နိုင်ငံတကာမှာ ဆိုးနေတဲ့ ကိုဗစ်သတင်း

Sharing is caring!

Singapore လို သန့်ရှင်းပြီး စည်းကမ်းတင်းကျပ်တဲ့၊ လူဦးရေအများစု ကာကွယ်ဆေးထိုးပြီးသားဖြစ်တဲ့ ကျွန်းနိုင်ငံလေးမှာ ကိုဗစ် confirmed cases ယနေ့ ၉ ဦးရှိပါသတဲ့။ထိုင်းနိုင်ငံမှာတော့ ယနေ့ new cases တွေ ၁၅၀၀

ကျော်ပြီး လူ ၁၅ ဦးသေဆုံးခဲ့တယ်။ ထိုင်းအစိုးရက ကိုဗစ်ပြန့်နှန့်နှုန်း မြင့်တက်လာမှုကြောင့် Bangkok, Pathum Thani, Samut Prakan, Nonthaburi, Chiang Mai, Chon Buri စသည့် မြို့ကြီးတွေကို red zone

အဆင့်မှ dark red zone သို့ တိုးမြှင့်လိုက်ပြီး စားသောက်ဆိုင်တွေမှာ dine-in ဆိုင်မှာထိုင်စားတာမျိုးကို မနက်ဖြန်ကစပြီး ခွင့်မပြုတော့ဘူး၊နေရာတစ်ခုမှာ လူ ၂၀ ထက်မပိုရဘူး၊ စသည့် စည်းကမ်းတွေပြန်ထုတ်လိုက်ပြီ။

အခု covid-wise ကမ္ဘာမှာ အခြေအနေအဆိုးဆုံး India မှာတော့ new infection cases တွေ နေ့စဉ်နဲ့အမျှ တရိပ်ရိပ်တက်နေတာ ဒီနေ့မှာ new cases ဟာ သုံးသိန်း ရှစ်သောင်းကျော်ပြီး သေဆုံးသူ ၃၅၀၀ ကျော်ခဲ့

တယ်။ သတင်းဌာနတွေကတော့ သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ယူဆကြတယ်။ လူနာကုတင်၊ အောက်ဆီဂျင်၊ ကာကွယ်ဆေး အားလုံး မလုံမလောက်ဖြစ်နေပြီး အမေရိကန်အပါအဝင် နိုင်ငံခြားတိုင်းပြည်

များမှ India သို့ အောက်ဆီဂျင်ဗူးများ၊ ဆေးဝါးအကူအညီများ ပို့ပေးကြရတယ်။ တိုင်းပြည်အများစုက India မှ လာမယ့် flights တွေကို သူတို့နိုင်ငံထဲ ဝင်ခွင့်မပြုတော့ဘူး။ ချမ်းသာတဲ့ Indian မိသားစုအချို့ကတော့ ဒူဘိုင်း၊

ထိုင်း စသည့်နိုင်ငံများသို့ chartered flight လေယဉ်စီးလုံးငှားပြီး ကိုဗစ်ရန်က ရှောင်ပြေးကြသတဲ့။ ဒီလို တကြော့ပြန်လာတဲ့ ကူးစက်လွယ်တဲ့ virus ဟာ It has no respect for national boundaries. ဆိုတာကို

သတိပြုကြပါ။ Passport မပါ၊ Visa မလိုဘဲ တနိုင်ငံမှ တနိုင်ငံသို့ အမြန်ကူးသွားနိုင်တာကြောင့် Mask တပ်ကြ၊ လက်ဆေးကြ၊ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်သာ ဂရုစိုက်ကြရမည်ဖြစ်ကြောင်း ထပ်လောင်းသတိပေးလိုက်ပါယ်။

With love,Dr.Soe ThanApril 30, 2021

Zawgyi Version

Singapore လို သန႔္ရွင္းၿပီး စည္းကမ္းတင္းက်ပ္တဲ့၊ လူဦးေရအမ်ားစု ကာကြယ္ေဆးထိုးၿပီးသားျဖစ္တဲ့ ကြၽန္းႏိုင္ငံေလးမွာ ကိုဗစ္ confirmed cases ယေန႔ ၉ ဦးရွိပါသတဲ့။ထိုင္းႏိုင္ငံမွာေတာ့ ယေန႔ new cases ေတြ ၁၅၀၀

ေက်ာ္ၿပီး လူ ၁၅ ဦးေသဆုံးခဲ့တယ္။ ထိုင္းအစိုးရက ကိုဗစ္ျပန႔္ႏွန႔္ႏႈန္း ျမင့္တက္လာမႈေၾကာင့္ Bangkok, Pathum Thani, Samut Prakan, Nonthaburi, Chiang Mai, Chon Buri စသည့္ ၿမိဳ႕ႀကီးေတြကို red zone

အဆင့္မွ dark red zone သို႔ တိုးျမႇင့္လိုက္ၿပီး စားေသာက္ဆိုင္ေတြမွာ dine-in ဆိုင္မွာထိုင္စားတာမ်ိဳးကို မနက္ျဖန္ကစၿပီး ခြင့္မျပဳေတာ့ဘူး၊ေနရာတစ္ခုမွာ လူ ၂၀ ထက္မပိုရဘူး၊ စသည့္ စည္းကမ္းေတြျပန္ထုတ္လိုက္ၿပီ။

အခု covid-wise ကမာၻမွာ အေျခအေနအဆိုးဆုံး India မွာေတာ့ new infection cases ေတြ ေန႔စဥ္နဲ႔အမွ် တရိပ္ရိပ္တက္ေနတာ ဒီေန႔မွာ new cases ဟာ သုံးသိန္း ရွစ္ေသာင္းေက်ာ္ၿပီး ေသဆုံးသူ ၃၅၀၀ ေက်ာ္ခဲ့

တယ္။ သတင္းဌာနေတြကေတာ့ ေသဆုံးသူ အေရအတြက္ဟာ ဒီထက္ပိုမ်ားႏိုင္တယ္လို႔ ယူဆၾကတယ္။ လူနာကုတင္၊ ေအာက္ဆီဂ်င္၊ ကာကြယ္ေဆး အားလုံး မလုံမေလာက္ျဖစ္ေနၿပီး အေမရိကန္အပါအဝင္ ႏိုင္ငံျခားတိုင္းျပည္

မ်ားမွ India သို႔ ေအာက္ဆီဂ်င္ဗူးမ်ား၊ ေဆးဝါးအကူအညီမ်ား ပို႔ေပးၾကရတယ္။ တိုင္းျပည္အမ်ားစုက India မွ လာမယ့္ flights ေတြကို သူတို႔ႏိုင္ငံထဲ ဝင္ခြင့္မျပဳေတာ့ဘူး။ ခ်မ္းသာတဲ့ Indian မိသားစုအခ်ိဳ႕ကေတာ့ ဒူဘိုင္း၊

ထိုင္း စသည့္ႏိုင္ငံမ်ားသို႔ chartered flight ေလယဥ္စီးလုံးငွားၿပီး ကိုဗစ္ရန္က ေရွာင္ေျပးၾကသတဲ့။ ဒီလို တေၾကာ့ျပန္လာတဲ့ ကူးစက္လြယ္တဲ့ virus ဟာ It has no respect for national boundaries. ဆိုတာကို

သတိျပဳၾကပါ။ Passport မပါ၊ Visa မလိုဘဲ တႏိုင္ငံမွ တႏိုင္ငံသို႔ အျမန္ကူးသြားႏိုင္တာေၾကာင့္ Mask တပ္ၾက၊ လက္ေဆးၾက၊ ကိုယ့္က်န္းမာေရးကို ကိုယ္တိုင္သာ ဂ႐ုစိုက္ၾကရမည္ျဖစ္ေၾကာင္း ထပ္ေလာင္းသတိေပးလိုက္ပါယ္။

With love,Dr.Soe ThanApril 30, 2021

Add a Comment

Your email address will not be published.