အိမ်က သရက်ပင်ကို အမြန်သီးအောင် စိုက်ပျိုးနည်း (လက်တွေ့ဝင်ငွေတိုးစေတဲ့နည်းပဲ)
|ဝင်ငွေ အမြန်ရစေဖို့ သရက်သီး အမြန်သီးအောင် စိုက်ပျိုးနည်း။
1) သရက်အစေ့ကို ပလပ်စတိတ်အိပ်မှာ အရင်ပျိုးပါ။2) 45 ရက်လောက်အကြာပျိုးပင်ကို ပုံကအတိုင်း ဖြတ်ပါ။3) ပျိုးပင်ငုတ်တို အလည်တည့်တည့်ကို နှစ်လက်မ လောက် ဓါးနဲ့ခွဲပါ။
(ပင်ပျိုအသေးအကြီးပေါ်မူတည်ပြီး ပျိုးပင်ငုတ်တိုကိုခွဲပါ)
4) အသီးသီးနေတဲ့ အပင်အရင့်က ကိုင်းဖျားကို ဖြတ်ယူပါ။(ပျိုးပင်ငှတ်တိုင်လုံးပတ်နဲ့အရွယ်တူတဲ့ ကိုင်းဖျားကို ယူပါ)5) ပင်ရင့်ကိုင်းဖျား ဖြတ်ထားနေရာကို V ပုံစံ တူရွင်းပြားလို ချွန်ပါ။
6) ပျိုးပင်ငုတ်တို ဓါးနဲ့ခွဲထားတဲ့နေရာမှာထိုးသွင်းပါ။7) အဲ့အဆက်နေရာကို ပတ်တီးစီးသလို ပလပ်စတစ်နဲ့စည်းပါ။ (ပလပ်စတိအိတ်အကြည်ကို ပတ်တီးပုံစုံဖြတ်ပြီးစည်းပါ)
8) ဆက်ရာအောက်နားအထိ ပလပ်စတစ်အိတ်စွတ်ပြီး အဝကို ချည်ထားပါ။(အဆက်နေရာကို ပိုးမဝင်အောင်နဲ့ အစိုဓါတ်ကိုထိန်းထားဖို့ဖြစ်ပါတယ်)
9) အရိပ်မှာ ထားပါ၊ 45 ရက်လောက်အကြာမှာ ဆက်ရာလည်း စေ့လာလိမ့်မယ်၊ ရွက်နုထွက်လာမယ့်မယ်၊ အဲ့ဒီအခါမှာ စွတ်ထားတဲ့ ပလပ်စတစ်အိတ်ကို ဖယ်ရှားလိုက်ပါ။
10) နေရောင်မပြင်းတဲ့နေရာမှာ ဆက်လက်ပျိုးထားပါ။11) အပင်သန်မာလာပြီးနောက် စိုက်ခင်းထဲကို ပြောင်းစိုက်နိုင်ပါပြီ။
ကိုင်းကူးရန်အသင့်တော်ဆုံးကာလ။
အဖူးကိုင်းနှင့် အောက်ခံပင်နိုးကြားတဲ့ကာလတွေဖြစ်တဲ့ မေလ မှ အောက်တိုဘာလအတွင်းနဲ့ ဇူလိုင်လ မှ မတ်လအတွင်းကိုင်းကူးတာအကောင်းဆုံးဖြစ်မှာပါခင်ဗျာ။
မှတ်ချက်။ ။ကိုင်းကူးပင်များအမြန်အသီးရသည်မှန်သော်မှာလည်း အစေ့စိုက် အပင်များကဲ့သို့သက်တမ်းကြာရှည်ခြင်းမရှိကြောင်းကိုမူ အားနည်းချက်အနေဖြင့်တွေ့ရသည်။ သို့သော်ဝင်ငွေ လျှင်မြန်စွာရသည်။
<
နောက်အားနည်းချက်အနေဖြင့် ရောဂါဓါတ် ခံနိုင်ရည်အားနည်းသည်။ကိုင်းကူးအောက်ခံပင်အား စိတ်ကြိုက်ရွေးချယ်နိုင်သဖြင့် အစေ့စိုက် ထက်အသီးတင်အားကောင်းသည်။
အသီးတင်အားကောင်းသလို မြေသြဇာလည်းနိုင်နိုင်ထည့်သွင်းပေးရမည်။အောက်ခံအရိုင်းပင်များတွင် အကောင်းဆုံး အကြမ်းပင်များမှာရင်ကွဲ/ဖိုးထော်/အောင်ဒင်/ဗျက် တို့ဖြစ်ပါသည်။
Credit; Ye Naing Win စံပြတောင်သူကြီး၊(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ခင်ဗျာ ))))မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners
Zawgyi Version
ဝင္ေငြ အျမန္ရေစဖို႔ သရက္သီး အျမန္သီးေအာင္ စိုက္ပ်ိဳးနည္း။
1) သရက္အေစ့ကို ပလပ္စတိတ္အိပ္မွာ အရင္ပ်ိဳးပါ။2) 45 ရက္ေလာက္အၾကာပ်ိဳးပင္ကို ပုံကအတိုင္း ျဖတ္ပါ။3) ပ်ိဳးပင္ငုတ္တို အလည္တည့္တည့္ကို ႏွစ္လက္မ ေလာက္ ဓါးနဲ႔ခြဲပါ။
(ပင္ပ်ိဳအေသးအႀကီးေပၚမူတည္ၿပီး ပ်ိဳးပင္ငုတ္တိုကိုခြဲပါ)
4) အသီးသီးေနတဲ့ အပင္အရင့္က ကိုင္းဖ်ားကို ျဖတ္ယူပါ။(ပ်ိဳးပင္ငွတ္တိုင္လုံးပတ္နဲ႔အ႐ြယ္တူတဲ့ ကိုင္းဖ်ားကို ယူပါ)5) ပင္ရင့္ကိုင္းဖ်ား ျဖတ္ထားေနရာကို V ပုံစံ တူ႐ြင္းျပားလို ခြၽန္ပါ။
6) ပ်ိဳးပင္ငုတ္တို ဓါးနဲ႔ခြဲထားတဲ့ေနရာမွာထိုးသြင္းပါ။7) အဲ့အဆက္ေနရာကို ပတ္တီးစီးသလို ပလပ္စတစ္နဲ႔စည္းပါ။ (ပလပ္စတိအိတ္အၾကည္ကို ပတ္တီးပုံစုံျဖတ္ၿပီးစည္းပါ)
8) ဆက္ရာေအာက္နားအထိ ပလပ္စတစ္အိတ္စြတ္ၿပီး အဝကို ခ်ည္ထားပါ။(အဆက္ေနရာကို ပိုးမဝင္ေအာင္နဲ႔ အစိုဓါတ္ကိုထိန္းထားဖို႔ျဖစ္ပါတယ္)
9) အရိပ္မွာ ထားပါ၊ 45 ရက္ေလာက္အၾကာမွာ ဆက္ရာလည္း ေစ့လာလိမ့္မယ္၊ ႐ြက္ႏုထြက္လာမယ့္မယ္၊ အဲ့ဒီအခါမွာ စြတ္ထားတဲ့ ပလပ္စတစ္အိတ္ကို ဖယ္ရွားလိုက္ပါ။
10) ေနေရာင္မျပင္းတဲ့ေနရာမွာ ဆက္လက္ပ်ိဳးထားပါ။11) အပင္သန္မာလာၿပီးေနာက္ စိုက္ခင္းထဲကို ေျပာင္းစိုက္ႏိုင္ပါၿပီ။
ကိုင္းကူးရန္အသင့္ေတာ္ဆုံးကာလ။
အဖူးကိုင္းႏွင့္ ေအာက္ခံပင္ႏိုးၾကားတဲ့ကာလေတြျဖစ္တဲ့ ေမလ မွ ေအာက္တိုဘာလအတြင္းနဲ႔ ဇူလိုင္လ မွ မတ္လအတြင္းကိုင္းကူးတာအေကာင္းဆုံးျဖစ္မွာပါခင္ဗ်ာ။
မွတ္ခ်က္။ ။ကိုင္းကူးပင္မ်ားအျမန္အသီးရသည္မွန္ေသာ္မွာလည္း အေစ့စိုက္ အပင္မ်ားကဲ့သို႔သက္တမ္းၾကာရွည္ျခင္းမရွိေၾကာင္းကိုမူ အားနည္းခ်က္အေနျဖင့္ေတြ႕ရသည္။ သို႔ေသာ္ဝင္ေငြ လွ်င္ျမန္စြာရသည္။
<
ေနာက္အားနည္းခ်က္အေနျဖင့္ ေရာဂါဓါတ္ ခံႏိုင္ရည္အားနည္းသည္။ကိုင္းကူးေအာက္ခံပင္အား စိတ္ႀကိဳက္ေ႐ြးခ်ယ္ႏိုင္သျဖင့္ အေစ့စိုက္ ထက္အသီးတင္အားေကာင္းသည္။
အသီးတင္အားေကာင္းသလို ေျမၾသဇာလည္းႏိုင္ႏိုင္ထည့္သြင္းေပးရမည္။ေအာက္ခံအ႐ိုင္းပင္မ်ားတြင္ အေကာင္းဆုံး အၾကမ္းပင္မ်ားမွာရင္ကြဲ/ဖိုးေထာ္/ေအာင္ဒင္/ဗ်က္ တို႔ျဖစ္ပါသည္။
Credit; Ye Naing Win စံျပေတာင္သူႀကီး၊(((( ဒီ Post ေလးက အသုံးဝင္တယ္ ဆိုရင္Share တစ္ခ်က္ လုပ္ၿပီး မွ်ေဝေပးလိုက္ပါ ခင္ဗ်ာ ))))မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။
Photo Credit to Owners