ပရိဟိတအတွက် လိုအပ်ရင် ကားပါရောင်းမယ်ဆိုတဲ့ မင်းသားဖိုးချစ်

Sharing is caring!

ပရိသတ်တို့ရေလူငယ်သဘင်ပညာသည်တစ်ဦးဖြစ်သလို ပရိသတ်ရဲ့ အသည်းကျော် သဘင်မင်းသားလေး ဖိုးချစ်ဟာဆိုရင် အနုပညာဘက်မှာသာမကပဲနဲ့ လူမှုရေးရာအဖြာဖြာမှာလည်း ရည်မွန်လှသူတစ်ဦးဖြစ်တာကြောင့် ပရိသတ်က နှစ်သက်အားပေးနေသူတစ်ဦးလည်းဖြစ်ပါတယ်။

သူဟာဆိုရင် အသက်ငယ်ငယ်နဲ့ စာနာစိတ်ကြီးသူပီပီ သဘင်ဥက္ကဌရာထူးကိုလည်း လက်ခံဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။အခုလို ကိုဗစ်ကာလမှာ လူတိုင်း စီးပွားရေးတွေ ကြပ်တည်းသလို သဘင်ပညာသည်တွေလည်း ပွဲတွေမရတာကြောင့် စားရေးသောက်ရေး ခက်ခဲနေသူတွေ များစွာ ရှိနေပါတယ်။

ဒီအတွက် ဥက္ကဌဖြစ်သူ မင်းသားဖိုးချစ်ကနေပြီးတော့ “ပိုသူလှူ ၊ လိုသူကူ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကူညီရေးအသင်းအဖွဲ့လေးဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။ ဒီအတွက် သူကိုယ်တိုင် သိန်း ၃၀၀ မတည်လှူဒါန်းသွားမှာဖြစ်ပြီးတော့ သူ့ကို ယုံကြည်စွာလှူဒါန်းပေးသူတွေကိုလည်း အထူးကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ပွဲတွေလည်းမကရတော့ ဝင်ငွေလည်း မရှိဘူး။ ဗိုလ်ကြီးလည်း သေနတ်မှန်ရင် သေတာပဲဆိုသလို နာမည်ကြီး မင်းသားလည်း ပွဲမရတော့ အခက်အခဲတွေလည်းရှိနေပါတယ်။

ဒါပေမယ့် သူဟာဒီအတွက် စိုးရိမ်ကြောင့်ကြမနေပဲနဲ့ လိုအပ်လာရင် သူ့ကားကိုရောင်းပြီးတော့ လှူဖို့ အသင့်ရှိနေတယ်လို့ မီဒီယာတွေ့ဆုံမှုတွေမှာ အတိအလင်း ပြောကြားလိုက်ပါတယ်နော်။

အခုလို မင်းသား ဖိုးချစ်ရဲ့ စိတ်စေတနာကြောင့် ပရိသတ်တွေကလည်း ပိုမိုချစ်ခင်သလို ၊ သူ့ရဲ့ပရဟိတအလုပ်တွေအတွက်လည်း ပါဝင်လှူဒါန်းနိုင်သလို ၊ သာဓုလည်းခေါ်ပေးကြပါဦးနော်။

Photo- Internet

Zawgyi Version

ပရိသတ္တို႔ေရလူငယ္သဘင္ပညာသည္တစ္ဦးျဖစ္သလို ပရိသတ္ရဲ႕ အသည္းေက်ာ္ သဘင္မင္းသားေလး ဖိုးခ်စ္ဟာဆိုရင္ အႏုပညာဘက္မွာသာမကပဲနဲ႔ လူမႈေရးရာအျဖာျဖာမွာလည္း ရည္မြန္လွသူတစ္ဦးျဖစ္တာေၾကာင့္ ပရိသတ္က ႏွစ္သက္အားေပးေနသူတစ္ဦးလည္းျဖစ္ပါတယ္။

သူဟာဆိုရင္ အသက္ငယ္ငယ္နဲ႔ စာနာစိတ္ႀကီးသူပီပီ သဘင္ဥကၠဌရာထူးကိုလည္း လက္ခံေဆာင္႐ြက္ေပးေနသူျဖစ္ပါတယ္။အခုလို ကိုဗစ္ကာလမွာ လူတိုင္း စီးပြားေရးေတြ ၾကပ္တည္းသလို သဘင္ပညာသည္ေတြလည္း ပြဲေတြမရတာေၾကာင့္ စားေရးေသာက္ေရး ခက္ခဲေနသူေတြ မ်ားစြာ ရွိေနပါတယ္။

ဒီအတြက္ ဥကၠဌျဖစ္သူ မင္းသားဖိုးခ်စ္ကေနၿပီးေတာ့ “ပိုသူလႉ ၊ လိုသူကူ” ဆိုတဲ့ ေဆာင္ပုဒ္နဲ႔အညီ ကူညီေရးအသင္းအဖြဲ႕ေလးဖြဲ႕ၿပီး ေဆာင္႐ြက္ေနပါတယ္။ ဒီအတြက္ သူကိုယ္တိုင္ သိန္း ၃၀၀ မတည္လႉဒါန္းသြားမွာျဖစ္ၿပီးေတာ့ သူ႔ကို ယုံၾကည္စြာလႉဒါန္းေပးသူေတြကိုလည္း အထူးေက်းဇူးတင္ရွိတယ္လို႔ ဆိုပါတယ္။

သူ႔အေနနဲ႔ ပြဲေတြလည္းမကရေတာ့ ဝင္ေငြလည္း မရွိဘူး။ ဗိုလ္ႀကီးလည္း ေသနတ္မွန္ရင္ ေသတာပဲဆိုသလို နာမည္ႀကီး မင္းသားလည္း ပြဲမရေတာ့ အခက္အခဲေတြလည္းရွိေနပါတယ္။

ဒါေပမယ့္ သူဟာဒီအတြက္ စိုးရိမ္ေၾကာင့္ၾကမေနပဲနဲ႔ လိုအပ္လာရင္ သူ႔ကားကိုေရာင္းၿပီးေတာ့ လႉဖို႔ အသင့္ရွိေနတယ္လို႔ မီဒီယာေတြ႕ဆုံမႈေတြမွာ အတိအလင္း ေျပာၾကားလိုက္ပါတယ္ေနာ္။

အခုလို မင္းသား ဖိုးခ်စ္ရဲ႕ စိတ္ေစတနာေၾကာင့္ ပရိသတ္ေတြကလည္း ပိုမိုခ်စ္ခင္သလို ၊ သူ႔ရဲ႕ပရဟိတအလုပ္ေတြအတြက္လည္း ပါဝင္လႉဒါန္းႏိုင္သလို ၊ သာဓုလည္းေခၚေပးၾကပါဦးေနာ္။

Photo- Internet

Add a Comment

Your email address will not be published. Required fields are marked *