ညဖက်မှာ ရေချိုးရင် ကျန်းမာရေး ထိခိုက်မယ်ဆိုတာ တကယ်လား

Sharing is caring!

ညဖက်မှာ ရေချိုးရင် ဘာဖြစ်မလဲဆိုတာ ညဘက်ရေချိုးတတ်တဲ့ပရိသတ်ကြီးတို့လည်း ဗဟုသုတအနေနဲ့သိအောင် ပြန်လည်မျှဝေပါတယ်…လူတိုင်းလိုလို ကိုယ်ခန္ဓာနုပျိုလန်းဆန်းနေတာကို အလိုရှိကြပါတယ်။ရေချိုးခြင်းဟာလဲ ခန ဓာ
ကိုယ်လန်းဆန်းသွားအောင်လုပ်ဆောင်ခြင်းထဲမှ တမျိုးအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ ညဖက်ပိုင်းမှာ ရေချိုးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်သလားဆိုတာကို လေ့လာကြည့် ရအောင်ပါ။ရေချိုးခြင်းဟာကိုယ်ခန္ဓာ အပန်းပြေ သွားအေ

ာင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်ပါတယ်။ တနေကုန်အလုပ်ထဲမှာစိတ်ရော ကိုယ်ပါ ပင်ပန်းလာခဲ့တဲ့အတွက် ညနေဖက်မှာ သင့်ရဲ့ကိုယ်ခန္ဓာဟာ ပြန်လည်လန်းဆန်းဖို့တခုခုလုပ်ဆောင်ရန် လိုအပ်ပါတယ်။ ညပိုင် းမှာ ရေချိုး
လိုက်ခြင်းဖြင့် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ကိုယ်ခန္ဓာခံနိုင်စွမ်းရည်အားကို ပြန်လည်မြှင့်တက်စေပါတယ်။ညပိုင်းမှာ ရေချိုးမှုနဲ့ပက်သက်လို့ အယူအဆ ကွဲလွဲမှုတွေ အများကြီးရှိပါတယ်။ တချို့လူတွေက ဒီလိုရေချိုးခြင်းဖြင့် ကိုယ်ခန္ ဓာကို

ထိခိုက်စေမယ်။ ဖျားနာမှုနဲ့ ရောဂါတွေ ရရှိနိုင်မယ်လို့ ထင်ကြပါတယ်။ ပညာရှင်များကတော့ထိခိုက်မှု ရှိနိုင်သလားဆိုရဲ့ အဖြေကတော့ “နိုး(NO)” တစ်လုံးထဲပါတဲ့။ ညဖက်မှာရေချိုးလိုက်လို့ထိခိုက်မှုဖြစ်စေတယ် ဆိုတဲ့ သိပ္ပံနည်း
ကျ အထောက်အထားများ မတွေ့ရှိရဖူးလို့ ပြောပါတယ်။ဒါဆိုရင် ဘယ်လိုအကျိုးရှိသလဲ?ရေနွေးနွေးလေးနဲ့ ချိုးလိုက်ရင် အရေပြားပေါ်ရှိ အဆိပ်အတောက်များကိုဖယ်ရှားပေးကာ သန့်ရှင်းစင်ကြယ်စေပါတယ်။မအိပ်ခင်မှ လန်း ဆန်း

ပြီး သန့်ရှင်းနူးညံ့တဲ့ ခံစားမှုကို ရရှိစေပါတယ်။စိတ်ဖိစည်းမှု သက်သာစေပြီး သွေးပေါင်ချိန် လျှော့ချစေပါတယ်။ တနေ့ကုန် ပင်ပန်းလို့ကုန်ဆုံးသွားတဲ့အားအင်တွေကိုဖြည့်ပေးပါတယ်။တနေကုန်ပင်ပန်းလာပြီး လေ့ကျင့်ခန် းလုပ်ရင်

တေ ာင် တောင့်တင်းနေတဲ့ ကြွက်သားတွေဟာ ရေချိုးခြင်းဖြင့် ဖြေလျှော့ပေးနိုင်ပါတယ်။ရေနွေးနဲ့ ချိုးလိုက်ရင် အရေပြားကို ချေမွတ်ပြီး ပျော့ပြောင်းစေကာ ရေချိုးပြီးသည်နှင့် တပြိုင်နက်နုပျိုလန်းဆန်းခြင်းကိုခံစားရရှိစေသည်။ ရေချိုး

နေစဉ် အချိန်လေးအတွင်းမှာပင် စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်ကာစိတ်ပြေလက်ပျောက်ဖြစ်စေသည်။အံ့ဖွယ်အချက်တခုကတော့ ညဖက်ရေချိုးခြင်းက ကောင်းသော ကိုယ်သင်းရနံ့ကို ပေးသည်။အသားအရေ နူးညံ့ သည့် ခံစားမှု

သန့်ရှင်း တက်ကြွခြင်းနှင့် ကောင်းမွန်သော ကိုယ်သင်းရနံ့တို့ကအိပ်ယာဝင်ချမ်းသာသုခကိုအထောက်အကူပေးသည်။ ထို့ကြောင့် နှစ်ခြိုက်စွာ အိပ်ပျှော်စေသည်။အိပ်မပျှော်ခြင်း၊မျက်စိကြောင်ခြင်းများ မဖြစ်နိုင်ပါ။ အလုပ်မှာပင်ပန်း

တယ်ဆိုပြီး ချွေသံတရဲရဲနှင့် တန်းမအိပ်ပါနှင့်။ ရေချိုးခြင်းက စိတ်ရောကိုယ်ပါအပန်းပြေစေတဲ့အတွက်ခွန်အားသစ် ပြန်လည်ရရှိအောင် ရေချိုးပါ။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာတဖြည်းဖြည်းချင်းပြောင် းလဲလာတာကို ခံ

စာ းရပါလိမ့်မယ်။ညဖက်မှာရေချိုးရင် ဒါလေးတွေတော့ သတိထားပါ။ခေါင်းလျှော်ရင် မအိပ်ခင်မှ ခြောက်အောင်သုတ်ပြီးမှအိပ်ပါ။မိမိကိုယ်အပူချိန်ဟာ နေ့ခင်းဖက်မှာထက် လျှော့ကျနေတာကိုသတိပြုပါ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျှော်ချင်

လို့ ရေချိုးတာဆိုရင် မအိပ်ခင်ကလေးမှာ ရေချိုးပါ။ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ပြီးစမှာ ချွေးပေါက်လေးတွေ ကျယ်နေတဲ့အတွက် ချက်ခြင်းရေတန်းမချိုးပါနဲ့။မိနစ် ၃၀ခန့် ဆောင့်ပြီး ကိုယ် အပူချိန်လျှေ ာ့ကျသွားကာ ချွေးပေါက်

တွေပြန်ကျဉ်းသွားတဲ့အတွက် အဲဒီအချိန်မှာရေချိုးပါ။ညဖက် အတော်နောက်ကျမှ ချိုးရင် ရေနွေးနဲ့ချိုးပါ။ရေနွေးနဲ့ မချိုးခင်မှာ ရေအပူချိန်ကိုလက်နဲ့ထိတွေ့ခံစားကြည့်ပါ။ပုံမှန်အားဖြင့်လူ့ကိုယ်ခန္ဓာကိုယ်အပူချိန်ထက် ၅ ဒီကရီပို၍ လက်

ခံ နိုင်သည်။လူတယောက်၏ သာမန်အပူချိန်ကတော့ ၉ရံ ဖါရင်ဟိုက်၊ ၃၆ ဆာဆီယပ် ဖြစ်တဲ့အတွက် ကိုယ်လက်ခံနိုင်တဲ့မပူလွန်း မအေးလွန်း အနေအထားကို ရယူပါ။ရေချိုးခြင်းဟာ ကိုယ်နဲ့စိတ်ကို သဘာဝ အတိုင်း ပြန်လည်

လန်းဆန်းတက်ကြွအောင် လုပ်ခြင်းဖြစ်ပါတယ်။ သာမန်အိပ်ပျော်ရုံ မဟုတ်ပဲ အိပ်မောကျ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် အထောက်အကူပေးပါသည်ဟု တင်ပြလိုက်ရပါသည်…ဝင်းလှိုင်ဦး.ဖတ်မိသမျှ ကျန်း မာရေး ဗဟုသုတ။

Source ; ဝင်းလှိုင်ဦး

Add a Comment

Your email address will not be published. Required fields are marked *