ရန်ကုန်တွင် ရေပြတ်တောက်မှုဖြစ်မည့် မြို့နယ် ၁၂ ခုကို ထုတ်ပြန်ကြေငြာ

Sharing is caring!

မင်္ဂလာပါ ပရိတ်သတ်တို့ရေ..

ရန်ကုန်မြို့မှာ နေတဲ့ သူတွေအတွက် မြို့နယ် ၁၂ ခု မှာ ရေပြတ်တောက်မှု ဖြစ်မယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။

ရေပိုက်လိုင်းသွယ်မှာဖြစ်တဲ့အတွက် မေလ(၂၁)ရက်နေ့ မနက်(၁၀)နာရီကနေ ည(၁၀)နာရီအထိ ရန်ကုန်က မြို့နယ် (၁၂)ခု ရေပြတ်မယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။

ဒါကြောင့် ရေကြိုတင်စုဆောင်းကြဖို့လည်း ကော်မတီက တိုက်တွန်းလိုက်ပါတယ်။

“ပြန်ပြီးအဆင့်မြှင့်တင်တာကြောင့်ပေါ့နော်။ အဓိကတော့ ရန်ကုန်မြို့တွင်းကို သွယ်တဲ့ပိုက်လိုင်းတွေပါပဲ။ (၂၂)ရက်နေ့ဆိုရင်တော့ ပုံမှန်အတိုင်း ပြန်ဖြန့်ဝေပေးသွားမှာပါ။”လို့ ရေသန့်ဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သွဲ့နိုင်ဦးက ပြောပါတယ်။

ဒါကြောင့် မရမ်းကုန်း၊ ဗဟန်း၊ ရန်ကင်း၊ ပန်းပဲတန်း၊ ကမာရွတ်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင်မြို့နယ်တို့မှာ ရေအားလျော့နည်းတာနဲ့ ရေပြတ်တောက်တာတွေ ဖြစ်မယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ကိုတော့ တစ်နေ့ကို ရေဂါလံ(၂၀၅)သန်းဖြန့်ဝေပေးနေရပြီး အဲဒီ(၂၀၅)သန်းမှာ ရေလှောင်ကန်တွေ ကနေ (၁၈၅)သန်းဖြန့်ဝေပေးနေတာလို့ သိရပါတယ်။

Zawgyi Version








Add a Comment

Your email address will not be published.