သားဖြစ်သူ ခြေရာ တစ်တောင် မောင်မဲခေါင် နှင့် မိခင် ဖျာလိပ်နတ် မအောင်ဖြူ တို့ရဲ့ ဘဝဇာတ်ကြောင်း
Sharing is caring!
သား ခြေရာ တစ်တောင် မောင်မဲခေါင် နှင့် မိခင်ဖြစ်သူ ဖျာလိပ်နတ် မအောင်ဖြူ တို့ရဲ့ ဘဝဇတ်ကြောင်း။ ပုဂံပြည် ကျစွာမင်းကြီး နန်းစံသော ချိ န် အခါက ဖြစ်လေသည်။ အောက်မြို့ဒေသမြို့ သုံးမြို့ကို အပိုင်စား ရသော သုံးမြို့ရှင်
သည်သာယာဝတီ မြို့ကို တည်ရာတွင် မြို့ရိုး တံတိုင်း ထူ၍ မရသောကြောင့် ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့အား မေးမြန်းလေ သည်။ ပုဏ္ဏားတို့က အောင်ပါသော တနင်္ဂနွေ သမီး တစ်ယောက်ကို ဖျာလိပ်ကိုပွေ့လျက် သံခမောက်
ဆောင်းကာ သပြေခက်ကိုနားမှာ ပန်လျက် အချိန်ခါ ကျလျှင် လာပါလိမ့် မည် ယင်းတနင်္ဂနွေ သမီးကို စတေးပါက အောင် မြင်ပါလိမ့်မည်”ဟု လျှောက်တင် ကြလေသည်။ ထိုအခါ မင်းအမိန့် အရမင်းမှုထမ်း
တို့သည် ထိုနေရာတွင် အောင်ပါသော အမျိုးသမီး လာရာအရပ်ကို စောင့်မျှော်၍ နေကြ လေသည် သုံးမြို့ရှင် ၏တူတော်စပ်သူ ပညာဗလ အမတ်သည် လူကြီး များက စေ့စပ် ပေးစားသော မြို့ဝန်သမီးကို မယူပဲ ရွာသူကြီး သမီး မ
အောင်ဖြူကို သာယူသဖြင့် မြို့ဝန်မင်းသည် ပညာဗလ အပေါ် တွင် အမျက်ထွက်ပြီး “တိုင်းပြည်ကို လုပ်ကြံ လိမ့်မည်ဟု သ တင်းလွှင့်၍ သုံးမြို့ရှင်ထံ၌ ကုန်းချော စကားကို လျှောက်ထား လေသည်။ မြို့ဝန်၏ စကားကိုယုံ ကြည်
ပြီး သုံးမြို့ရှင် ကလည်း ပညာဗလကို ဖမ်း ဆီးအကျဉ်း ချထားသည်။ ထို့ပြင် ပညာဗလ ၏နှမ “မမင်းလှ”ကိုပါ ဖမ်းဆီး သိမ်းယူရန် ကြံပြန် သည်။ မမင်းလှက ဦးရီးတော် သုံးမြို့ရှင်၏ ပြုမှု ချက်ကို မခံမရပ်နိုင် ဖြစ်ကာ ဦးရီးတော်
၏အသိ မ်း ပိုက်မခံပဲ မိမိကိုယ်ကို အသက် အောင့်၍ သေလိုက်ရာ သုံးပန်လှနတ် ဖြစ်သွား လေသည်။ယင်းသုံးပန်လှ နတ်သည် အပျိုဘဝ၌ ကွယ်လွန်သဖြင့် သမီးရည်းစား စုံတွဲ နေထိုင်မှုများ၊ အချစ်နှင့် ပတ်သက် သော
ကိစ္စများကို မကြိုက်ချေ။ မအောင်ဖြူ သည်ယင်း၏ ယောက်ျား ရာဇဝတ်သ င့်သည်ဟု ကြား၍ တွေ့ဆုံရန် လိုက်လာ ရာတွင်မြို့ပေါ်၌ ချက်ပြုတ် စားသောက်ရန် အတွက် သံဒယ်အိုး ယူဆောင် လာပြီး အပူဒဏ်ကို ကာသည့်
အနေဖြင့် ထိုသံဒယ်ကို ခေါင်းတွင် ဆောင်းကာ အိပ်ရန် အတွက် ဖျာကို လိပ်ယူပိုက်ပြီး လိုက်လာလေသည် လမ်းခရီး၌ တွေ့သော သပြေခက်အားပန်ဆင် လိုက်သည်။ ထို့ကြောင့် မအောင်ဖြူအား ထည့်သွင်းကာ စတေးလိုက်
လေသည်၊ မစတေးမီ မအောင်ဖြူက အပြစ်မရှိသော သူ့အား စတေး သည့်အတွက် သာယာဝတီ နယ်တွင် ဆင်ကောင်း မြင်းကောင်း မထွန်းကား ပါစေနှင့် ထွန်းကားခဲ့ပါကလဲ အသေဆိုး ပါစေ။ ဘုန်းကံကြီးသော ယော က်ျား မ
ပေါ်ပါစေနှင့် ပေါ်ခဲ့သည် ရှိသော် ငယ်င ယ် ရွယ်ရွယ်နှင့် အသေဆိုး ပါစေ။ မိန်းမကောင်း မထွန်း ကားပါစေနှင့် ထွန်းကားပါက ပြည့်တန် ဆာဖြစ်ပါစေ။ ကြီးပွားတိုးတက် ခြင်းလည်း မရှိကြပါစေ နှင့်ဟု ကျိန်စာဆို သွားလေ
သည်။ ထို့ပြ င်မိမိသည် လင်ကို ချစ်မြတ်နိုးရာ ဖြစ်လေရာ ဘ ဝတွင် လင်ယောက်ျားနှင့်သာ ပေါင်းသင်းရပါစေသား” ဟူ၍လဲ ဆုတောင်း သွားလေသည်။ (ထို မအောင်ဖြူ ၏ ကျိန်စာကြောင့် သာယာဝတီ နယ်သည် လူမိုက်
များ ပေါများသည်ဟု ဆိုစမှတ် ပြုကြသည်။) မအောင်ဖြူသည် စတေးခံရ၍ သေ ဆုံးသောအခါ စိတ်ကြမ်း ကိုယ်ကြမ်း ကျိန် ဆဲ၍ သေရ သောကြောင့် နောင်ဘဝတွင် ဘီလူးမ ဖြစ်သွားလေသည်။ ဘီလူးမ ဖြစ်သောအခါ ထောင်
သွင်းအကျဉ်းချ ထားခြင်း ခံရသော မိမိ ၏လင်ယောက်ျားကို တန်ခိုးဖြင့် ယူဆောင်၍ သူမပိုင် ဆိုင်ရာ နယ်ပယ် အတွင်းသို့ ခေါ်ဆောင် သွားပြီး အတူတကွ ပေါင်းသင်း နေထိုင်ကြ လေသည်။ မကြာခင် သားတစ်ယောက် မွေး
ဖွားလေသည်။
ထိုသားသည် ဘီလူးမနှင့် လူသား ညား၍ ပေါက် ဖွားလာခဲ့ သောကြောင့် ခွန်အားဗလ ကြီးမားကာ အရွယ်ရောက် ချိန်တွင် ခြေဖဝါးသည် တစ်တော င်ခန့်ရှိ၍ ယင်းကို ခြေရာတစ်တောင် မောင်မဲခေါ င်ဟု ခေါ်တွင် လေသည်။
ဆင်ကိုပင် ဖမ်း၍ အစွယ်ကို ချိုးနိုင်သော ခွန်အားဗလ စွမ်းရည် သတ္တိနှင့်လည်း ပြည့်စုံလေသည်။ မောင်မဲခေါင် သည် ဖခင်၏ ပြောပြချက်အရ လူသားများ နေထိုင်ရာကို သွားချင်လှ သည်က တစ်ကြောင်း၊ မတော်ကလည်း
ဘီလူးမ ဖြစ်နေသည်က တစ်ကြောင်းတို့ကြောင့် ထိုနေရာတွင် နေလိုစိတ် မရှိပေ၊ တစ်နေ့တွင် မယ်တော် ပြင်ပထွက်၍ အစာရှာ နေခိုက် ဖ ခင်ကို ထမ်း၍ ထွက်ပြေး လေသည်။ မယ်တော်ဘီလူးမ ကလည်း ပြန်ရောက်၍ သိ
လျှင် သိချင်း လိုက်လေရာ သူပိုင်သော နယ်ပယ်ကို ကျော်သွားပြီဖြစ်သည့် အတွက် ဆက်လက် မလိုက်နိုင်တော့ပဲ သားနှင့် လင်တွက် အပူမီးတောက် လောင်ကာ ရင်ကွဲနာကျပြီး သေဆုံးလေသည်။ ဘီလူးမ ဘဝမှ သေဆုံးစဉ်
ကို စိတ်စောနေ၍ လူ့ ဘဝ မအောင်ဖြူဖြစ်စဉ်က ကျန်ရစ်ခဲ့ သောဖျာလိပ်ကို သတိရစွဲလမ်းချက် ဥပါဒါန်ကြောင့် ဖျာလိပ်နတ် မအော င်ဖြူ ဖြစ်လာ လေ သည်။ ဖျာလိပ်နတ် မအောင်ဖြူသည် လင်နှင့်သားကို စိတ်နာသော ကြောင့်
သူ မကို တင်မြှောက် ပသသောအခါ ယောက်ျားများ ကိုင်တွယ် ပူဇော်ပသခြင်း မပြုရပေ။ မိန်းမများသာပူဇော် ပသရသည်။ ဖျာလိပ်နတ် မအောင်ဖြူတင်မြှောက် ရာတွင် ကန်တော့ပွဲ၌ ထည့်ရိုး ထုံးစံဖြစ်ေ အုန်း၊
ငှက်ပျောကို ထည့်ပြီး ပွဲရှေ့၌ ဖျာလိ ပ်သစ်တွင် ထဘီ၊ အင်္ကျီ၊ ဆံစု၊ ဘီးစသည်ဖြင့်လူ ကဲ့သို့ ဝတ်ဆင်လျက် ကျောက်ပြင် သနပ်ခါးတုံး၊မှန်တို့ဖြင့် အဆင်သင့် ထားပေးရ သည် အပျိုအ ရွယ် မိန်းမပျို ကလေးများ ဆုံမိကြ
သည့်အခါ မိ မိရည်မှန်း ထားသူနှင့် ပေါင်းသင်းရ မှုမှန်ပါ လျှင် မအောင်ဖြူ သခင်မကြီးက ဘယ်နှစ်ချက် ရိုက်ပြတော်မူပါဟု အပျော်ပါး ရယ်စရာ မေးမြန်းကြလေ့ရှိသည်။ အမျိုးသမီး လောကတွင် ထင်ရှားသော နတ်တစ်ပါး ဖြစ်
လေသည်။ မအောင်ဖြူန တ်ဝင်ပါက ဖျာလိပ် ဘယ်ညာယိမ်း ပြသည်ဟု ယုံကြည် ကြလေသည်။ ကြို့ပင်ကောက် မြို့သို့ ကြုံတုန်းကြုံခိုက် ရောက်ရှိပါက သွားရောက်လေ့လာနိုင်ပါကြောင်း ဖိတ်ခေါ်အပ် ပါသည်ခင် ဗျား ကိုယ်တိုင်
သွားရောက် လေ့လာရသလောက် မျှဝေခြင်းပါ။
စစ်သွေး သစ္စာ (စစ်သည် တော်ဟောင်းတစ်ဦး) လေးစားစွာဖြင့် ခရက်ဒစ်
Zawgyi Version
ဖွားလေသည်။
Add a Comment
Your email address will not be published. Required fields are marked *