CDM လှုပ်ရှားမှု ပါဝင်သူနှင့် ဦးဆောင် ထောက်ပံ့သူများကို ဥပဒေအရ အရေးယူမည်
|နေပြည်တော် ဖေ ၁၂
CDM လှုပ်ရှားမှုအဖြစ် ပါဝင်သည့် ဝန်ထမ်းများ နှင့် အားပေးကူညီထောက်ပံ့သူများကို တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု နစက အာဏာထိမ်းအစိုးရနှင့် နီးစပ်သူများမှ တဆင့် သိရှိရသည်။ ၎င်း CDM လှုပ်ရှားမှုတွင်
ဝန်ကြီးဌာနအချို့မှ နိုင်ငံ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်နေကြပြီး အာဏာထိမ်းအစိုးရဖြစ်တဲ့ နစက အစိုးရကို အသိအမှတ်မပြုခြင်းအဖြစ် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
ဒီသတင်းနဲ့ ပတ်သတ်ပြီး အစိုးရ တာဝန်ရှိသူအချို့ထံမှ အတည်ပြုချက်ကိုလည်း ရယူမေးမြန်းထားပါသည်။
“ဟုတ်ကဲ့ ကျွန်တော်တို့လည်း ဒီသတင်းကို ကြားပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို မိမိသက်ဆိုင်ရာ ဝန်ကြီးဌာနကနေ တစ်ဆင့် နိုင်ငံဝန်ထမ်း ဥပဒေပါ လုပ်ထုံးလုပ်နည်းတွေနဲ့
အညီ စစ်ဆေးဆောင်ရွက်သွားဖို့တော့ လုပ်နေတာတွေတော့ ရှိပါတယ် ” လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ဦးဆောင် လှုံဆော်သူ တွေကိုလည်း စစ်ဆေးအရေးယူမှုတွေလုပ်နိုင်တယ် လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာလည်း CDM ပါဝင်ခဲ့သည့် ဝန်ထမ်းများထံသို့ စုံစမ်းစစ်ဆေးရန် အကြောင်းကြားစာများ ရောက်ရှိနေပြီ ဖြစ်ကြောင်း CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဝန်ထမ်းများထံမှ သိရှိပါရသည်။
သတင်းစဉ်
AN 089
Zawgyi Version
CDM လႈပ္ရွားမႈ ပါဝင္သူနွင့္ ဦးေဆာင္ ေထာက္ပံ့သူမ်ားကို ဥပေဒအရ အေရးယူမည္
ေနျပည္ေတာ္ ေဖ ၁၂
CDM လႈပ္ရွားမႈအျဖစ္ ပါဝင္သည့္ ဝန္ထမ္းမ်ား နွင့္ အားေပးကူညီေထာက္ပ့ံသူမ်ားကို တည္ဆဲဥပေဒအရ အေရးယူသြားမည္ဟု နစက အာဏာထိမ္းအစိုးရနွင့္ နီးစပ္သူမ်ားမွ တဆင့္ သိရွိရသည္။ ၎ CDM လႈပ္ရွားမႈတြင္ ဝန္ႀကီး
ဌာနအခ်ိဳ႕မွ နိုင္ငံ့ဝန္ထမ္းမ်ား ပါဝင္ေဆာင္ရြက္ေနၾကၿပီး အာဏာထိမ္းအစိုးရျဖစ္တဲ့ နစက အစိုးရကို အသိအမွတ္မျပဳျခင္းအျဖစ္ ေဆာင္ရြက္ေနၾကျခင္း ျဖစ္သည္။
ဒီသတင္းနဲ႔ ပတ္သတ္ၿပီး အစိုးရ တာဝန္ရွိသူအခ်ိဳ႕ထံမွ အတည္ျပဳခ်က္ကိုလည္း ရယူေမးျမန္းထားပါသည္။
“ဟုတ္ကဲ့ ကြ်န္ေတာ္တို့လည္း ဒီသတင္းကို ၾကားပါတယ္။ ဒါေပမယ့္ ေလာေလာဆယ္ေတာ့ CDM မွာ ပါဝင္ခဲ့တဲ့ ဝန္ထမ္းေတြကို မိမိသက္ဆိုင္ရာ ဝန္ၾကီးဌာနကေန တစ္ဆင့္ နိုင္ငံဝန္ထမ္း ဥပေဒပါ လုပ္ထံုးလုပ္နည္းေတြနဲ႔ အညီ စစ္ေ
ဆးေဆာင္ရြက္သြားဖို႔ေတာ့ လုပ္ေနတာေတြေတာ့ ရွိပါတယ္ ” လို့ တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။ ဒါ့အျပင္ ဦးေဆာင္ လွဳံေဆာ္သူ ေတြကိုလည္း စစ္ေဆးအေရးယူမႈေတြလုပ္နုိင္တယ္ လို့ ဆိုပါတယ္။
လက္ရွိအခ်ိန္မွာလည္း CDM ပါဝင္ခဲ့သည့္ ဝန္ထမ္းမ်ားထံသို႕ စံုစမ္းစစ္ေဆးရန္ အေၾကာင္းၾကားစာမ်ား ေရာက္ရွိေနၿပီ ျဖစ္ေၾကာင္း CDM လႈပ္ရွားမႈတြင္ ပါဝင္ခဲ့သည့္ ဝန္ထမ္းမ်ားထံမွ သိရွိပါရသည္။
သတင္းစဥ္
AN 089