မနက်ဖြန်ဖြစ်မယ့် သူဌေးလောင်းများအတွက် ထီဆုငွေ ထုတ်ရမည့် နည်းလမ်းအဆင့်ဆင့်

Sharing is caring!

မနက်ဖြန်ဖြစ်မယ့် သူဌေးလောင်းများအတွက် ထီဆုငွေ ထုတ်ရမည့် နည်းလမ်းအဆင့်ဆင့်ကို တင်ပေးလိုက်ပါတယ်နော်။ပထမအဆင့်

(၁) သန်းခေါင်စာရင်း မူရင်းပြ၍ မိတ္တူ ပေးရပါသည်။ (၂) မှတ်ပုံတင် မူရင်းပြ၍ မိတ္တူ ပေးရပါသည်။(၃) ပတ်စ်ပို့စ် ဓာတ်ပုံ ၁ ပုံ ပေး၍ အောင်ဘာလေ ထီလက်မှတ် နံပါတ်နှင့် ထီပေါက်သူ၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်တို့ကို ဖြည့်စွက် ရေးသား၍ ဝဲဖက်လက်မဖြင့် လက်ဗွေနှိပ်ပေး ရပါသည်။(၄) ထီလက်မှတ်များ၏ နောက်ကျောဖက်တွင် ဝဲဖက်လက်မ၏ လက်ဗွေနှိပ်ပြီး လက်မှတ်ထိုး ရပါသည်။

(၅) ပတ်စ်ပို့စ် ဓာတ်ပုံ ၂ ပုံ ထပ်ပေး၍ ငွေဖြူအဖြစ် ကြေငြာရန် ထပ်မံ၍ ဖောင်ဖြည့်ပြီး တံဆိပ်ခေါင်း ၃၀၀ ကျပ်တန် တစ်ခု ကပ် လျှောက်ထား ရပါမည်။ တစ်လကြာမှ တစ်ခေါက်ပြန် သွား၍ ငွေဖြူဖြစ်ကြောင်း ထောက်ခံစာ ရမည်ဟု သိရပါသည်။ (တံဆိပ်ခေါင်း ၃၀၀ ကျပ်တန်ကို အောင်ဘာလေထီဆုငွေ ထုတ်ပေးသော ၃၇ လမ်းတွင် မရောင်းပါ။ ၃၆ လမ်းသို့ သွား၍ တန်းစီ ဝယ်ရပါသည်။ တန်းမစီချင်ပါက အပြင်ဖက်၌ အန်တီတစ်ယောက် ထံ

တွင် ၅၀၀ ကျပ်ပေး၍ ဝယ်နိုင်ပါသည်။)ဒုတိယအဆင့်(၁) ပထမအဆင့် အားလုံးပြီးပါက မိမိ၏ ထီလက်မှတ် အတွက် စစ်ဆေးမှုကို ၂ နာရီခန့် စောင့်ရပါသည်။ (၂) စစ်ဆေးမှု ခံယူပြီးသောအခါ ဆုကြေးငွေအတွက် ချက်လက် မှတ် ယူရန် ဆုကြေးငွေထုတ်ပေးသောဌာနခန်းသို့ သွားရပါမည်။ (၃) ၁ နာရီခန့် ကြာလျှင် အမည်ခေါ်၍ လက်မှတ်ထိုးခိုင်းပြီး ချက်လက်မှတ် ထုတ်ပေးပါမည်။တတိယအဆင့်(၁) ဆုကြေးငွေ ချက်လက်မှတ်ကို မြန်မာ့စီးပွားရေး

ဘဏ်ခွဲ အမှတ် (၅) သို့ သွား၍ ထုတ်ယူ ရပါသည်။ (ဘဏ် (၅) သို့ ဆုကြေးငွေ ထုတ်ယူဖို့ သွားမည်ဆိုပါက နေ့လည် ၃ နာရီ မထိုးခင် အရောက်သွားမှ ထုတ်ယူနိုင်ပါသည်။ သို့မဟုတ်ပါက နောက်တစ်နေ့မှ ထုတ်ယူ ရနိုင်ပါသည်။)အထက်ပါ အဆင့်များသည် အောင်ဘာလေ ထီရုံးခွဲများတွင် မထုတ်ပေးသည့် ထီဆုကြီးများ အားလုံးအတွက် ဆုငွေ ထုတ်ပုံထုတ်နည်း ဖြစ်ပါသည်။ အားလုံးပဲ မနက်ဖြန်ကျရင် ကံကောင်းကြပါစေဗျာ။

Zawgyi Version

မနက္ျဖန္ျဖစ္မယ့္ သူေဌးေလာင္းမ်ားအတြက္ ထီဆုေငြ ထုတ္ရမည့္ နည္းလမ္းအဆင့္ဆင့္ကို တင္ေပးလိုက္ပါတယ္ေနာ္။ပထမအဆင့္

(၁) သန္းေခါင္စာရင္း မူရင္းျပ၍ မိတၱဴ ေပးရပါသည္။ (၂) မွတ္ပုံတင္ မူရင္းျပ၍ မိတၱဴ ေပးရပါသည္။(၃) ပတ္စ္ပို႔စ္ ဓာတ္ပုံ ၁ ပုံ ေပး၍ ေအာင္ဘာေလ ထီလက္မွတ္ နံပါတ္ႏွင့္ ထီေပါက္သူ၏ အမည္၊ မွတ္ပုံတင္နံပါတ္၊ ေနရပ္လိပ္စာ၊ ဆက္သြယ္ရန္ ဖုန္းနံပါတ္တို႔ကို ျဖည့္စြက္ ေရးသား၍ ဝဲဖက္လက္မျဖင့္ လက္ေဗြႏွိပ္ေပး ရပါသည္။(၄) ထီလက္မွတ္မ်ား၏ ေနာက္ေက်ာဖက္တြင္ ဝဲဖက္လက္မ၏ လက္ေဗြႏွိပ္ၿပီး လက္မွတ္ထိုး ရပါသည္။

(၅) ပတ္စ္ပို႔စ္ ဓာတ္ပုံ ၂ ပုံ ထပ္ေပး၍ ေငြျဖဴအျဖစ္ ေၾကျငာရန္ ထပ္မံ၍ ေဖာင္ျဖည့္ၿပီး တံဆိပ္ေခါင္း ၃၀၀ က်ပ္တန္ တစ္ခု ကပ္ ေလွ်ာက္ထား ရပါမည္။ တစ္လၾကာမွ တစ္ေခါက္ျပန္ သြား၍ ေငြျဖဴျဖစ္ေၾကာင္း ေထာက္ခံစာ ရမည္ဟု သိရပါသည္။ (တံဆိပ္ေခါင္း ၃၀၀ က်ပ္တန္ကို ေအာင္ဘာေလထီဆုေငြ ထုတ္ေပးေသာ ၃၇ လမ္းတြင္ မေရာင္းပါ။ ၃၆ လမ္းသို႔ သြား၍ တန္းစီ ဝယ္ရပါသည္။ တန္းမစီခ်င္ပါက အျပင္ဖက္၌ အန္တီတစ္ေယာက္ ထံ

တြင္ ၅၀၀ က်ပ္ေပး၍ ဝယ္ႏိုင္ပါသည္။)ဒုတိယအဆင့္(၁) ပထမအဆင့္ အားလုံးၿပီးပါက မိမိ၏ ထီလက္မွတ္ အတြက္ စစ္ေဆးမႈကို ၂ နာရီခန႔္ ေစာင့္ရပါသည္။ (၂) စစ္ေဆးမႈ ခံယူၿပီးေသာအခါ ဆုေၾကးေငြအတြက္ ခ်က္လက္ မွတ္ ယူရန္ ဆုေၾကးေငြထုတ္ေပးေသာဌာနခန္းသို႔ သြားရပါမည္။ (၃) ၁ နာရီခန႔္ ၾကာလွ်င္ အမည္ေခၚ၍ လက္မွတ္ထိုးခိုင္းၿပီး ခ်က္လက္မွတ္ ထုတ္ေပးပါမည္။တတိယအဆင့္(၁) ဆုေၾကးေငြ ခ်က္လက္မွတ္ကို ျမန္မာ့စီးပြားေရး

ဘဏ္ခြဲ အမွတ္ (၅) သို႔ သြား၍ ထုတ္ယူ ရပါသည္။ (ဘဏ္ (၅) သို႔ ဆုေၾကးေငြ ထုတ္ယူဖို႔ သြားမည္ဆိုပါက ေန႔လည္ ၃ နာရီ မထိုးခင္ အေရာက္သြားမွ ထုတ္ယူႏိုင္ပါသည္။ သို႔မဟုတ္ပါက ေနာက္တစ္ေန႔မွ ထုတ္ယူ ရႏိုင္ပါသည္။)အထက္ပါ အဆင့္မ်ားသည္ ေအာင္ဘာေလ ထီ႐ုံးခြဲမ်ားတြင္ မထုတ္ေပးသည့္ ထီဆုႀကီးမ်ား အားလုံးအတြက္ ဆုေငြ ထုတ္ပုံထုတ္နည္း ျဖစ္ပါသည္။ အားလုံးပဲ မနက္ျဖန္က်ရင္ ကံေကာင္းၾကပါေစဗ်ာ။

Add a Comment

Your email address will not be published. Required fields are marked *