မကြာခင်ပေါ်ပေါက်တော့မည့်.. ဖက်ဒရယ် တပ်မတော်ကြီး..
|အောကျတှငျ ယူနီကုတျဖွင့ျလညျး ရေးသားဖောျပွထားပါသညျ။ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဖက်ဒရယ် ပြည်ထောင်စုကြီးနဲ့ဖက်ဒရယ် တပ်မတော်ကြီးမကြာခင် ပေါ်ပေါက်လာပါတော့မည်ဟုဒီနေ့ကြေညာသွားခဲ့ပါတယ်။
ဒါ့အပြင် ဒေါက်တာဆာဆာကလည်း မကြာခင်ကပဲပြောသွားတယ်။ ဖက်ဒရယ်တပ်မတော်အတွက်မဟာဗျူဟာတွေ ရေးဆွဲနေပြီး မကြာခင်ပေါ်ပေါက်လာပါတော့မယ်တဲ့ …
ဒီနေ့မှာ ဖဒရယ် တပ်မတော်အလံနဲ့ ဖက်ဒရယ်တပ်မတော် အခြေခံမူ ၇ ချက် လိုင်းပေါ်ရောက်လာတာတွေ့ရတယ်။
အလံမှာ YTZ Graphic Design & Photography မှဖန်တီးထားတဲ့ အဆိုပြုတံဆိပ်ဖြစ်ပါတယ်။
ထို့ကြောင့် အတည်မဟုတ်သေးသော်လည်း များမကြာမီတကယ့် ဖက်ဒရယ်တပ်မတော် အလံ ပေါ်ထွက်လာတော့မည့်ပထမဆုံးခြေလှမ်းဦးဖြစ်ပါသည်။
ယခု အဆိုပြုအလံတွင် ကြယ် ၁၄ လုံး၊ မြန်မာနိုင်ငံမြေပုံဒိုင်းကာနှင့် ဖက်ဒရယ်အခြေခံမူ ၇ ချက်ကို ပေါင်းစပ်ကာရေးဆွဲထားခြင်းဖြစ်ပါသည်။ဖက်ဒရယ်တပ်၏ အခြေခံ (၇)ချက်မှာ –
၁။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်၏အချုပ်အခြာနှင့် နယ်မြေများကို ကာကွယ်ရန်
၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်၏ အရပ်သားအစိုးရမှ ပေးအပ်သော တာဝန်များကို ထမ်းဆောင်ရန်
၃။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်အတွင်းရှိပြည်သူလူထုများအားလုံးအား ကာကွယ်စောင့်ရှောက်မှုပေးရန်
၄။ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်
၅။ မည်သည့် နိုင်ငံရေးပါတီ၊ အစုအဖွဲ့ သို့မဟုတ်မည်သည့် ပုဂ္ဂိုလ် ၏ ဩဇာလွှမ်းမိုးခြင်းမှ ကင်းလွှတ်ရန် )
၆။ လူ့အခွင့်အရေး၊ ဥပဒေနှင့် ကိုယ်ကျင့်တရားများကို အခြေခံသော ကျင့်ဝတ်များနှင့် စံတန်ဖိုးများကို လိုက်နာကျင့်သုံးရန်
၇။ လူမျိုး၊ ဘာသာ၊ အသားအရည်၊ လိင်နှင့် လိင်စိတ်ကွဲပြားမှုအပေါ် မည်သည့် ခွဲခြားဆက်ဆံမှုမျိုးမဆို ဆန့်ကျင်ရန်စသည်တို့ ပါရှိပါသည်။
ယခု အဆိုပြု logo/seal ဖန်တီးပြုလုပ်သူကိုလည်း လေးစားစွာ ကျေးဇူးတင်အပ်သည်။များမကြာမှီတွင်လည်း ပြည်သူတွေ
မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ်တပ်မတော်လက်မောင်းတံဆိပ်တပ်ထားတဲ့ စစ်သည်တွေမြို့တွေရွာတွေမှာ ပေါ်ပေါက်လာပါတော့မည်မှာမလွဲဧကန်ပင် ဖြစ်ပါကြောင်း…
Source : YTZ Graphic Design & Photography
Zawgyi Version