ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နှမ်းမဲကြက်သားမှုန့်လုပ်နည်း

Sharing is caring!

အိမ်မှာ ဒီလို ကြက်သားမှုန့်လေးတွေ လုပ်ပြီးဆောင်ထားလေ့ရှိတယ်ထမင်းနဲ့ပဲ နယ်ကျွေးကျွေး ဟင်းထဲပဲထည့်ထည့်အဆင်ပြေလို့လေ နိုဝါကတော့ ဒီအတိုင်း ဇွန်းနဲ့ ယူပြီးစားပါတယ် အရမ်းလွယ်ပါတယ် အဓိက က မီးနဲ့သေချာလှော်ပြီး သေချာ ကြိတ်ဖို့ပါ

ပါဝင်ပစ္စည်း ကြက်သား ဆား ငရုတ်ကောင်း ဆီ လုပ်နည်းလေးအဆင့်ဆင့်ရေးပေးထားတယ်နော်။

(၁) နှမ်းမဲလေးနဲ့ မွှေးနေတဲ့ ကြက်သားမှုန့် ။

(၂) ကြက်သားကို အရင်ဆုံး ပြုတ်ပြီး blender နဲ့ အရင်ကြိတ်ထားပါကြိတ်ထားပြီးသား အသားကို အိုးထဲ ဆီ၂စက် ၃စက်လောက်ပဲထည့်ပြီး လှော်ပါမယ် ။

(၃) လှော်တဲ့အခါ ကြက်သားကို အိုးအပြည့် ပြားချလိုက်ပါ အရောင်ပြောင်းလာမှ နောက်တစ်ဖက်လှန်ပါ ။

(၄) အဝါရောင်ပြောင်းလာရင် ကြိတ်စက်နဲ့ တစ်ကြိမ် ထပ်ကြိတ်ပါမယ် ။

(၅) နောက်တစ်ခါ လှော်တဲ့အခါ နှမ်းဆီကိုသုံးပါမယ် ပိုမွှေးအောင်ပါ ။

(၆) အိုးပူလာရင် နှမ်းမဲအရင်ထည့် လှော်ပါ ။

(၇) ကြိတ်ထားတဲ့ ကြက်သားထည့်ပါ ။

(၈) ဒုတိယအကြိမ်မှာလဲ ပုံထဲကလို ပြားချလိုက်ပါ ။

(၉) အရောင်ပြောင်းလာရင် နောက်ထပ်ထပ်ကြိတ်လိုက်ရင်ရပါပြီးရှင့်။

ဒီရက်ပိုင်းမေမေတွေလည်း စိတ်ဖိစီးနေကြမှာပါ မင်မင်ကိုယ်တိုင်ရောပါ ဒီ menu လေးက ဘာကျွေးရမှန်းမသိ စဉ်းစားရကျပ်နေတဲ့ မေမေတို့အတွက် အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ် ။

ဘေဘီလေးတွေ မန်မန်တွေ အများကြီးစားပြီး နေကောင်းကျန်းမာကြပါစေ ။

Zawgyi Version

အိမ္မွာ ဒီလို ၾကက္သားမႈန႔္ေလးေတြ လုပ္ၿပီးေဆာင္ထားေလ့ရွိတယ္ထမင္းနဲ႔ပဲ နယ္ေကြၽးေကြၽး ဟင္းထဲပဲထည့္ထည့္အဆင္ေျပလို႔ေလ ႏိုဝါကေတာ့ ဒီအတိုင္း ဇြန္းနဲ႔ ယူၿပီးစားပါတယ္ အရမ္းလြယ္ပါတယ္ အဓိက က မီးနဲ႔ေသခ်ာေလွာ္ၿပီး ေသခ်ာ ႀကိတ္ဖို႔ပါ

ပါဝင္ပစၥည္း ၾကက္သား ဆား င႐ုတ္ေကာင္း ဆီ လုပ္နည္းေလးအဆင့္ဆင့္ေရးေပးထားတယ္ေနာ္။

(၁) ႏွမ္းမဲေလးနဲ႔ ေမႊးေနတဲ့ ၾကက္သားမႈန္႔ ။

(၂) ၾကက္သားကို အရင္ဆုံး ျပဳတ္ၿပီး blender နဲ႔ အရင္ႀကိတ္ထားပါႀကိတ္ထားၿပီးသား အသားကို အိုးထဲ ဆီ၂စက္ ၃စက္ေလာက္ပဲထည့္ၿပီး ေလွာ္ပါမယ္ ။

(၃) ေလွာ္တဲ့အခါ ၾကက္သားကို အိုးအျပည့္ ျပားခ်လိုက္ပါ အေရာင္ေျပာင္းလာမွ ေနာက္တစ္ဖက္လွန္ပါ ။

(၄) အဝါေရာင္ေျပာင္းလာရင္ ႀကိတ္စက္နဲ႔ တစ္ႀကိမ္ ထပ္ႀကိတ္ပါမယ္ ။

(၅) ေနာက္တစ္ခါ ေလွာ္တဲ့အခါ ႏွမ္းဆီကိုသုံးပါမယ္ ပိုေမႊးေအာင္ပါ ။

(၆) အိုးပူလာရင္ ႏွမ္းမဲအရင္ထည့္ ေလွာ္ပါ ။

(၇) ႀကိတ္ထားတဲ့ ၾကက္သားထည့္ပါ ။

(၈) ဒုတိယအႀကိမ္မွာလဲ ပုံထဲကလို ျပားခ်လိုက္ပါ ။

(၉) အေရာင္ေျပာင္းလာရင္ ေနာက္ထပ္ထပ္ႀကိတ္လိုက္ရင္ရပါၿပီးရွင့္။

ဒီရက္ပိုင္းေမေမေတြလည္း စိတ္ဖိစီးေနၾကမွာပါ မင္မင္ကိုယ္တိုင္ေရာပါ ဒီ menu ေလးက ဘာေကြၽးရမွန္းမသိ စဥ္းစားရက်ပ္ေနတဲ့ ေမေမတို႔အတြက္ အေထာက္အကူျဖစ္မယ္လို႔ ထင္ပါတယ္ ။

ေဘဘီေလးေတြ မန္မန္ေတြ အမ်ားႀကီးစားၿပီး ေနေကာင္းက်န္းမာၾကပါေစ ။

Add a Comment

Your email address will not be published. Required fields are marked *