ထူးထူးခြားခြား ယနေ့နှစ်ဆန်း ၁ ရက် ညမှာ လ ကို ကြယ်ဖောက်မည်
|လာမယ့် ၂၀၂၁ ခုနှစ် ဧပြီလ (၁၇) ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) မှာတော့ အင်မတန်ထူးခြားတဲ့ အာကာသဖြစ်စဉ်တစ်ခုကို မြန်မာနိုင်ငံမှ မျက်ဝါးထင်ထင် တွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ အင်္ဂါဂြိုဟ် (မားစ်) ကို
လမင်း (တန်ခူးလဆန်းလ) မှ ဖုံးကွယ်သွားခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် လ ကို ဂြိုဟ်/ (ကြယ်) ဖောက်ခြင်း လို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။အင်္ဂါဂြိုဟ်ဟာ အနီရောင်အဆင်းရှိပါတယ်။ ဒါဟာ သူ့မှာပါဝင်ဖွဲ့စည်းထား
တဲ့ သံဓါတ် (အိုင်းယွန်းအောက်ဆိုဒ်) ကြွယ်ဝသော မြေသားများကြောင့် ဖြစ်ပါတယ်။ “အင်္ဂါ” ရဲ့ အဓိပ္ပါယ်ဟာ “မီးကျီးခဲ” ဖြစ်တယ်လို့ ဆရာဦးဘိုးလတ်ရဲ့ မြန်မာစာပေများမှာ မှတ်သားဖူးပါတယ်။ မီးကျီးခဲလို အပူဓါတ်ရှိပြီး
အနီရောင်သန်းခြင်းကြောင့်လို့ ထင်ပါတယ်။ အနောက်တိုင်း နက္ခတ္တဗေဒမှာတော့ အနီရောင်ဟာ သွေးနဲ့ တူတဲ့အတွက် စစ်နတ်ဘုရားရဲ့အမည် MARS (မားစ်) လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။၁၃၈၃ ခု မြန်မာနှစ်ဆန်း
(၁) ရက်နေ့ (၂၀၂၁ ခု ဧပြီလ ၁၇ ရက်) စနေနေ့ညမှာတော့ လမင်း (လခြမ်း) ဟာ အင်္ဂါဂြိုဟ်ကို ခေတ္တခဏ ဖုံးကွယ်သွားမှာဖြစ်ပြီး အဆိုပါဖြစ်စဉ်ကိုတော့ ထိုင်း နဲ့ မြန်မာနိုင်ငံတို့မှာ အကောင်းဆုံး မြင်တွေ့ရမှာဖြစ်ပါတယ်။
(မြေပုံ)။ လရဲ့ လင်းနေတဲ့ အခြမ်းဟာ နေရှိတဲ့ဘက်ကို ညွှန်ပြပါတယ်။ လဟာ အဝိုင်းကြီးဖြစ်တဲ့အတွက် မှောင်နေတဲ့အခြမ်းဘက်မှာလည်း လ ရှိနေတယ်ဆိုတာ သတိပြုနိုင်ပါတယ်။ အင်္ဂါဂြိုဟ်ဟာ လရဲ့ မှောင်နေတဲ့အခြမ်းဖက်ကို
ည ၇ နာရီ ၃၆ မိနစ်မှာ စတင်ဝင်ရောက်မှာဖြစ်ပြီး..၊ လင်းနေတဲ့ အခြမ်းဖက်ကနေ ည ၈ နာရီ ၅၁ မိနစ်မှာ ပြန်ထွက်ပေါ်လာမှာဖြစ်ပါတယ်။ အနောက်ဘက်အရပ်ကို ကြည့်ပါ။လ နဲ့ အင်္ဂါဂြိုဟ်တို့ တွေ့ဆုံမည့် နေရာကတော့
ပြဿရာသီ (Taurus) ကြယ်စုများ ရှိမယ့် နေရာပဲ ဖြစ်ပါတယ်။ အင်မတန်ထူးခြားတဲ့ (တနည်း) မြင်ရခဲတဲ့ အရာဖြစ်ပြီး အင်မတန် ထူးခြားတဲ့ နှစ်ဆန်း (၁) ရက်နေ့နှင့်လည်း တိုက်ဆိုင်လို့နေပါတယ်။ ၁၃၈၃ ခုနှစ်ဟာ ထူးခြားမှု
တွေ ဖြစ်လာနိုင်မယ့်နှစ်လို့သာ သုံးသပ်မိပါတော့တယ်။အာကာသဝါသနာရှင်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
Zawgyi Version
လာမယ့္ ၂၀၂၁ ခုႏွစ္ ဧၿပီလ (၁၇) ရက္ (ျမန္မာႏွစ္ဆန္း ၁ ရက္ေန႔) မွာေတာ့ အင္မတန္ထူးျခားတဲ့ အာကာသျဖစ္စဥ္တစ္ခုကို ျမန္မာႏိုင္ငံမွ မ်က္ဝါးထင္ထင္ ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ အဲ့ဒါကေတာ့ အဂၤါၿဂိဳဟ္ (မားစ္) ကို
လမင္း (တန္ခူးလဆန္းလ) မွ ဖုံးကြယ္သြားျခင္း ျဖစ္ပါတယ္။ တနည္းအားျဖင့္ လ ကို ၿဂိဳဟ္/ (ၾကယ္) ေဖာက္ျခင္း လို႔လည္း ဆိုႏိုင္မယ္ ထင္ပါတယ္။အဂၤါၿဂိဳဟ္ဟာ အနီေရာင္အဆင္းရွိပါတယ္။ ဒါဟာ သူ႔မွာပါဝင္ဖြဲ႕စည္းထား
တဲ့ သံဓါတ္ (အိုင္းယြန္းေအာက္ဆိုဒ္) ႂကြယ္ဝေသာ ေျမသားမ်ားေၾကာင့္ ျဖစ္ပါတယ္။ “အဂၤါ” ရဲ႕ အဓိပၸါယ္ဟာ “မီးက်ီးခဲ” ျဖစ္တယ္လို႔ ဆရာဦးဘိုးလတ္ရဲ႕ ျမန္မာစာေပမ်ားမွာ မွတ္သားဖူးပါတယ္။ မီးက်ီးခဲလို အပူဓါတ္ရွိၿပီး
အနီေရာင္သန္းျခင္းေၾကာင့္လို႔ ထင္ပါတယ္။ အေနာက္တိုင္း နကၡတၱေဗဒမွာေတာ့ အနီေရာင္ဟာ ေသြးနဲ႔ တူတဲ့အတြက္ စစ္နတ္ဘုရားရဲ႕အမည္ MARS (မားစ္) လို႔ အမည္ေပးထားျခင္း ျဖစ္ပါတယ္။၁၃၈၃ ခု ျမန္မာႏွစ္ဆန္း
(၁) ရက္ေန႔ (၂၀၂၁ ခု ဧၿပီလ ၁၇ ရက္) စေနေန႔ညမွာေတာ့ လမင္း (လျခမ္း) ဟာ အဂၤါၿဂိဳဟ္ကို ေခတၱခဏ ဖုံးကြယ္သြားမွာျဖစ္ၿပီး အဆိုပါျဖစ္စဥ္ကိုေတာ့ ထိုင္း နဲ႔ ျမန္မာႏိုင္ငံတို႔မွာ အေကာင္းဆုံး ျမင္ေတြ႕ရမွာျဖစ္ပါတယ္။
(ေျမပုံ)။ လရဲ႕ လင္းေနတဲ့ အျခမ္းဟာ ေနရွိတဲ့ဘက္ကို ၫႊန္ျပပါတယ္။ လဟာ အဝိုင္းႀကီးျဖစ္တဲ့အတြက္ ေမွာင္ေနတဲ့အျခမ္းဘက္မွာလည္း လ ရွိေနတယ္ဆိုတာ သတိျပဳႏိုင္ပါတယ္။ အဂၤါၿဂိဳဟ္ဟာ လရဲ႕ ေမွာင္ေနတဲ့အျခမ္းဖက္ကို
ည ၇ နာရီ ၃၆ မိနစ္မွာ စတင္ဝင္ေရာက္မွာျဖစ္ၿပီး..၊ လင္းေနတဲ့ အျခမ္းဖက္ကေန ည ၈ နာရီ ၅၁ မိနစ္မွာ ျပန္ထြက္ေပၚလာမွာျဖစ္ပါတယ္။ အေနာက္ဘက္အရပ္ကို ၾကည့္ပါ။လ နဲ႔ အဂၤါၿဂိဳဟ္တို႔ ေတြ႕ဆုံမည့္ ေနရာကေတာ့
ျပႆရာသီ (Taurus) ၾကယ္စုမ်ား ရွိမယ့္ ေနရာပဲ ျဖစ္ပါတယ္။ အင္မတန္ထူးျခားတဲ့ (တနည္း) ျမင္ရခဲတဲ့ အရာျဖစ္ၿပီး အင္မတန္ ထူးျခားတဲ့ ႏွစ္ဆန္း (၁) ရက္ေန႔ႏွင့္လည္း တိုက္ဆိုင္လို႔ေနပါတယ္။ ၁၃၈၃ ခုႏွစ္ဟာ ထူးျခားမႈ
ေတြ ျဖစ္လာႏိုင္မယ့္ႏွစ္လို႔သာ သုံးသပ္မိပါေတာ့တယ္။အာကာသဝါသနာရွင္မ်ားအတြက္..
သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)