နှင်းဆီပန်းတွေ ဝေေ၀ဆာဆာပွင့်စေတဲ့ လျှို့ဝှက်ချက်

Sharing is caring!

နှင်းဆီပန်းတွေ ထွားထွားကြီးပွင့်စေဖို့ ဆားခါး ( Epsom Salt ) ကို အသုံးပြုကြပါတယ်တဲ့ ။ဆားခါးကို နှင်းဆီပန်းစိုက်ပျိုးသူတွေက လွန်ခဲ့တဲ့နှစ်ရှည်ကာလတွေထဲက အသုံးပြုခဲ့ကြပါတယ် ။ ဆားခါးမှာ အပင်အတွက် မရှိမဖြစ်

လိုအပ်တဲ့မဂ္ဂနီဆီယမ်နဲ့ ဆာလဖာလို့ခေါ်တဲ့ ကန့်ဓာတ်တွေပါဝင်ပါတယ် ။ဆားခါးဟာ နှင်းဆီပင်တွေကို အပွင့်ကြီးကြီးတွေပွင့်စေဖို့ ကူညီရုံမျှမက အပင်ခြေကနေပင်စည်အသစ်တွေကြီးထွားဖို့ကိုလည်းထိရောက်စွာ အထေ

ာက်အကူပေးပါတယ် ။

ဒါ့အပြင် အရွက်တွေ ပိုမိုရင့်မှောင်စေဖို့အတွက်ကလိုရိုဖီးလ်ကိုလည်း တိုးမြှင့်ထုတ်လုပ်ပေးပါတယ် ။သီးနှံစိုက်ပျိုးရေးမှာ ဆားခါးကို အသုံးပြုခြင်းအားဖြင့်မျိုးစေ့တွေကို အညှောင့်ပေါက်ကောင်းမွန်စေခြင်း၊အပင်အတွက် လိုအပ်တဲ့

အာဟာရ ဓာတ် စုပ်ယူမှုကိုတိုးမြှင့်စေခြင်း၊ အသီးအပွင့်ဖြစ်ပေါ်မှုကို အားပေးခြင်း၊အရွက်များကို ပိုမိုစိမ်းစိုစေခြင်း၊ ပိုးမွှား ကျရောက်ဖျက်ဆီးမှုကို ဟန့်တားပေးခြင်း၊အသီးအရသာကို ပိုမိုကောင်းမွန်စေခြင်း ၊အပင်ကြီးထွားမှု

မြန်ဆန် စေခြင်းစတဲ့အကျိုးကျေးဇူးတွေကို ရရှိစေပါတယ် ။

ဒီလိုပဲ နှင်းဆီစိုက်ပျိုးရေးမှာ ဆားခါးအသုံးပြုခြင်းအားဖြင့် အပင်တွေကို ပိုမိုစိမ်းလန်းစေပြီး၊ပန်းပွင့်များများပွင့်စေတဲ့အပြင်ပန်းပွင့်အရောင်အသွေးတွေကိုလည်း ပိုမို တောက်ပစေပါတယ် ။ဒါ့အပြင် ပန်းပွင့်အရွယ်အစားကိုလည်း ပိုမို

ကြီးမားစေပြီးနှင်းဆီပင်အတွက် အကျိုးပြုပေးတဲ့ ဆားခါး အသုံးပြုခြင်းကို မျှဝေပေးလိုက်ပါတယ် ။

စတင်စိုက်ပျိုးချိန် မြေခံမှာကတည်းကအသုံးပြုနိုင်ပါတယ် ။ဆားခါးလက်တစ်ဆုပ်စာသာသာခန့်ကို အပင်စိုက်ပျိုးမယ့်ကျင်းတစ်ဝိုက်မှာ ကြဲပြီး မြေဆွပေးပါ ။ဒါမှမဟုတ် စိုက်ကျင်းထဲမှာ ဆားခါး စားပွဲတင်ဇွန်း (၁)ဇွန်း၊ နွားချေ း၊

မြေ ဆွေးကို ကျင်းစာကျွေးထားပြီး အပင်စိုက်ပျိုးလို့လည်း ရပါတယ် ။

ဆားခါးစားပွဲတင်ဇွန်း (၁)ဇွန်းကို ရေ(၁)ဂါလံထဲဖျော်ပြီးအမြစ်စိမ်စိုက်ပျိုးနိုင်ပါတယ် ။စိုက်ပျိုးပြီးတဲ့ နှင်းဆီပင်မှာ အတက်သစ်လေးတွေထွက်လာတဲ့အချိန် ၊ ပြီးတော့ပန်းစပွင့်တဲ့အချိန်တွေမှာကျွေးပေးပါ ။

တစ်ပေပတ်လည်မှာ စားပွဲတင်ဇွန်း (၁)ဇွန်းကို (၂)ပတ်တစ်ကြိမ်နှုန်းနဲ့ ကျွေးနိုင်ပါတယ်။ ဒီလို ကျွေးပြီးသွားရင် ရေဝအောင်လောင်းပေးဖို့လိုပါတယ် ။ဒါမှသာ အာဟာရဓာတ်တွေ ကောင်းကောင်း ပျော်ဝင်ပြီး

အပင်လည်း ကောင်းကောင်းစုပ်ယူနိုင်မှာဖြစ်ပါတယ် ။

ရွက်ဖြန်းအနေနဲ့ အသုံးပြုချင်ရင်တော့ ဆားခါး စားပွဲတင်ဇွန်း (၁)ဇွန်းကို ရေ(၁)ဂါလံထဲဖျော်ပြီးအပင်ခြေမှ (၁)ပေအမြင့်အတွင်းမှာပက်ဖျန်းပေးနိုင်ပါတယ် ။ဒါ့အပြင် အရွက်တွေ ကြီးထွားဖွံဖြိုးချိန်နဲ့ပန်းစပွင့်တဲ့အချိန်တွေမှာ ရွက်ဖြန်း

အနေနဲ့ ပက်ဖြန်း အသုံးပြုနိုင်ပါတယ် ။

ဆားခါးကို အလွန်အကျွံသုံးစွဲမိတယ်ဆိုတာမျိုးမဖြစ်နိုင်သလောက် ဆားခါးဟာ မျှတတဲ့ pH ရှိတာကြောင့် မြေဆီလွှာကိုမထိခိုက်စေနိုင်ပါ ။နှင်းဆီပန်းပွင့်တဲ့အချိန်မှာ အရွက်မျက်နှာပြင်တွေမှာအဝါရောင်အစက်အပြောက်လေးတွေ ဆိုး

ဆိုးဝါးဝါးဖြစ်နေတာကို တွေ့ဖူးမှာပါ ။ဒါက အပင်မှာ မဂ္ဂနီဆီယမ်ချို့တဲ့တဲ့ လက္ခဏာဖြစ်ပါတယ် ။

ဒီလိုပြဿနာတွေကိုလည်း ဆားခါးအသုံးပြုပြီးတော့ဖြေရှင်းနိုင်မှာဖြစ်ပါတယ် ။

credit ;

Zawgyi Version

ႏွင္းဆီပန္းေတြ ထြားထြားႀကီးပြင့္ေစဖို႔ ဆားခါး ( Epsom Salt ) ကို အသုံးျပဳၾကပါတယ္တဲ့ ။ဆားခါးကို ႏွင္းဆီပန္းစိုက္ပ်ိဳးသူေတြက လြန္ခဲ့တဲ့ႏွစ္ရွည္ကာလေတြထဲက အသုံးျပဳခဲ့ၾကပါတယ္ ။ ဆားခါးမွာ အပင္အတြက္ မရွိမျဖစ္

လိုအပ္တဲ့မဂၢနီဆီယမ္နဲ႔ ဆာလဖာလို႔ေခၚတဲ့ ကန႔္ဓာတ္ေတြပါဝင္ပါတယ္ ။ဆားခါးဟာ ႏွင္းဆီပင္ေတြကို အပြင့္ႀကီးႀကီးေတြပြင့္ေစဖို႔ ကူညီ႐ုံမွ်မက အပင္ေျခကေနပင္စည္အသစ္ေတြႀကီးထြားဖို႔ကိုလည္းထိေရာက္စြာ အေထ

ာက္အကူေပးပါတယ္ ။

ဒါ့အျပင္ အ႐ြက္ေတြ ပိုမိုရင့္ေမွာင္ေစဖို႔အတြက္ကလို႐ိုဖီးလ္ကိုလည္း တိုးျမႇင့္ထုတ္လုပ္ေပးပါတယ္ ။သီးႏွံစိုက္ပ်ိဳးေရးမွာ ဆားခါးကို အသုံးျပဳျခင္းအားျဖင့္မ်ိဳးေစ့ေတြကို အေညႇာင့္ေပါက္ေကာင္းမြန္ေစျခင္း၊အပင္အတြက္ လိုအပ္တဲ့

အာဟာရ ဓာတ္ စုပ္ယူမႈကိုတိုးျမႇင့္ေစျခင္း၊ အသီးအပြင့္ျဖစ္ေပၚမႈကို အားေပးျခင္း၊အ႐ြက္မ်ားကို ပိုမိုစိမ္းစိုေစျခင္း၊ ပိုးမႊား က်ေရာက္ဖ်က္ဆီးမႈကို ဟန႔္တားေပးျခင္း၊အသီးအရသာကို ပိုမိုေကာင္းမြန္ေစျခင္း ၊အပင္ႀကီးထြားမႈ

ျမန္ဆန္ ေစျခင္းစတဲ့အက်ိဳးေက်းဇူးေတြကို ရရွိေစပါတယ္ ။

ဒီလိုပဲ ႏွင္းဆီစိုက္ပ်ိဳးေရးမွာ ဆားခါးအသုံးျပဳျခင္းအားျဖင့္ အပင္ေတြကို ပိုမိုစိမ္းလန္းေစၿပီး၊ပန္းပြင့္မ်ားမ်ားပြင့္ေစတဲ့အျပင္ပန္းပြင့္အေရာင္အေသြးေတြကိုလည္း ပိုမို ေတာက္ပေစပါတယ္ ။ဒါ့အျပင္ ပန္းပြင့္အ႐ြယ္အစားကိုလည္း ပိုမို

ႀကီးမားေစၿပီးႏွင္းဆီပင္အတြက္ အက်ိဳးျပဳေပးတဲ့ ဆားခါး အသုံးျပဳျခင္းကို မွ်ေဝေပးလိုက္ပါတယ္ ။

စတင္စိုက္ပ်ိဳးခ်ိန္ ေျမခံမွာကတည္းကအသုံးျပဳႏိုင္ပါတယ္ ။ဆားခါးလက္တစ္ဆုပ္စာသာသာခန႔္ကို အပင္စိုက္ပ်ိဳးမယ့္က်င္းတစ္ဝိုက္မွာ ႀကဲၿပီး ေျမဆြေပးပါ ။ဒါမွမဟုတ္ စိုက္က်င္းထဲမွာ ဆားခါး စားပြဲတင္ဇြန္း (၁)ဇြန္း၊ ႏြားေခ် း၊

ေျမ ေဆြးကို က်င္းစာေကြၽးထားၿပီး အပင္စိုက္ပ်ိဳးလို႔လည္း ရပါတယ္ ။

ဆားခါးစားပြဲတင္ဇြန္း (၁)ဇြန္းကို ေရ(၁)ဂါလံထဲေဖ်ာ္ၿပီးအျမစ္စိမ္စိုက္ပ်ိဳးႏိုင္ပါတယ္ ။စိုက္ပ်ိဳးၿပီးတဲ့ ႏွင္းဆီပင္မွာ အတက္သစ္ေလးေတြထြက္လာတဲ့အခ်ိန္ ၊ ၿပီးေတာ့ပန္းစပြင့္တဲ့အခ်ိန္ေတြမွာေကြၽးေပးပါ ။

တစ္ေပပတ္လည္မွာ စားပြဲတင္ဇြန္း (၁)ဇြန္းကို (၂)ပတ္တစ္ႀကိမ္ႏႈန္းနဲ႔ ေကြၽးႏိုင္ပါတယ္။ ဒီလို ေကြၽးၿပီးသြားရင္ ေရဝေအာင္ေလာင္းေပးဖို႔လိုပါတယ္ ။ဒါမွသာ အာဟာရဓာတ္ေတြ ေကာင္းေကာင္း ေပ်ာ္ဝင္ၿပီး

အပင္လည္း ေကာင္းေကာင္းစုပ္ယူႏိုင္မွာျဖစ္ပါတယ္ ။

႐ြက္ျဖန္းအေနနဲ႔ အသုံးျပဳခ်င္ရင္ေတာ့ ဆားခါး စားပြဲတင္ဇြန္း (၁)ဇြန္းကို ေရ(၁)ဂါလံထဲေဖ်ာ္ၿပီးအပင္ေျခမွ (၁)ေပအျမင့္အတြင္းမွာပက္ဖ်န္းေပးႏိုင္ပါတယ္ ။ဒါ့အျပင္ အ႐ြက္ေတြ ႀကီးထြားဖြံၿဖိဳးခ်ိန္နဲ႔ပန္းစပြင့္တဲ့အခ်ိန္ေတြမွာ ႐ြက္ျဖန္း

အေနနဲ႔ ပက္ျဖန္း အသုံးျပဳႏိုင္ပါတယ္ ။

ဆားခါးကို အလြန္အကြၽံသုံးစြဲမိတယ္ဆိုတာမ်ိဳးမျဖစ္ႏိုင္သေလာက္ ဆားခါးဟာ မွ်တတဲ့ pH ရွိတာေၾကာင့္ ေျမဆီလႊာကိုမထိခိုက္ေစႏိုင္ပါ ။ႏွင္းဆီပန္းပြင့္တဲ့အခ်ိန္မွာ အ႐ြက္မ်က္ႏွာျပင္ေတြမွာအဝါေရာင္အစက္အေျပာက္ေလးေတြ ဆိုး

ဆိုးဝါးဝါးျဖစ္ေနတာကို ေတြ႕ဖူးမွာပါ ။ဒါက အပင္မွာ မဂၢနီဆီယမ္ခ်ိဳ႕တဲ့တဲ့ လကၡဏာျဖစ္ပါတယ္ ။

ဒီလိုျပႆနာေတြကိုလည္း ဆားခါးအသုံးျပဳၿပီးေတာ့ေျဖရွင္းႏိုင္မွာျဖစ္ပါတယ္ ။

credit ;

Add a Comment

Your email address will not be published. Required fields are marked *