အိမ်စားယုံမက စီးပွားဖြစ်ပါ လုပ်ရောင်းနိုင်တဲ့ မြေပဲယို ၊ နှမ်းယို ပြုလုပ်နည်း
|အခုအချိန်မှာ လူတိုင်း အလုပ်တွေ ခက်ခဲ အဆင်မပြေကြတော့ .. အိမ်မှာ တပိုင်တစ်နိုင် လုပ်နိုင်မယ့် မြေပဲယို လုပ်နည်းလေးပါ။လွယ်လွယ်ကူကူ Home made မြေပဲယိုနှင့်နှမ်းယိုလုပ်နည်း လေး ပြောပြပေးပါမယ်။
မြေပဲယိုနှင့်နှမ်းယိုများကို မိမိတို့အိမ်မှာ လုပ်စားကြည့်မယ်နော်။အရမ်းလွယ်ကူရိုးရှင်းတဲ့အတွက်လုပ်စားလို့လည်းအဆင်ပြေမယ်ထင်ပါတယ်ရှင့်။
ပါဝင်ပစ္စည်းများ
မြေပဲဆံ နို့ဆီဗူး၁ခွက်(သို့)နှမ်းနို့ဆီဗူး၁ခွက် ၊ ထန်းညက်၇လုံး၊ကြံသကာ၃ချောင်း(အချိုကြိုက်ပါက ပိုထည့်နိုင်ပါတယ်) ၊ ရေဆန်ချိန်ခွက်၁ခွက် ၊ ဆားလက်ဖက်စားဇွန်း၁/၄ ပုံ ။
ပြုလုပ်နည်း
မြေပဲဆံ(သို့)နှမ်းကိုလှော်ထားပါ။မြေပဲဆံဆိုအခွံချွတ်ထားပေးပါ။အိုးထဲရေထည့်ပြီးထန်းညက်ကိုညောင်စေးကြအောင်ကြိုပါ။
ထန်းညက်ရည်စေးလာရင်မြေပဲဆံ(သို့)နှမ်းထည့်ပါ။ဗန်းတစ်ချပ်ကိုပဲဆီသုတ်ပြီးမြေပဲ(သို့)နှမ်းကြိုထာတာလောင်းထည့်ပါ။မြေပဲအပေါ်မှ နှမ်းလေးဖြူးပေးလည်းရပါတယ်။
ခဏအအေးခံ ဓားရာပေးပြီးဆက်ပြီးအအေးခံပေးပါမယ်။အေးခဲသွားပြီဆိုဆိုရင်မြေပဲယိုလေးစားရန်အသင့်ဖြစ်ပါပြီ။
(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။
Photo Credit to Owners
Zawgyi Version
ပါဝင်ပစ္စည်းများ
ပြုလုပ်နည်း
Photo Credit to Owners