ကျိုက်ထီးရိုး ဆံတော်ရှင်ကို ဖူးမျှော်နိုင်ဖို့ ပြန်ဖွင့်ပေးလိုက်ပြီ (ကိုယ်တိုင်ဖူးခဲ့ပြီ)
Sharing is caring!
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကြီးဖွင့်တာလေးရက်ရှိပါပြီ။ရန်ကုန်ကနေ ဘုရားသွားဖူးလိုသူများစိတ်အေးချမ်းသာစွာ သွားဖူးလို့ ရပါတယ်။
အမြန်လမ်း ၃၉ မိုင်ကနေ ဘုရားကြီး ဘက်ကသွားပါ ကိုဗစ်စစ်ဆေးရေးတွေ မရှိပါဘူး။ကျိုက်ထို အဝင်နားမှာ တစ်နေရာစစ်ပါတယ်ရဲ နဲ့ မော်တော်ပီကယ်ပါ ။ယဉ်မောင်းအမည်ရယ် ကားပေါ်ပါ ကျား မဦးရေ ပြောပြီးရင် သွားခွင့်ပြုပါ
တယ်။ကင်ပွန်းစခန်းမှာ တောင်တက်ကားတွေ ပြန်ဆွဲပေးပါတယ် ။ အရင်ကလို တစ်တန်း ခုနှစ်ယောက်မထိုင်ရပါဘူး ကိုဗစ်ကာကွယ်ဖို့၃ ယောက်ပဲထိုင်ရပါတယ်။ mask မပါရင်ကားပေါ်တတ်ခွင့်မရှိပါဘူး ။ ကားတစ်စီး လူ ၂၀ ပြည့်
ရင် ထွက်ပေးပါတယ်။ ယဉ်စီးခ တစ်ဦး ၄၀၀၀ ကောက်ပါတယ်။ ချောင်ချောင် ချိချိ သက်တောင့်သက်သာ စီးရတာအစဉ်ပြေပါတယ်။တောင်ပေါ်မှာ တည်းခိုခန်းတွေကိုဖွင့်ထားပါတယ်။ နှစ်ယောက် အိပ်တစ်ခန်း ၂သောင်းပါ။ ရေပူ ရေေ
အး ရေချိုးခန်းအိမ်သာပါပါတယ်။ တစ်ညအိပ်မှ အစဉ်ပြေပါမယ် ရန်ကုန်တိုင်းထဲကို ည ၈ နာရီ မရောက်ခင် ပြန်ဝင်ရလို့ပါ။ ည ၈ နာရီ ရောက်ရင် တိုးဂိတ်က ပိတ်ထားပြီး နံနက် ၄ နာရီမှပေးဝင်မှာပါ။
မိတ်ဆွေများ ပျော်ပျော်ရွှင်ရွှင် ဘုရားသွားဖူးနိုင်ကြပါပြီခင်ဗျာ။🥰🥰🥰🥰
crd’
Zawgyi Version
crd’
Add a Comment
Your email address will not be published. Required fields are marked *