August တြင္ ေျပာျပခ်က္အရ ႏိုင္ငံ

လူဦးေရ၏၆၀-၇၀% ကာကြယ္ေဆးထိုးႏွံရန္လိုအပ္သည္ဟု WHO မွ Chief Scientist Dr. Soumya က ေျပာၾကားခဲ့ပါသည္ သို႔ရာတြင္ အဆိုပါ အခ်က္သည္ ၿခဳံငုံ၍ ေျပာျခင္းျဖစ္ၿပီး တိုင္းျပည္တခုခ်င္းစီ၏ ေရာဂါျဖစ္ပြားမႈႏွင့္

Basic Reproduction Number R0 ေပၚတြင္ မူတည္၍ တြက္ခ်က္ရပါသည္။ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕၏ ေဒတာမ်ားအရ R0 သည္ ၂.၁၂ ရွိေနသျဖင့္ ပုံေသနည္းအရ တြက္ခ်က္ၾကည့္လွ်င္ herd immunity ရဖို႔ ၅၅% အနည္း

ဆုံးကာကြယ္ေဆးထိုးေပးရန္ လိုအပ္ပါသည္ အဆိုပါအခ်က္သည္ တြက္ခ်က္သည့္ကိန္းဂဏန္းသာျဖစ္၍ အျခားေသာ အေၾကာင္းျခင္းရာမ်ားစြာကိုလည္း ထည့္သြင္းစဥ္းစားရမည္ျဖစ္ပါသည္လက္ရွိအခ်ိန္တြင္ အာဆီယံႏိုင္ငံ

မ်ားကို ၾကည့္မည္ဆိုပါကလည္း စင္ကာပူႏိုင္ငံတြင္ Pfizer vaccine ကို Jan ၈ ရက္ေန႔တြင္ အေစာဆုံး ထိုးႏွံႏိုင္ခဲ့သည္ကိုေတြ႕ရမည္ျဖစ္ပါသည္။ထို႔ေနာက္တြင္ အင္ဒိုနီးရွားႏိုင္ငံက China Sinovac ကာကြယ္ေဆးကို Jan

၁၃ ရက္ေန႔ကစတင္ႏိုင္ခဲ့ပါသည္ ျမန္မာႏိုင္ငံအေနျဖင့္ Oxford ကာကြယ္ေဆးႏွင့္ အလားသ႑န္တူ အာနိသင္တူ India ႏိုင္ငံထုတ္ Covishield ကာကြယ္ေဆးကို Jan ၂၇ တြင္ ထိုးႏွံႏိုင္ခြင့္ရရွိသည္မွာ အထူးပင္ ဝမ္း

ေျမ က္ဖြယ္ရာျဖစ္ပါသည္ကာကြယ္ေဆးႏွင့္ ပတ္သက္၍လည္း သိသင့္သိထိုက္သည္မ်ားကို MoHS page တြင္ေဖာ္ျပထားသျဖင့္ ေသခ်ာစြာဖတ္ရႈႏိုင္ပါသည္ ကာကြယ္ေဆးသည္ viral vector အမ်ိဳးအစားျဖစ္ၿပီးစိတ္ခ်ရေသာ

ေဆးလည္းျဖစ္ပါသည္ အာနိသင္ထိေရာက္မႈကို ေျပာရလွ်င္ ၆၂-၉၀% အထိရွိၿပီး ပွ်မ္းမွ်အားျဖင့္ ၇၀% ရွိပါသည္။အထူးသျဖင့္ အသက္ႀကီးေသာသူမ်ားတြင္ပင္ ကာကြယ္ေဆး၏ ကိုယ္ခံအားတက္ရွိမႈ ေကာင္းမြန္ေၾကာင္း

ကာကြယ္ေဆးစမ္းသပ္သည့္ clinical trial တြင္ပါဝင္ေသာရလဒ္မ်ားအရ ေသြးထဲတြင္ Antibody level ႏွင့္ active T cells တက္ရွိမႈကိုေကာင္းစြာျပသႏိုင္ေၾကာင္း ဆိုထားပါသည္ The Lancet journal Jan 8

ရက္ေန႔ထုတ္တြင္လည္း UK တြင္လက္ရွိအသုံးျပဳေနေသာ Oxford ကာကြယ္ေဆး၏ အစြမ္းထက္ျမက္မႈအေပၚ သုေတသနျပဳမႈမ်ားဆက္လက္ေဆာင္႐ြက္ေနေၾကာင္း ေျပာထားပါသည္။အခ်ဳပ္အားျဖင့္ဆိုရလွ်င္ ယခုျမန္မာႏိုင္ငံတြင္ထိုး

ေနေသာကာကြယ္ေဆးသည္ UK ႏိုင္ငံတြင္အသုံးျပဳေနေသာကာကြယ္ေဆးကို မူပိုင္ခြင့္ရၿပီးထုတ္လုပ္သည့္ ကုမၸဏီ ၃၀ ထဲမွ တစ္ခုျဖစ္သည့္ Serum institute of India မွ ထုတ္လုပ္သည့္ အစြမ္းထက္ကာကြယ္ေဆးျဖစ္

သျဖင့္ ကာကြယ္ေဆးထိုးႏွံရန္ အက်ဳံးဝင္သူတိုင္း မပ်က္မကြက္ ထိုးႏွံမႈ ခံယူႏိုင္ရန္ ရည္႐ြယ္ပါသည္။ကာကြယ္ေဆး၏ အမ်ိဳးအစားမ်ားႏွင့္ အက်ိဳးအာနိသင္ ၈ ခ်က္ကို ဒုတိယပိုင္းအျဖစ္ ဆက္လက္ေရးသားပါမည္။ျမန္မာျပည္

သူမ်ားအားလုံး စည္းကမ္းေတြလိုက္နာၿပီး အျမန္ဆုံး ကိုဗစ္အႏၲရာယ္မွ ကင္းေဝးၾကပါေစ။

Add a Comment

Your email address will not be published. Required fields are marked *