သေဘေးမှ လက်မတင်လေး လွတ်မြောက်ခဲ့တဲ့အကြောင်း ပြောပြလာတဲ့ သရုပ်ဆောင် နိုင်လူ
Sharing is caring!
အနုပညာလောကမှာ နိုင်လူ လို့ပြောလိုက်ရင် မသိသူ ခပ်ရှားရှားရယ်ပါ။ လူဆိုးလူမိုက် ဗီလိန် ဇာတ်ရုပ်တွေနဲ့ လူသိများခဲ့သူ ဖြစ်ပြီး ပရိသတ်အားပေးမှု့ အခိုင်မာ ရရှိထားတဲ့ လူကြမ်းမင်းသားကြီးလဲ ဖြစ်ပါတယ်။ ဖြစ်ရပ်က ဒီလိုဗျ့
စစ်ကိုင်းလေးမျက်နှာ ဘုရားပွဲမှာသီချင်းသွားဆိုတော့ စင်အောက်က ခလေးတစ်ယောက်က လက်အုပ်လေးချီပီးတော့ ကျနော်က ဉီးနိုင်လူရဲ့ပရိသတ်ပါ။ အဖေ အမေတွေ ကလဲ ဦးနိုင်လူကို အရမ်းအားပေးကြတယ် အိမ်ကိုလိုက်ခဲ့
ပေးပါလားတဲ့။ ကျနော်ကလဲ အေးလို့ သီချင်းဆိုရင်း တန်းလန်းကြီးနဲ့ဆိုပီးရင် လိုက်ခဲ့မယ်လို့ ပြောလိုက်တယ်။ အချိန်က ည့ဆယ့်နှစ်ကျော်နေပြီ သီချင်း ဆိုပီးတော့ နှစ်နာရီရှိပြီ ဘာနဲ့သွားမှာလဲမေးတော့ ဆူပါကတ်ဆိုင်ကယ် အစု
တ်လေးနဲ့နှစ်ယောက် နောက်ကလိုက်ရတာပေါ့ ခြေနင်းပြားကမရှိဘူး ဆန့်ငင်ဆန့်ငင်နဲ့ ပါသွားလေရော။သူ့အိမ်ရောက်တော့ သူ့မိဘတွေနဲ့ မိတ်ဆက်ပေးဘာညာစကား ခဏပြောြပိးပြန်လာခဲ့တယ် သူ့အိမ်ကလဲ သိပ်မပြည့်စုံရှာပါဘူး။
ပြန်လာတော့ အချိန်ကအချိန်ကောင်း ဝိုးတဝါးမှောင်မိုက်နေပြီ။ စစ်ကိုင်း GTC တံတား နာမည်ကြီးတယ်ဆိုတာ နောက်မှသိရတာ။အဲ့ GTC တံတားရှေ့မှာ စလိုးဂုန်းရှိတယ်။ အဲ့ စလိုးဂုန်းကို ကျော်လိုက်တာ ကံတ္တရာလမ်းက ကွဲပီး
ထိုးထောင်နေတဲ့ သံခေါင်းတွေ ခြေထောက်ထဲ ထုတ်ချင်းပေါက်ဝင်သွားတယ်။ အာ့နဲ့ ညီလေး အကိုတော့ထိသွားပြီ မရတော့ဘူး ဆေးရုံသွားမှဖြစ်တော့မယ် ပြောတော့ ဟုတ်အကိုဆိုပီး ခဏဆင်းဆိုပီး ဆိုင်ကယ်နဲ့ ဝေါခနဲထွက်ပြေးသွားတာ အမှောင်ကြီး ဘယ်နေရာဘယ်ဒေသ ဆိုတာလဲမသိ ဘယ်ရောက်လို့ ဘယ်ပေါက်နေတာလဲမသိ ပရိသတ်ကိုချစ်လို့သာ လိုက်သွားတာ ကောင်းကင်မှာ ကြယ်လဲမရှိဘူး မှောက်မိုက်နေတာသွားကလဲမသွားနိုင် တရွတ်တိုက်
ကြီး ကတ္တရာလမ်းပေါ် ဆွဲရင်း ကယ်ကြပါအုံး ကယ်ကြပါအုံး ပါးစပ်ကအော်လိုက် လက်နဲ့တရွတ်ဆွဲရှေ့သွားလိုက် ခြေထောက်ကသွေးတွေကလဲ တလိမ့်လိမ့်စီးကျနေတာ ဗွက်ကိုအိုင်လို့ ခေါင်းကလဲ မူးဝေနေပြီး နောက် ၁၅ မိနစ်လောက်ဆိုသေတော့မှာ သွေးလွန်နေဆဲ လူငယ်လေးနှစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာတယ်။ အနီးနားရောက်တော့ ဓာတ်မီးနဲ့ ထိုးကြည့်တယ် ဟာ့ ဦးနိုင်လူကြီးပါလားဆိုပီး ဆိုင်ကယ်ပေါ် အမြန်ဆွဲတင်ပီး ဆေးရုံကိုပို့ပေးလို့ နို့မို
ဆို နောက် ၁၅ မိနစ်လောက်ဆိုသွေးလွန်ပြီးသေပြီပဲ။ အဲ့လိုနဲ့ သေကံမရောက် အသက်မပျောက်ခဲ့တဲ့ ဦးနိုင်လူရဲ့ ပရိသတ်ကို ချစ်မြတ်နိုးတဲ့စိတ်ဟာ အင်မတန်လေးစားဖို့ ကောင်းလွန်းပါတယ် ဦးနိုင်လူပရိသတ်တွေ ရှိသေးလာဗျာ?
Zawgyi Version
Add a Comment
Your email address will not be published.