ပိုက်ဆံမထည့်ရင် မီးမလာတဲ့ လောက်ကိုင်က EPC စနစ်
|ဒီရက်ပိုင်းအတွင်း မီတာခတွေ ပေးသွင်းဖို့ စလစ်ရတဲ့အခါမှာ မီတာခတွေဟာ အစိုးရက ၁၅၀ ယူနစ် အလကားပေးတာတောင်ယခင်ကထက် ပိုမိုကျသင့်နေတာကြောင့် အများပြည်သူကြားမှာ ပွက်လောရိုက်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ EPC က သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုယ်တိုင် သတင်းစာရှင်းလင်းပွဲတွေ လုပ်ခဲ့ရသလို ၊ မီတာဖတ် စာရေးတွေရဲ့ ခန့်မှန်းကောက်ခံမှုတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဝန်ခံခဲ့ရတာတွေလည်း ရှိပါတယ်။
ဒီတော့ ဒီလိုမျိုး ပြည်သူနဲ့ အစိုးရအကြား ယုံမှား သံသယတွေ မရှိရအောင် လောက်ကိုင်က ကဒ်ထိုး မီတာစနစ်အကြောင်း ပြော ပြချင်ပါတယ်။
သူတို့မှာ မီတာဘေးမှာ Smart Card တစ်ခု ပါဝင်ပါတယ်။ အဲ့ဒီ Smart Card နဲ့ ငွေကြိုသွင်းရပါတယ်။ ဘာမီတာဖတ်စာရေးမှ မလိုပါဘူး။ ခန့်မှန်းကောက်ခံတယ်ဆိုတဲ့ ပြဿနာ လည်း မရှိပါဘူး။
Smart Card ထဲ ငွေကုန်သွားရင် မီးမလင်းတော့ပါဘူး။ ဒါဆို မီတာရုံးသွားပြီးတော့ ဘေးလ်ဖြည့် ပြန်သုံးယုံပါပဲ။
EPC ကြုံနေရတဲ့ မီတာဖတ်စာရေး မလုံလောက်မှု ကိုလည်း ကုစားရာရောက်ပါတယ်။ လုပ်သားအင်အားလည်း အများကြီးလျှော့ချနိုင်သလို ၊ အထက်မှာ ပြောခဲ့သလို ခန့်မှန်းကောက်တာတွေ ၊ ပြည်သူတွေမကျေနပ်ရင် တိုင်ပေါ်တက်ဖတ် ဆိုတာတွေ မရှိတော့ပါဘူး။
တော်တော်လေး အဆင်ပြေတဲ့နည်းမို့ အားလုံးသိရှိနိုင်အောင် မျှဝေပေးလိုက်ရပါတယ်။
Zawgyi Version