ကျစ်ကျစ်တောက် ပူတဲ့နေမှာ Heat Storke ကို သတိထား

Sharing is caring!

Heat Stroke ကိုသတိထား

လွန်ခဲ့သောရက်ပိုင်းအတွင်းမှာ အသက် ၂၃ နှစ်အရွယ်လူငယ်တစ်ဦး နေပူပြင်းချိန်တွင် အပြင်မှပြန်လာပြီးရေခဲသေတ္တာထဲက ရေသန့်ဗူးကိုယူသောက်မိပါတယ်တဲ့ခဏအကြာမှာပဲ နုတ်ခမ်းတွေပြာနှမ်းလာပြီးစကားမေးမရဖြစ်လာတဲ့

အတွက်ဆေးရုံကိုပို့ဆောင်နေစဉ်မှာပဲသေဆုံးသွားခဲ့ပါတယ်တဲ့သူသောက်ခဲ့တဲ့ရေကိုစစ်ကြည့်တော့လဲ ရိုးရိုးရေပါပဲ၊အလောင်းကိုခွဲစိပ်စစ်ဆေးကြည့်တဲ့အခါမှာတော့ ဦးနှောက်သွေးကြောပြတ်ပြီးသေဆုံးကြောင်း ဆရာဝန်ကြီးတွေကတည်ပြု

ခဲ့ပါတယ်တဲ့အခုလိုပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာပြင်းထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေတဆင့် ခန္ဓာကိုယ်သွေးကြောထဲကိုရောက်ရှိသွားပြီး၊အပူအအေးဆန့်ကျင်ဘက်ဖြစ်စဉ်ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတတ်ပါတယ်တဲ့ ။

နေပူထဲက နေ အအေးထဲကိုရုတ်ချည်းဝင်ရောက်ခြင်း၊ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊အအေးခန်းတွင်းကနေရုတ်တရက်ပူပြင်းတဲ့နေရောင်ထဲကိုထွက်ခြင်းတွေကြောင့် လူ့ခန္ဓာကိုယ်မှာအပူအအေးရုတ်တရက်ပြင်းထန်စွာပြောင်းလဲမှု

ဖြစ်စဉ်ဖြစ်ပေါ်ပြီး Heat Stroke မြန်မာလို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါတယ်တဲ့Heat Stroke ဖြစ်ပြီဆိုရင် အပူအအေးရုတ်ချည်းပြောင်းလဲတဲ့အတွက် ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေဟာပူလို့ကျယ်တဲ့ဒဏ်၊အေးလို့ကျုံ့တဲ့ဒဏ်

တွေကြောင့် သွေးစိးကြောင်းအကျဉ်းအကျယ်ဖြစ်တဲ့ဒဏ်ကိုမခံနိုင်တော့ပဲသွေးကြောကြီးတွေဆိုအက်ကွဲလာပြီး၊ သွေးကြောငယ်လေးတွေဆိုပြတ်ထွက်တာတွေဖြစ်နိုင်ပါတယ်တဲ့။

အသက်ကြီးတဲ့သူတွေရဲ့ သွေးကြောတွေဟာဟောင်းနွမ်းပြီးမာဆတ်နေပြီဖြစ်တဲ့အတွက် ပလတ်စတစ်ပိုက်တွေဟောင်းနွမ်းလာတဲ့အခါ မာကျွတ်လာသလို ကွဲလွယ်ပေါက်လွယ်ဖြစ်လာတာကြောင့်အသက်ကြီးတဲ့လူတွေမှာပိုဖြစ်လွယ်ပါ

တယ်တဲ့။အထူးသဖြင့်အသက် ၅၀ ကျော်လူကြီးတွေ၊ သွေးတိုးရောဂါသမားတွေ အထူးသတိထားသင့်ပါတယ်တဲ့။လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် Heat Stroke ဖြစ်ပြီဆို သတိလစ်တာ၊အဖျားကြီးပြီးတက်တာ၊ ဖျားပြီးဦးနှောက်အမြေး

ရောင်တာ၊အူတွင်းသွေးကြောတွေ၊ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်တဲ့။Heat Stroke မဖြစ်အောင် ဒါတွေကိုရှောင်ရပါမယ်တဲ့-

(၁) နေပြင်းချိန်အပြင်မထွက်ပါနှင့်၊မလွဲသာလို့ထွက်ရမယ်ဆိုရင်လည်းအဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါရမည်။

(၂) စောင့်ဆိုင်းရသောအလုပ်ဖြစ်လျင် သစ်ပင်အရိပ်၊အမိုးအကာအောက်မှ စောင့်ပါ။

(၃)ရေသောက်လျင်ရိုးရိုးရေသောက်ပါ။ရေခဲရေမသောက်ပါနှင့်။

(၄)အဲကွန်းကားစီးပြီး၊နေပူရှိန်ပြင်းသောနေရာတွင်ဆင်းရမည်ဆိုလျင်မဆင်းမီကကြိုတင်ရေသောက်ထားပါ။အစာအိမ်အတွင်းရေရှိလျင်သွေးကြောများက ရေကိုစုပ်ယူထားသဖြင့်သာမန်အပူဒဏ်ကိုခံနိုင်ရည်ရှိသည်။

(၅)နေပူထဲမှလာပြီးခန္ဓာကိုယ်မအေးမီချက်ခြင်းရေမချိုးပါနှင့်၊မျက်နှာမသစ်ပါနှင့်၊ခြေထောက်မဆေးပါနှင့်။

(၆)ပူစပ်တဲ့အစာစားရင်ကိုယ်အပူရှိန်တက်တတ်ပြီး၊ပူပြင်းတဲ့နေ့လည်နှင့်ညနေစောင်းတွေမှာအရက်သေစာမသောက်စားသင့်ပါ။

(၇)ရေနွေးကြမ်းမှာဆားလှော်အနည်းငယ်ခပ်သောက်တာဟာရှေးလူကြီးများ၏အပူဒဏ်ကာကွယ်နည်းတစ်မျိုးဖြစ်တဲ့အတွက်ကျင့်သုံးသင့်ပါတယ်တဲ့.အပူဒဏ်ဟာ မီးလောင်မှုအပြင် HeatStroke ကိုပါဖြစ်စေနိုင်ပြီး အသက်အန္ဒရာယ်

ကိုပါထိခိုက်နိုင်တာကြောင့်လုပ်ရိုးလုပ်စဉ်အလုပ်တွေကို ပုံမှန်ရာသီဥတုမှာလို ပေါ့ပေါ့ဆဆ သွားလာနေထိုင်လုပ်ကိုင်နေရုံနဲ့ မလုံလောက်ပါကြောင်းနှင့် Heat Stroke မဖြစ်အောင် သတိထားပြီးနေထိုင် သွားလာသင့်ပါကြောင်း

နိုးဆော်တင်ပြလိုက်ပါတယ်ခင်ဗျား။မှီငြမ်းကိုးကား;

၅-၃-၂၀၁၆ နေ့ထုတ်ကြေးမုံသတင်းစာပါဆောင်းပါးရှင်ကြည်လွင်မြင့်(မုဒြာ)၏Heat Stroke ရောက်လာပြီ ဆောင်းပါး

ရွှေကြာ

Zawgyi Version

Heat Stroke ကိုသတိထား

လြန္ခဲ့ေသာရက္ပိုင္းအတြင္းမွာ အသက္ ၂၃ ႏွစ္အ႐ြယ္လူငယ္တစ္ဦး ေနပူျပင္းခ်ိန္တြင္ အျပင္မွျပန္လာၿပီးေရခဲေသတၱာထဲက ေရသန႔္ဗူးကိုယူေသာက္မိပါတယ္တဲ့ခဏအၾကာမွာပဲ ႏုတ္ခမ္းေတြျပာႏွမ္းလာၿပီးစကားေမးမရျဖစ္လာတဲ့

အတြက္ေဆး႐ုံကိုပို႔ေဆာင္ေနစဥ္မွာပဲေသဆုံးသြားခဲ့ပါတယ္တဲ့သူေသာက္ခဲ့တဲ့ေရကိုစစ္ၾကည့္ေတာ့လဲ ႐ိုး႐ိုးေရပါပဲ၊အေလာင္းကိုခြဲစိပ္စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ ဦးေႏွာက္ေသြးေၾကာျပတ္ၿပီးေသဆုံးေၾကာင္း ဆရာဝန္ႀကီးေတြကတည္ျပဳ

ခဲ့ပါတယ္တဲ့အခုလိုပူျပင္းတဲ့ရာသီကိုေရာက္တဲ့အခါမွာျပင္းထန္တဲ့ေနပူဒဏ္ဟာ အေရျပားကေနတဆင့္ ခႏၶာကိုယ္ေသြးေၾကာထဲကိုေရာက္ရွိသြားၿပီး၊အပူအေအးဆန႔္က်င္ဘက္ျဖစ္စဥ္ျပင္းျပင္းထန္ထန္ျဖစ္ေပၚလာတတ္ပါတယ္တဲ့ ။

ေနပူထဲက ေန အေအးထဲကို႐ုတ္ခ်ည္းဝင္ေရာက္ျခင္း၊ေရေအးေသာက္ျခင္း၊ ေရခ်ိဳးျခင္း၊အေအးခန္းတြင္းကေန႐ုတ္တရက္ပူျပင္းတဲ့ေနေရာင္ထဲကိုထြက္ျခင္းေတြေၾကာင့္ လူ႔ခႏၶာကိုယ္မွာအပူအေအး႐ုတ္တရက္ျပင္းထန္စြာေျပာင္းလဲမႈ

ျဖစ္စဥ္ျဖစ္ေပၚၿပီး Heat Stroke ျမန္မာလို ( အပူရွပ္ျခင္း ) ျဖစ္ေပၚပါတယ္တဲ့Heat Stroke ျဖစ္ၿပီဆိုရင္ အပူအေအး႐ုတ္ခ်ည္းေျပာင္းလဲတဲ့အတြက္ ခႏၶာကိုယ္ထဲမွာရွိတဲ့ ေသြးေၾကာေတြဟာပူလို႔က်ယ္တဲ့ဒဏ္၊ေအးလို႔က်ဳံ႕တဲ့ဒဏ္

ေတြေၾကာင့္ ေသြးစိးေၾကာင္းအက်ဥ္းအက်ယ္ျဖစ္တဲ့ဒဏ္ကိုမခံႏိုင္ေတာ့ပဲေသြးေၾကာႀကီးေတြဆိုအက္ကြဲလာၿပီး၊ ေသြးေၾကာငယ္ေလးေတြဆိုျပတ္ထြက္တာေတြျဖစ္ႏိုင္ပါတယ္တဲ့။

အသက္ႀကီးတဲ့သူေတြရဲ႕ ေသြးေၾကာေတြဟာေဟာင္းႏြမ္းၿပီးမာဆတ္ေနၿပီျဖစ္တဲ့အတြက္ ပလတ္စတစ္ပိုက္ေတြေဟာင္းႏြမ္းလာတဲ့အခါ မာကြၽတ္လာသလို ကြဲလြယ္ေပါက္လြယ္ျဖစ္လာတာေၾကာင့္အသက္ႀကီးတဲ့လူေတြမွာပိုျဖစ္လြယ္ပါ

တယ္တဲ့။အထူးသျဖင့္အသက္ ၅၀ ေက်ာ္လူႀကီးေတြ၊ ေသြးတိုးေရာဂါသမားေတြ အထူးသတိထားသင့္ပါတယ္တဲ့။လူႀကီးပဲျဖစ္ျဖစ္ လူငယ္ပဲျဖစ္ျဖစ္ Heat Stroke ျဖစ္ၿပီဆို သတိလစ္တာ၊အဖ်ားႀကီးၿပီးတက္တာ၊ ဖ်ားၿပီးဦးေႏွာက္အေျမး

ေရာင္တာ၊အူတြင္းေသြးေၾကာေတြ၊ဦးေႏွာက္ေသြးေၾကာေတြေပါက္ထြက္တာေတြျဖစ္ၿပီးအသက္ဆုံးရႈံးႏိုင္ပါတယ္တဲ့။Heat Stroke မျဖစ္ေအာင္ ဒါေတြကိုေရွာင္ရပါမယ္တဲ့-

(၁) ေနျပင္းခ်ိန္အျပင္မထြက္ပါႏွင့္၊မလြဲသာလို႔ထြက္ရမယ္ဆိုရင္လည္းအေဆာင္း၊ အကာ၊ ထီး၊ ဦးထုပ္ပါရမည္။

(၂) ေစာင့္ဆိုင္းရေသာအလုပ္ျဖစ္လ်င္ သစ္ပင္အရိပ္၊အမိုးအကာေအာက္မွ ေစာင့္ပါ။

(၃)ေရေသာက္လ်င္႐ိုး႐ိုးေရေသာက္ပါ။ေရခဲေရမေသာက္ပါႏွင့္။

(၄)အဲကြန္းကားစီးၿပီး၊ေနပူရွိန္ျပင္းေသာေနရာတြင္ဆင္းရမည္ဆိုလ်င္မဆင္းမီကႀကိဳတင္ေရေသာက္ထားပါ။အစာအိမ္အတြင္းေရရွိလ်င္ေသြးေၾကာမ်ားက ေရကိုစုပ္ယူထားသျဖင့္သာမန္အပူဒဏ္ကိုခံႏိုင္ရည္ရွိသည္။

(၅)ေနပူထဲမွလာၿပီးခႏၶာကိုယ္မေအးမီခ်က္ျခင္းေရမခ်ိဳးပါႏွင့္၊မ်က္ႏွာမသစ္ပါႏွင့္၊ေျခေထာက္မေဆးပါႏွင့္။

(၆)ပူစပ္တဲ့အစာစားရင္ကိုယ္အပူရွိန္တက္တတ္ၿပီး၊ပူျပင္းတဲ့ေန႔လည္ႏွင့္ညေနေစာင္းေတြမွာအရက္ေသစာမေသာက္စားသင့္ပါ။

(၇)ေရေႏြးၾကမ္းမွာဆားေလွာ္အနည္းငယ္ခပ္ေသာက္တာဟာေရွးလူႀကီးမ်ား၏အပူဒဏ္ကာကြယ္နည္းတစ္မ်ိဳးျဖစ္တဲ့အတြက္က်င့္သုံးသင့္ပါတယ္တဲ့.အပူဒဏ္ဟာ မီးေလာင္မႈအျပင္ HeatStroke ကိုပါျဖစ္ေစႏိုင္ၿပီး အသက္အႏၵရာယ္

ကိုပါထိခိုက္ႏိုင္တာေၾကာင့္လုပ္႐ိုးလုပ္စဥ္အလုပ္ေတြကို ပုံမွန္ရာသီဥတုမွာလို ေပါ့ေပါ့ဆဆ သြားလာေနထိုင္လုပ္ကိုင္ေန႐ုံနဲ႔ မလုံေလာက္ပါေၾကာင္းႏွင့္ Heat Stroke မျဖစ္ေအာင္ သတိထားၿပီးေနထိုင္ သြားလာသင့္ပါေၾကာင္း

ႏိုးေဆာ္တင္ျပလိုက္ပါတယ္ခင္ဗ်ား။မွီျငမ္းကိုးကား;

၅-၃-၂၀၁၆ ေန႔ထုတ္ေၾကးမုံသတင္းစာပါေဆာင္းပါးရွင္ၾကည္လြင္ျမင့္(မုျဒာ)၏Heat Stroke ေရာက္လာၿပီ ေဆာင္းပါး

ေ႐ႊၾကာ

Add a Comment

Your email address will not be published. Required fields are marked *