သမ္မတ ဘိုင်ဒန်က မြန်မာကို အရေးယူဖို့ ကုလကို ပြောပြီ
|ခေါင်းစဉ်ထဲကအတိုင်းပါပဲ မတ်လ ၁၈ ရက်နေ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင်နိုင်ငံတွေရဲ့
ကိုယ်စားလှယ်တွေနဲ့ အွန်လိုင်းဆွေးနွေးပွဲမှာအရေးယူဖို့ပြောခဲ့တဲ့ ၅ နိုင်ငံမှာ မြန်မာနိုင်ငံဟာထိပ်ဆုံးက ပါဝင်နေပါတယ်။
အစီအစဉ်အတိုင်းပြောရရင် မြန်မာ၊ အီသီယိုပီးယား၊ လစ်ဗျား၊ဆီးရီးယားနဲ့ ယီမင်တို့ ဖြစ်ပါတယ်။
အားလုံးမျှော်လင့်ခဲ့ကြတဲ့အတိုင်း အမေရိကားဟာကမ္ဘာ့ဇာတ်ခုံပေါ်မှာ ပိုမိုခိုင်မာစွာ ဦးဆောင်လာတာဟာသမ္မတဂျိုးဘိုင်ဒင် ရုံးခန်းထိုင်ပြီးကတည်းကပြောခဲ့တဲ့စကားတွေကို အကောင်အထည်
ဖော်လာတာတွေထဲက တစ်ခုအပါအဝင်ပါ။ပိုထူးခြားတာက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဥက္ကဌနေရာကို လဆန်းကမှ လတ်လတ်ဆတ်ဆတ်ကြီး
လက်ခံထားခဲ့တဲ့ အမေရိကားရဲ့ နိုင်ငံခြားရေးမူဝါဒတွေဟာ အခုလက်ရှိ မြန်မာ့စစ်အာဏာရှင်ဖြုတ်ချရေးမှာ မြန်မြန်ဆန်ဆန် အရေးယူပေးဖို့
မြန်မာ့တော်လှန်ရေးသမားတွေက တပြိုင်တည်းတောင်းဆိုနေတဲ့အချိန်လည်း ဖြစ်ပါတယ်။
ကိုးကား-WH.Gov
Crd _ Khin Nan Soe
Zawgyi Version
ကိုးကား-WH.Gov
Crd _ Khin Nan Soe