ဦးမေတ္တာကြီး ရဲ့ ရောဂါဝေဒနာကို ပျာက်ကင်းသွားအောင် ဆေးကုသပေးနိုင်ခဲ့လို့ ဝမ်းသာကြည်နူးနေတဲ့ ထူးခန့်ကျော်

Sharing is caring!

မင်းသားကြီး ထူးခန့်ကျော်က အနုပညာနယ်ပယ်တစ်ခုမှာ အောင်မြင်မှုတွေရဲ့ ရပ်တည်ထားတဲ့သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ထူးခန့်ကျော်ဟာ အနုပညာအလုပ်တွေကို ဆယ်စုနှစ်နီးပါးမကလုပ်ကိုင်လာခဲ့ပြီး ယနေ့အချိန်ထိလည်း

ဖြည်းဖြည်းချင်း လုပ်ကိုင်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အရိုးအကြောနဲ့ဆိုင်တဲ့ ရောဂါဝေဒနာ ခံစားရတဲ့သူတွေကို မြန်မာ့ရိုးရာနဲ့ အခမဲ့ ဆေးကုသပေးနေတာ တွေ့ရပါတယ်။ သူ့ရဲ့ဆေးကုသမှုဟာ ရောဂါဝေသနာရှင်တွေရဲ့သိ သိ

သာသာ ပျောက်ကင်းတာကြောင့် လာရောက်ကုသတဲ့ သူတွေများတာ တွေ့ရပါတယ်။ ဒါ့အပြင် ထူးခန့်ကျော်က ဆေးကုသတာနဲ့ပတ်သက်ပြီး ပရိသတ်တွေကို မကြာခဏ အသိပေးဖော်ပြပေးပါသေးတယ်။ ယခုမှာဆိုရင်လည်းသူ့ဆီ

မှာ ဟာသ,သရုပ်ဆောင် ဦးမေတ္တာက လာရောက်ဆေးကုသခဲ့တယ် ဆိုတဲ့အကြောင်းလေးကို ပြောပြလာခဲ့ပါတယ်။ “အခုလိုယုံကြည်စွာဖြင့် လာရောက်ကုသပြီး မိမိခံစားနေရသော ဝေဒနာသက်သာ ပျောက်ကင်းသွားတယ်ဆိုတဲ့

ဟာသလူရွှင်တော် ဦးမေတ္တာအား အထူးပင် ကျေးဇူးတင်ပါ တယ်နော်။ အခုလို ၇ ရက်သားသမီးများရဲ့ အရိုးအကြောနှင့် ပတ်သက်သော ဝေဒနာများအား တစ်ထောင့်တစ်နေရာမှ ပါရမီဖြည့် ကုသခွင့်ရခဲ့မှုကိုလည်း အထူးပင်

ကျေးဇူးတင်ရှိပါတယ်နော်”ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ ပရိသတ်တွေလည်း ထူးခန့်ကျော်ရဲ့ ကြည်နူးစရာပုံလေးတွေကို သဘောကျမယ်လို့ ထင်မိပါတယ်။

Zawgyi Version







Add a Comment

Your email address will not be published. Required fields are marked *